Friday, November 15, 2013

OIC အဖွဲ့ ရခိုင်ခရီးစဉ်နေရာများ ပြည်နယ်အစိုးရထံ အသိပေးမထားဟုဆို

0 comments

15.11.2013


အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် နိုဝင်ဘာ ၁၅ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက် မည်ဖြစ် သော်လည်း ခရီးစဉ်အသေးစိတ်ကို ပြည်နယ်အစိုးရသို့ ကြိုတင်အကြောင်းကြားထားခြင်း မရှိသေးဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်က မဇ္ဈိမကို ပြော ကြားလိုက်သည်

OIC သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၃ ရက်က စတင်ရောက်ရှိပြီး နေပြည်တော်တွင် နိုင်ငံခြားရေးဝန် ကြီးနှင့် တွေ့ဆုံကာ နိုဝင်ဘာ ၁၄ တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ၁၅ ရက် တွင် ရခိုင်ပြည်နယ်သို့ သွားရောက် မည်ဖြစ်သည်။“လာမှာ သေချာပါတယ်။ ဘယ်တွေကို သွားမယ်ဆိုတာ၊ မသိသေးပါဘူး။ သူတို့လာမှာ ကျွန်တော်တို့က လိုအပ်သလို ဆောင်ရွက်ပေးရမှာပါ။ ပြည်နယ်အစိုးရနဲ့ သီးခြားတွေ့ဆုံဖို့ အစီအစဉ်မရှိပါဘူး”ဟု ဦးဝင်း မြိုင်က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်ဒေသခံများအနေဖြင့် စစ်တွေမြို့အပါအ၀င် မြို့နယ်အများစုတွင် ယင်းနေ့နံနက်ပိုင်း၌ တစ်ပြိုင်နက်တည်း ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည်ဟု ရခိုင်ဒေသခံများက ဆိုသည်။“နံနက် ၉ နာရီက နေ့လယ် ၁၂ နာရီအထိ ခွင့်ပြုချက်ရပေမယ့် တစ်ရက်လုံးနီးပါးလောက် လေဆိပ်မှာ စုဝေးဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်ထားပါတယ်”ဟု စစ်တွေမြို့ ဆန္ဒထုတ် ဖော်ရေးခေါင်းဆောင် ဦးမောင်နု က ပြောသည်။အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လာရောက်မည့် နေ့တွင် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်စလုံးတွင် ဆန္ဒထုတ်ဖော်ခွင့် တင်ထားသော်လည်း မြို့နယ်နှစ်ခုသာ ဆန္ဒထုတ် ဖော်ခွင့် ရရှိခဲ့သည်။

“စစ်တွေနှင့် ကျောက်ဖြူမြို့များတွင် ၁၅ ရက်အတွက် ဆန္ဒပြခွင့်ရရှိပြီးဖြစ်ပါပြီ”ဟု ကျောက်ဖြူလူမှုကွန် ရက်မှ ဦးထွန်းထွန်းနိုင်က ပြောသည်။ အလားတူပင် မြောက်ဦး၊ ကျော်တော်၊ ပေါက်တောနှင့် အမ်းမြို့ များတွင် နိုဝင်ဘာ ၁၆ ရက်တွင်သာ ဆန္ဒထုတ်ဖော်ခွင့်ပြုထားသည်ဟု ကျောက်ဖြူလူမှုကွန်ရက်မှ ၎င်း က ဆိုသည်။OIC ကို အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့ ရွှေတိဂုံစေတီနှင့် အင်းစိန်မြို့နယ်တို့တွင်လည်း ဆန္ဒထုတ်ဖော်ခဲ့ပြီး မိတ်္ထီလာမြို့နယ်တွင်လည်း ဆန္ဒထုတ်ဖော် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သေးသည်။နိုဝင်ဘာ ၁၂ ရက်က အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲလ်သည် ဒေသတွင်း ဒုက္ခသည်များကို လေ့လာရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here