Thursday, November 14, 2013

OIC အလိုမရှိကြောင်း လားရှိုး၌ ဆန္ဒထုတ်ဖော်

0 comments



14.11.2013

မြန်မာနိုင်ငံသို့ လာရောက် လေ့လာလိုသည့် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)အား ကန့်ကွက်ကြောင်း သံဃာတော်များနှင့် ပြည်သူ(၁၅၀)ကျော်တို့က ပိုစတာများကို ကိုင်ဆောင်၍ ယနေ့မွန်းလွဲ တစ်နာရီအချိန်မှ စတင်ကာ လားရှိုးမြို့ မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

OIC အဖွဲ့၏ မြန်မာနိုင်ငံလာရောက်မည့် ခရီးစဉ်တွင် ဒုက္ခသည်များကူညီမည့် အစီအစဉ်ကို ထောက်ခံ သော်လည်း (၈၂)ဥပဒေအရ ရိုဟင်ဂျာများအား တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုရေးကို ကန့်ကွက်ကြောင်း၊OIC အလိုမရှိ ဟူသော ကြွေးကြော်သံများဖြင့် ကြွေးကြော် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူး။ ၁၉၈၂ကဥပဒေအတိုင်းပဲ သွားရမယ်။ ဒါကိုအစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံကိုလာပြီး ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသက်သွင်းဖို့ကြိုးစားနေမှာကို လက်မခံနိုင်ပါဘူး။ ဒုက္ခသည်တွေကို အကြောင်းပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ အသက်သွင်းဖို့ လာမလုပ်နဲ့ လုံးဝလက်မခံဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ အစကထဲကမရှိဘူး”ဟု ၎င်းဆန္ဒပြသူ တစ်ဦးက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းကို မြို့နယ် တာဝန်ရှိသူများက ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

နိုဝင်ဘာ ၁၂ ရက်ကလည်း (OIC)ကို ကန့်ကွက်ကြောင်း သံဃာတော်များနှင့် ပြည်သူ တစ်ထောင်ခန့်က ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


တင်ဦး၊ ထွန်းထွန်း၊ စိုးမင်းနိုင်(လားရှိုး)
မြန်မာ့ခေတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here