Thursday, November 14, 2013

တစ်ကောင်လျှင် ဒေါ်လာ နှစ်သောင်းကျော်တန် မြင်းများ စင်းလုံးငှား လေယာဉ်ဖြင့် ရောက်ရှိ

0 comments


Thursday, November 14, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲ ပိတ်ပွဲကို ကြည့်ရှုနိုင်မည့် လက်မှတ်နှင့် အားကစားနည်း ၃၂ မျိုးကို ပြိုင်ပွဲ၏ မြင်းစီး ပြိုင်ပွဲတွင် အသုံးပြုရန် သြစတြေးလျ နိုင်ငံမှ မှာယူထားသည့် တစ်ကောင်လျှင် ဒေါ်လာ နှစ်သောင်းကျော် တန်ဖိုးရှိ ပြိုင်မြင်းအကောင်ရေ ၃၀ မှာ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် B-777F စင်းလုံးငှား လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။

“ဒီလို ပြိုင်မြင်းတွေ အများကြီးကို စင်းလုံးငှား လေယာဉ်နဲ့ သယ်လာတာ ဒါပထမဆုံး ဖြစ်မယ် ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။

မြင်းစီး အားကစားနည်းကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ မြင်းပြိုင်ကွင်းတွင် ကျင်းပမည် ဖြစ်သော်လည်း မြင်းများ တင်ဆောင်လာသည့် လေယာဉ်မှာ နေပြည်တော် လေဆိပ်တွင် ဆင်းသက်ရန် မဖြစ်နိုင်ကြောင်း လေယာဉ် ငှားရမ်းသည့် ကုမ္ပဏီက ပြောကြားခဲ့သဖြင့် ရန်ကုန် လေဆိပ်တွင် ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လေယာဉ် ငှားရမ်းခမှာ မြင်း တစ်ကောင်စီ၏ တန်ဖိုးကို လိုက်၍ ပေးဆောင် ရသည့်အတွက် ပြိုင်မြင်း တစ်ကောင်လျှင် အမေရိကန်ဒေါ်လာ နှစ်သောင်းငါးထောင် တန်ကြေး ရှိကြောင်း ၎င်းက ရှင်းပြသည်။

ယင်းမြင်းများကို လေဆိပ်မှ တစ်ဆင့် ကွန်တင်နာယာဉ် လေးစီးဖြင့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ မြင်းပြိုင်ကွင်းသို့ ဆက်လက် သယ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

အဆိုပါ မြင်းများမှာ မြင်းအလှစီး ကစားနည်းနှင့် တန်းကျော် မြင်းစီးပြိုင်ပွဲ တို့တွင် အသုံးပြုရန် ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်တိုင် သြစတြေးလျနိုင်ငံသို့ သွားရောက် ရွေးချယ် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

မြင်းစီး အားကစားနည်းကို ဝဏ္ဏသိဒ္ဓိ မြင်းပြိုင်ကွင်းတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည် ဖြစ်ရာ မြင်း အလှစီး၊ တန်းကျော်မြင်းစီး၊ ခရီးရှည် မြင်းစီး အားကစားနည်းများ အတွက် ရွှေတံဆိပ် ခြောက်ခု၊ ငွေတံဆိပ် ခြောက်ခု၊ ကြေးတံဆိပ် ခြောက်ခု ချီးမြှင့်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် ခရီးရှည် မြင်းစီးပြိုင်ပွဲနှင့် တန်းကျော် မြင်းစီး ပြိုင်ပွဲတို့မှ ရွှေတံဆိပ် သုံးခု ရယူရန် ရည်မှန်းထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပြိုင်ပွဲသို့ ထိုင်း၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားတို့မှ ကစားသမားများ လာရောက် ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားကြောင်း (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ ကျင်းပရေး ကော်မတီ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here