Tuesday, November 5, 2013

ထိုင်းရောက် မြန်မာ အလုပ်သမား များ၏ ပြသနာကို မြန်မာသံ အရာရှိ ၀ိုင်းဝန်းဖြေရှင်း

0 comments
 ပြသနာ ဖြေရှင်းရန် ရောက်ရှိ လာသော ပြသနာ ဖြေရှင်းရန် ရောက်ရှိ လာသော အရှင် ဇောတိက
Tuesday, 05 November 2013
 ရွှေဟင်္သာ သတင်းဌာန

ဗန်ကောက်မြို့မှ မြန်မာ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင် သည် နိုဝင်ဘာ (၃) ရက်နေ့က ဖြစ်ပွားသော ထိုင်းနိုင်ငံ စမုတ်ပရာကန် ခရိုင်၊ ဘန်းဖီ မြို့နယ်ရှိ Summit Foot Wear, Co.Ltd ၊ Aerosoft ဖိနပ်စက်ရုံမှ မြန်မာ အမျိုးသမီး တစ်ဦး၏ မုဒိန်း ကြံစည်မှု ပြသနာအား အချိန်မီ သွားရောက် တားဆီး နိုင်ခဲ့သည်ဟု ၄င်းက ဆိုပါသည်။

“မှုခင်းအရ အဲဒီညနေမှာဘဲ ဘန်ဖီ ရဲစခန်းကို တိုင်ခဲ့တယ်။ ကာယကံရှင် အမျိုးသမီးလေး ကို (၄) ရက်နေ့မှာ ထပ်စစ် ပြီးတော့ ရရှိထားတဲ့ အချက် အလက်တွေနဲ့ အဲဒီကြံစည်တဲ့ ထိုင်း အမျိုးသားကို တရားစွဲသွားမှာ ဖြစ်ပါတယ်။” ဟုဆိုပါ သည်။

မုဒိန်း ကြံစည်သူ ထိုင်း အမျိုးသားအား အခင်းဖြစ်ပွားသည့် ညမှာပင် ဖမ်းဆီးနိုင်ခဲ့ပြီး၊ ဘန်ဖီ ရဲစခန်းတွင် ချုပ်နှောင် ထား ပါသည်။

ယင်းမုဒိန်း ကြံစည်မှုသည် စက်ရုံ စာရေးမ၏ ယောက်ျား ဖြစ်သူမှ နိုဝင်ဘာ (၃) ရက်နေ့ညနေ (၅) နာရီ ခွဲခန့်တွင် မြန်မာ အမျိုးသမီးလေး ၏ စေ့ထားသော တံခါးမှ အခန်းတွင်းသို့ ၀င်၍ မုဒိန်းကျင့်ရန် ကြိုးပမ်းခြင်း ပင်ဖြစ်ပါသည်။ မြန်မာ အမျိုးသမီးလေး သည် ၄င်းအား တွန်းထုတ်ပြီး အနီးရှိ မြန်မာ အခန်းထဲ သို့ ပြေးဝင် အကူအညီ တောင်းခံခဲ့ပါသည်။

ဤသို့ကြောင့် ထိုဖြစ်ရပ်ကို မကျေနပ်သည့် မြန်မာနိုင်ငံသား အလုပ်သမား (၈၀၀) ခန့်သည် ဖိနပ် စက်ရုံ ရှေ့သို့ ည (၈) နာရီတွင် စုဝေးကြပြီး ထိုကြံစည်သူ ထိုင်း အမျိုးသားအား အရေးယူ ပေးရန် တောင်းဆိုခဲ့ ကြသည်။ တချိန်ထဲတွင် စက်ရုံရုံးခန်းရှိ TV ပရိဘောဂများ ရိုက်ချိုး ဖျက်ဆီးမှု ဖြစ်ပွားခဲ့ပါသည်။

ဤသို့သော ပြသနာကြောင့် မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင် အပါဝင် စမုတ်ဆာခွန် ခရိုင် အခြေစိုက် မြန်မာ့ ရွှေ့ပြောင်း အလုပ်သမား များအတွက် အခွင့်အရေး ကွန်ယက်အဖွဲ့မှ တာဝန်ရှိ သူများနှင့် အောင်သပြေ ကျောင်းဆရာတော် အ ရှင်ဇောတိက တို့မှသွားရောက် ဖြန်ဖြေ ပေးခဲ့ကြပါသည်။

“သူတို့အလွန် ကနေ ကိုယ့်အလွန် ဖြစ်သွားမှာ ကြောက်ရတယ်၊ အဲကြောင့် အဲဒီအရေးယူမှု အပိုင်းကို သံရုံးက ဆက်လက် လုပ်ဆောင် သွားမယ်။ အလုပ်သမားတွေ အနေနဲ့ ကျေနပ်ကြဖို့ ဘုန်းဘုန်း တို့က မေတ္တာရပ်ခံ ရတာ ပေါ့” ဟု မိန့်ကြားခဲ့ပါသည်။

ဤကဲ့သို့သော ဖြစ်စဉ်မျိုး မကြာခဏ ဖြစ်ပွားခဲ့ပြီး ဖြစ်ပွား လေတိုင်းတွင်လည်း အရေးယူခြင်း မခံရသဖြင့် အလုပ်သမား များက မကြေမနပ်နှင့် ပေါက်ကွဲ နေ ကြခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ တကယ် အရေးယူပေးပါက နောင်တွင်လည်း ပြစ်မှုနည်း သွားမည်ဖြစ် သလို မှုခင်းများတွင် နှစ်နိုင်ငံ အစိုးရမှ ပါဝင် ဖြေရှင်း ပေးနိုင်ရန်လည်း လိုအပ်လှသည် ဟု အမည်မဖေါ်လို သည့် စက်ရုံ အလုပ်သမား တဦးက တောင်းဆိုသွား ပါသည်။

ဤသို့ကြောင့် ယခုအမှုတွင် လည်း ယခင် အမှုများကဲ့သို့ အရေးယူ အပြစ်ပေးခြင်း မရှိဘဲအမှု ရပ်သွားမှာကို စိုးရိမ် နေကြပါသည်။

ယင်းဖိနပ် စက်ရုံတွင် မြန်မာ နိုင်ငံသား အလုပ်သမား (၃၀၀၀) ခန့်အလုပ်လုပ်ကိုင် လျက်ရှိပြီး စမုတ်ပရာကန် ခရိုင် သည် မြန်မာနိုင်ငံသား အလုပ်သမားများ ထူထပ်သည့် ခရိုင်တစ်ခု ဖြစ်သလို အများစုမှာ ရေလုပ်ငန်း၊ စက်ရုံ အလုပ် ရုံများ၊ ဆားလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် အရောင်းအဝယ် လုပ်ငန်းများ၌ လုပ်ကိုင်လျက် ရှိကြပါသည်။


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here