Monday, November 18, 2013

လှည်းကူးမြို့နယ်တွင် လမ်းဖြတ်ကူးသူအား ယာဉ်တိုက်မိ သေဆုံး

0 comments
18.11.2013

၁၈.၁၁.၂၀၁၃ရက်နေ့ ၀၅၃၀အချိန် ရန်ကုန်-ပဲခူးလမ်းအတိုင်း ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ ယာဉ်မောင်း အောင်လွင် (ဘ)ဦးကိုကိုအေး၊ ဗဟိုရ်စည်အိမ်ယာ၊ လမ်းမတော်မြို့နယ်နေ သူ မောင်းနှင် လာသော ယာဉ် အမှတ် ၈ဈ/----HIACE အမျိုးအစားအညိုရောင်ကိုယ်ပိုင်ယာဉ်သည် ဇရပ်ကွင်းကျေးရွာ၊ ရန်ကုန်- ပဲခူးလမ်းနှင့် အမှတ်(၂)လမ်းဆုံအရောက်၌ ၀ဲဘက်ယာဉ်ကြောမှ လမ်းဖြတ်ကူးသူ ဦးမြကြိုင် (၆၇)နှစ်၊ (ဘ)ဦးမာဒင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူအား ယာဉ်၏၀ဲဘက်နောက်ကြည့် မှန်ဖြင့် ပွတ်တိုက်မိရာ ဦးမြကြိုင်တွင် ၀ဲလက်ခုံပွန်း၊ ၀ဲနားထင်ပေါက်ပြဲ၊ ပါစပ်းနှင့်နှာခေါင်းသွေးထွက် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်သေဆုံးမှုကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူအောင်လွင်အား လှည်ကူးမြို့မ ရဲစခန်း ယာဉ် (ပ)၆၇/၂၀၁၃၊ ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here