Saturday, November 2, 2013

ဆီးရီးယား ဓာတုလက်နက်များကို ဖျက်သိမ်းပြီးပြီဖြစ်ကြောင်း OPCW ပြောကြား

0 comments
2.11.2013

ဆီးရီးယားနိုင်ငံသည် ဓာတုလက်နက် ထုတ်လုပ်မည့် စက်ကိရိယာများကို ဖျက်သိမ်းပြီးပြီဖြစ်ကြောင်း အပြည်
ပြည်ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့၏ ပြောကြားချက်ကို BBC သတင်းဌာနက ဖော်ပြထားသည်။

ဓာတုလက်နက် ဖျက်သိမ်းရေးအဖွဲ့သည် ဆီးရီးယားနိုင်ငံရှိ ဓာတုလက်နက်စက်ရုံ ၂၃ ခုထဲမှ ၂၁ ခုကို ၀င်ရောက်စစ်ဆေးပြီးပြီဖြစ်ကြောင်း ကျန်ရှိသော စက်ရုံ ၃ ရုံသည် ၀င်ရောက်စစ်ဆေးရန် အန္တရာယ်များ လွန်းသောကြောင့်ခေတ္တရပ်ဆိုင်းထားသော်လည်း ဆီးရီးယားနိုင်ငံ အတွင်းရှိ ဓာတုလက်နက်တန်ချိန်ပေါင်း ၁၀၀၀ ကို ဖျက်သိမ်းပြီးပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားပြည်တွင်းစစ်တွင် အစိုးရက ဓာတုလက်နက်များကိုပြည်သူများနေထိုင်ရာ ဒေသများတွင် အသုံးပြုတိုက်ခိုက်ခံခဲ့ သည်ဟု နိုင်ငံတ ကာ စွပ်စွဲမှုကြောင့် ဓာတုလက်နက်ဖျက်သိမ်းရေးအဖွဲ့ အစည်း က စစ်ဆေးရေးအဖွဲ့ကို ဆီးရီးယားနိုင်ငံသို့စေလွှတ်ခဲ့သည်။

ဆီးရီးယားအစိုးရက ယင်းစွပ်စွဲချက်နှင့် စပ်လျဉ်း၍ သူပုန်များ၏ လက်ချက်ဟု ပြန်လည်ငြင်းဆိုခဲ့ကြောင်း ၀ါရှင်တန်က ဆီးရီးယားကို ဖိအား ပေးမည်ဟု ခြိမ်းခြောက်ထားပြီးနောက် ရုရှားနှင့် အမေရိကန်နိုင်ငံတို့ကြောင့် ဓာတုလက်နက်ဖျက်သိမ်းမှု အစီအစဉ်ကို ဆီးရီးယားက သဘောတူလက်ခံခဲ့ကြောင်း သိရသည်။

စပြည့်ဖြိုးဝင်း


People  Power

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here