Monday, November 11, 2013

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အူရီးဒူးကုမ္ပဏီပံ့ပိုးမည်

0 comments
ပီအက်စ်ဂျီကဲ့သို့ ထိပ်သီးကလပ်များနှင့် မြန်မာလူငယ်များတွဲဖက်လေ့ကျင့်နိုင်မည့် အခွင့်အရေး ဖန်တီးပေးမည်ဟုဆို

လာမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကို မိုဘိုင်းလ်ဆက်သွယ်ရေးကုမ္ပဏီ မြန်မာအူရီးဒူးက တရားဝင်ပံ့ပိုးသွား မည်ဖြစ်ကြောင်း သိရသည် ။ မြန်မာနိုင်ငံ၏ အားကစား ကဏ္ဍများနှင့် အားကစားသမားကောင်းစိတ်ဓာတ် များတိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်း စဉ်များတွင်အဓိက ပံ့ပိုးသွားမည်ဖြစ်ကြောင်း အူရီးဒူးကထုတ်ပြန် သည့်သတင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ ဘောလုံးအားကစားသည် မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး အားကစားနည်းဖြစ်သဖြင့် မြန်မာဘောလုံးလောက တိုးတက်လာစေရေး အတွက် သာမန်လူထုထဲမှ အရည်အချင်းရှိသည့် လူငယ်များကို ဘောလုံးအကျော်အမော်များဖြစ် လာစေရန်ရည်ရွယ်၍ နိုင်ငံတကာမှ နာမည်ကြီး ဘောလုံးအားကစားသမားများကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်လာပြီး လေ့ကျင့်ပေးသွားမည့် အစီအစဉ် များကို အူရီးဒူးက ပြုလုပ်ပေးသွားမည်ဖြစ်သည်။

အူရီးဒူးကုမ္ပဏီသည် ပီအက်စ်ဂျီအသင်းကို အဓိကပံ့ပိုးပေးကြောင်း မကြာသေးမီကကြေညာ ခဲ့ပြီးအူရီးဒူး ၏ ဆက်သွယ်ရေးလုပ်ငန်းများလည် ပတ်ရာအရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက တိုက်မြောက်ပိုင်းနှင့် အရှေ့ တောင်အာရှ ဒေသ များတွင် အူရီးဒူးနှင့် ပီအက်စ်ဂျီအသင်းတို့သည် လူထုအကျိုးပြု လုပ်ငန်းများအဖြစ် လူထုပညာပေး အစီအစဉ်များအပြင်ကလေးများအတွက်ဘောလုံး လေ့ကျင့်ရေး စခန်းများထားရှိမည့် အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်သည်။ လူငယ်များသည် ထိုလေ့ကျင့်ရေး စခန်းများတွင် လေ့ကျင့်သင်ယူ ခြင်းဖြင့် ကမ္ဘာ့ဘောလုံးလောကနှင့် နီးစပ်ရန် အခွင့်အလမ်းများစွာ ရရှိစေရန် ရည်ရွယ်သည်ဟု ဆိုသည်။ ထို့အပြင် အူရီးဒူးနှင့်ပီအက်စ်ဂျီအသင်း တို့သည် ကျွမ်းကျင်သော နည်းပြများကို ဖိတ်ခေါ် လာ ကာဖွံ့ဖြိုးဆဲဒေသများမှ ဘဝအခွင့်အလမ်း များစွာမရရှိသေးသော ကလေးများကို အဓိက ထားပံ့ပိုး လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် ရော့စ်ကော်မက်က ''မြန်မာနိုင်ငံမှာ အားကစား ကဏ္ဍတွေနဲ့ အားကစားသမားကောင်းစိတ်ဓာတ် တွေ တိုးတက်ဖွံ့ဖြိုးဖို့အတွက် အူရီးဒူးက တစိုက် မတ်မတ် ပံ့ပိုးသွားပါမယ်။ ကျွန်တော်တို့အနေနဲ့ အားကစားရေးရာတွေအပြင် လူမှုရေးရာတွေမှာ ပါဝင် ပတ်သက်တာ ဟာ အားကစားလှုပ်ရှားမှု တွေကို စိတ်အားထက်သန်ကြောင်းပြချင်တာ ရော၊ ပြီးတော့ ဒီအားကစားတွေမှာကပ်ပါလာတဲ့ လူထုရဲ့ မျိုးချစ်စိတ်နဲ့လူမှုရေးရာတွေမှာ ပါဝင်ပတ်သက် ကူညီချင်စိတ်တွေ ကိုနှိုးဆွပေးချင်လို့ ဖြစ်ပါတယ်''ဟုပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်ထောက် ပြန်ကြားရေးတာဝန်ခံ ဦးဇော်မင်းထိုက်ကလည်း ''ဘောလုံး မှာ ပြင်ပကနေပြီး ဝိုင်းဝန်းပံ့ပိုးပေးတဲ့ စပွန်ဆာတွေမရှိလို့ရှိရင် အောင်မြင်ဖို့အရမ်းခက်ခဲ ပါလိမ့်မယ်။
စပွန်ဆာတွေရှိမှ ဘောလုံးပွဲတွေ၊ ဘောလုံးလူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပို ကောင်းအောင် လုပ်လို့ရ မယ်။ အခုလိုပူးပေါင်း လာတာကို ကြိုဆိုပါတယ်။

ဘယ်စီးပွားရေး လုပ်ငန်းပဲဖြစ်ဖြစ် ဘောလုံးနဲ့ပတ်သက်ပြီးတော့ ပံ့ပိုးကူညီမယ်၊ ပူးပေါင်းပါဝင်မယ်ဆိုရင် အစ်ကို တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ နောက်ပြီး ဒီဟာက လူငယ်စီမံကိန်းတွေအတွက်၊ ဒီဟာပိုပြီးတော့ ကောင်းတဲ့အတွက် ဝမ်းသာ စရာသတင်းပါပဲလို့ပြောချင်ပါတယ်''ဟုပြော ခဲ့သည်။

The Union Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here