Friday, November 1, 2013

အစ္စရေးက ဆီးရီးယားလေတပ်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း သတင်းများဖော်ပြ

0 comments

Friday, November 1, 2013

ဆီးရီးယားမြောက်ပိုင်း လက်တာကီယာပြည်နယ်ရှိ လေတပ်အခြေစိုက်စခန်းအား အစ္စရေးက တိုက်ခိုက် ခဲ့ကြောင်း အယ်လ် အာရေဗီးယား ရုပ်မြင်သံကြားသတင်းဌာနက ကြာသပတေးနေ့တွင် ပြောကြား

အစ္စရေးစစ်တပ်သည် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာပြောက်ကျားအုပ်စုထံ ဒုံးကျည်များတင်ပို့ရန် စီစဉ်နေသော ဆီးရီးယားလေတပ်စခန်းတစ်ခုအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သတင်းများ က ဖော်ပြသည်။ ဆီးရီးယားမြောက်ပိုင်း လက်တာကီယာပြည်နယ်ရှိ လေတပ်အခြေစိုက်စခန်းအား အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း အယ်လ် အာရေဗီးယား ရုပ်မြင်သံကြားသတင်းဌာနက ကြာသပတေးနေ့ တွင် ပြောကြားသည်။ အမေရိကန် တာဝန်ရှိသူတစ်ဦးကလည်း အစ္စရေး၏ တိုက်ခိုက်မှုကို AFP သို့ အတည်ပြုခဲ့သော်လည်း တိုက်ခိုက်မှုအသေးစိတ် အချက်အလက်ကိုမူ ပြောကြားခြင်း မရှိချေ။

ဆီးရီးယားလေတပ်စခန်းအား အစ္စရေး၏တိုက်ခိုက်မှုမှာ သမ္မတအာဆတ်၏ မဟာမိတ်ဖြစ်သော ဟစ်ဇ်ဘိုလာတို့ထံ ဒုံးကျည်များ လွှဲပြောင်းပေးမည့် အစီအစဉ်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူကဆိုသည်။ ဆီးရီးယားမြောက်ပိုင်း လက်တာကီယာရှိ လေတပ်စခန်းအား အစ္စရေးစစ်တပ်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်ပြသော သတင်းရင်းမြစ်ကို ကိုးကား၍ ဒူဘိုင်းအခြေစိုက် အယ်လ် အာရေဗီးယား သတင်းဌာနက ပြောကြားသည်။ ယခုတိုက်ခိုက်မှုမှာ ဆီးရီးယားက မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များအား ဟစ်ဇ်ဘိုလာတို့ထံ လွှဲပြောင်းပေးမှုကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်းလည်း အဆိုပါ သတင်းဌာနကဆိုသည်။

အစ္စရေးသတင်းဌာနများကလည်း အယ်လ် အာရေဗီးယားကို ကိုးကား၍ တိုက်ခိုက်မှုသတင်းကို ဖော်ပြခဲ့သည်။ အစ္စရေးအစိုးရ တာဝန်ရှိသူအား ယခုတိုက်ခိုက်မှု သတင်းနှင့်ပတ်သက်၍ AFP က ဆက်သွယ်မေးမြန်းရာ မှတ်ချက်တစ်စုံတစ်ရာပေးရန် ငြင်းဆိုခဲ့သည်။ ထိုအတောအတွင်း အစ္စရေးသတင်းဝက်ဘ်ဆိုက် Ynet က လက်ဘနွန်နိုင်ငံမှ MTV သတင်းဌာနကို ကိုးကား၍ ဖော်ပြရာတွင်မူ ဆီးရီးယားလေတပ်စခန်းအား တိုက်ခိုက်မှုတွင် တူရကီက နောက်ကွယ်က ပါဝင်ပတ်သက်ခဲ့ကြောင်း ပြောကြားသည်။ မကြာသေးမီက အဆိုပါဒေသတွင် တူရကီလေယာဉ်တစ်စင်း ပစ်ချခံရမှုအပေါ် လက်တုံ့ပြန်သည့် အနေဖြင့် ထိုသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း Ynet ကဆိုသည်။

သို့သော် အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ CNN က ဖော်ပြရာ၌ ဆီးရီးယားလေတပ်စခန်းအား အစ္စရေးတိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ လက်တာကီယာတွင် ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့ ခေါင်းဆောင်က ပြောကြားသည်။ လက်တာကီယာပြည်နယ် စနုဘာ ဂျက်ဘ်လာဒေသရှိ ဆီးရီးယားလေတပ်စခန်းတွင် ပေါက်ကွဲမှုအများအပြား ဖြစ်ပွားသည့် အသံများကို ကြားခဲ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့ ခေါင်းဆောင် ရာမီ အက်ဘ်ဒဲလ် ရဟ်မာန်က ပြောကြားသည်။ ပြီးခဲသည့် မေလအတွင်းကလည်း အစ္စရေးက ဆီးရီးယားနိုင်ငံအတွင်း ပစ်မှတ်နှစ်နေရာအား လေကြောင်းမှ တိုကခိုက်ခဲ့သည်။ အီရန်နိုင်ငံထုတ် လက်နက်များအား ဟစ်ဇ်ဘိုလာတို့ထံ ပို့ဆောင်ပေးရန် စီစဉ်နေခြင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခင်းဖြစ်ကြောင်း အစ္စရေး ထိပ်တန်းအရာရှိတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။


Planet Myanmar Network

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here