Monday, November 4, 2013

အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှအဟုံသျှမ်း A-hom shan နှင့်မန္တလေးမြို့ သျှမ်းအဖွဲ့အစည်းတွေ့ဆုံ

0 comments
4.11.2013

အိန္ဒိယနိုင်ငံ အာသံပြည်နယ် ASSAM ,INDIA မှ အဟုံသျှမ်း A-hom shan အဖွဲ့ဝင် (၄)ဦးသည်
မန္တလေးမြို့ သျှမ်းအဖွဲ့များနှင့် ၁ နိုဝင်ဘာလ ၂၀၁၂ ခုနှစ် ည ၆ နာရီတွင် မန္တလေးမြို့
ငွေနှင့်းဖြူစားသောက်ခန်းမတွင် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင်
မိမိတို့အဟုံသျှမ်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံမှသျှမ်းတိုင်းရင်းသားများအလုံးနင့် အမြဲတမ်း
အဆက်အသွယ် ကူးလူးဆက်ဆံချင်ပါကြောင်း ၊ မြန်မာနိုင်ငံမှ သျှမ်းတိုင်းရင်းသားလူငယ်
မောင်မယ်များကို မိမိတို့ Dibrugarh University တွင် စရိပ်ငြိမ်းလာရောက်၍
ပညာတင်ကြားနိုင်ပါကြောင်း ၊ ထို့နှောက် မန္တလေးမြို့မှ သျှမ်းအဖွဲ့အစည်းမှ
ကိုစိုင်းအောင်မိန်း(မိုတိုင်း) က အဟုံသျှမ်းအဖွဲ့အစည်းအား မန္တလေးမြို့သျှမ်းအဖွဲ့အစည်းကြီးက
ကြိုဆိုပါကြောင်း Dibrugarh University ကိုသျှမ်းတိုင်းရင်းသားများ တက်ရောက်ရန် ဖိတ်ကြား
ခြင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ၊ ထိုသျှမ်းအဖွဲ့အစည်းမှ တိုင်းလျှမ် (သျှမ်းနီ)လူငယ် နှစ်
ဦးလည်း တက်ရောက် ဆွေးနွေးခဲ့ပြီး ထိုတက္ကသိုလ်သို့ တက်ရောက်ရန် အတွက် လိုအပ်သော
အချက်အလက်များကို လည်း အသေးစိတ်မေးမြန်ခဲ့ပါကြောင်း ထို့နောက် ညစာစားပွဲဖြင့်တည်ခင်း
ဧည့်ခံပြီး ည ၁၀ ခန့်တွင် တွေ့ဆုံမှူပြီးခဲ့ပါကြောင်း သတင်းရရှိပါသည်။


ရှမ်းနီသတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here