Monday, November 11, 2013

ဆော်ဒီရဲတပ်ဖွဲ့နှင့် တရားမ၀င်အလုပ်သမားအများအကြား ပြင်းထန်သည့် အဓိကရုဏ်းဖြစ်

0 comments

ဆော်ဒီအာရေးဗီးယာနိုင်ငံမှ ဆင်းရဲသားများအများစု နေထိုင်ရာ ရီယာ့ဒ်ခရိုင်တွင် တရားမ၀င် အလုပ် သမားများ၊ နိုင်ငံခြားသားများနှင့်ဆော်ဒီရဲတပ်ဖွဲ့ဝင်များအကြား ပြင်းထန်သည့်အဓိက ရုဏ်းကြောင့် နှစ် ဦးသေ ဆုံးပြီး လူပေါင်း ၆၀ကျော် ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများအနက် တစ်ဦးသည် ဆော်ဒီနိုင်ငံသားဖြစ်ပြီး ကျန်တစ်ဦးမှာ မည်သူမည်ဝါဟု အတိ အကျ ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း ဆော်ဒီရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၀ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ယခုအဓိကရုဏ်းသည် လွန်ခဲ့သော တစ်ပတ်က လူပေါင်း ထောင်ချီ အထိန်းသိမ်းခံခဲ့ရသော ပြည်ဝင်ခွင့် ဗီဇာမဲ့သူများ ရှာဖွေဖော်ထုတ်သည့် စီမံချက် စတင်ပြီးနောက်ပိုင်း ဖြစ်ပွားလာသော အဓိကရုဏ်းဖြစ် သည်။

နိုဝင်ဘာ ၉ရက်က မန်ဖူဟာမြို့တွင် ဖြစ်ပွားသည့် အဓိကရုဏ်းတွင် ရဲများက အစပိုင်းတွင် လူစုခွဲစေ ရန် သေနတ်များကို မိုးပေါ်သို့ ထောင်၍ပစ်ခတ်ခဲ့ပြီးနောက် လက်ကိုင်တုတ်များသုံးကာ ရိုက်နှက် နှိမ်နှင်း ခဲ့ကြောင်း၊ ဆန့်ကျင်သူများကလည်း ရဲများ ၊ ကားများ ကို ကျောက် ခဲနှင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ လုံခြုံရေးတပ်ဖွဲ့ဝင် များက ဒဏ်ရာရသူ ၆၈ဦးနှင့် လူပေါင်း ၅၆၁ဦးကို ထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန် ကြေညာသည်။

အဓိကရုဏ်းတွင် ပါဝင်ခဲ့သော တရားမ၀င် အလုပ်သမား အများစုမှာ အာဖရိကနွယ်ဖွားများ ဖြစ်ကြသည်။

ဆော်ဒီတို့၏ ၀တ်စုံများ ၀တ်ထားသော ဆော်ဒီနိုင်ငံသားဟု ယူဆရသူများက ဓားများ၊ သံတုတ်များ စွဲကိုင်ကာ သူတို့၏ ပိုင်ဆိုင်မှုများ မပျက်စီးရေးအတွက် အစွမ်းကုန် ကာကွယ်ခဲ့ကြသည်။

ဆော်ဒီသည် ယခုနှစ်မှစတင်ကာ တရားမ၀င်အလုပ်သမားများကို အရေးယူမှုများ အင်တိုက်အားတိုက် လုပ်ဆောင် လာခဲ့သည်။

တရားမ၀င် လူကုန်ကူးမှုနှင့် အဖိုးအခသက်သာသော အလုပ်သမားရှာဖွေမျှုားက ကန့်သတ် ရခြင်းမှာ ဆောဒီနိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးပွာလာ ရန်နှင့် နိုင်ငံခြား တိုင်းပြည်များသို့ မလိုလားအပ်သော ငွေယိုပေါက်များကို ပိတ်နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

Ref: Reuters

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here