Tuesday, November 19, 2013

အသေးစားလုပ်ငန်းများကို စက်မှုဝန်ကြီးဌာနနှင့် ကုလသမ္မဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ ပူးပေါင်းလုပ်ရန် MOUထိုး

0 comments
19.11.2013

နေပြည်တော်၊ မဇ္ဈိမ။ ဆွစ်ဇလန်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(SECO) ၏ ပံ့ပိုးမှုဖြင့် စက်မှုဝန်ကြီးဌာနနှင့် ကုလသမ္မဂ္ဂစက်မှုဖွံ့ဖြိုးအဖွဲ့ (UNIDO)တို့ ပူးပေါင်း ကာ မြန်မာနိုင်ငံတွင် အသေးစား စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်သွားရန် နိုဝင်ဘာလ ၁၉ ရက် နေ့ လည် ၁နာရီက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနရုံးတွင် နားလည်မှုစာချွန်လွှာ -MOU ရေးထိုးခဲ့သည်။

စက်မှုဝန်ကြီးဌာနနှင့် UNIDOတို့ ပူးပေါင်းပြီး အထည်အလိပ်နှင့် စားသောက် ကုန် လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စသည့် လုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ရန် ယင်းကဲ့သို့ နားလည်မှု စာချွန် လွှာ ရေးထိုး ခဲ့ခြင်းဖြစ်သည်ဟု စက်မှုဝန်ကြီးဌာန၏ အစည်းအဝေးမှ သိရသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here