Friday, November 1, 2013

ထောက်လှမ်းရေးပစ္စည်း တပ်ဆင်မှုနဲ့ သြစီသံအမတ်ကို အင်ဒိုဆင့်ခေါ်

0 comments


1.11.2013

အမေရိကန်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေကို သြစတြေးလျသံရုံးကနေတဆင့် အသုံးပြုတယ်ဆိုတဲ့ သတင်းတွေကြောင့် အင်ဒိုးနီးရှားအစိုးရက အမျက်ဒေါသထွက် နေပြီး ဂျာကာတာ မြို့တော်မှာ ရှိတဲ့ သြစတြေးလျ သံအမတ် Greg Moriarty ကို တရားဝင် ဖြေရှင်းချက်ပေး
ဖို့ ဆင့်ခေါ် လိုက်ပါတယ်။

အခုသတင်းတွေရဲ့ ဖော်ပြချက်အတိုင်းသာဆိုရင် ဒီလုပ်ရပ်ဟာ မိတ်ဖက်နိုင်ငံများဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု မရှိသလို ကြီးမားတဲ့ လုံခြုံရေးနဲ့ သံတမန်ရေးဆိုင်ရာ ချိုးဖောက်မှု တွေ ဖြစ်တဲ့အတွက် လက်ခံနိုင်စရာ အကြောင်း မရှိဘူးလို့ အင်ဒိုနီးရှား အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သြစတြေးလျနိုင်ငံဟာ ဂျာကာတာနဲ့ ဘာလီမှာ ရှိတဲ့ သံရုံးတွေကနေတဆင့် သူလျှိုလုပ်ငန်းတွေကို လုပ်ဆောင်တယ်ဆိုပြီး Fairfax မီဒီယာက ထုတ်ဖော်လိုက်တဲ့ နောက်ပိုင်း အခုလို ဒေါသတကြီး တုန့်ပြန်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီဖော်ပြချက်ထဲမှာသူလျှိုလုပ်ငန်းတွေဟာအကြမ်းဖက်မှုနဲ့လူကုန်ကူးမှုတွေကို စောင့်ကြည့်ပေမယ့် နိုင်ငံရေးရာ၊ သံတမန်ရေးရာနဲ့ စီးပွားရေးရာ အထူးလျှို့ဝှက်ချက်တွေကို အဓိကထားစောင့်ကြည့်ခဲ့တယ်လို့ Fairfax မီဒီယာ အသင်းက ဖော်ပြလိုက်ပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်တဲ့ တခြား အကြောင်းတခုကတော့ အခွင့်အာဏာရှိတဲ့ အစိုးရတွေကို သံရေးတမန်ရေး စုံညီဆွေးနွေးဖို့ သြစတြေးလျနိုင်င်ငံခြားရေးရုံးက ဖိတ်ခေါ်လိုက်ပါတယ်။

သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဒေသတွင်းမှာ စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု တူညီတဲ့မိတ်ဖက်နိုင်ငံတွေ ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ABC

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here