Saturday, November 9, 2013

လိုင်ဇာဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသော RCSS က ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)ကို တွေ့ဆုံရန်ဖိတ်ကြား

0 comments

9.11.2013

လိုင်ဇာဆွေးနွေးပွဲရလဒ်များကို ရှင်းပြရန် ရှမ်းလက်နက်ကိုင်အဖွဲ့များ၊ ရှမ်းနိုင်ငံရေး ပါတီများနှင့် ရှမ်း တိုင်းရင်းသားလူမှုအဖွဲ့ အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် ရှမ်းပြည် ညီညွတ်ရေးလုပ်ငန်းကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) တို့ ယခုလ အတွင်း တွေ့ဆုံဆွေးနွေးမည်ဟု RCSS ၏ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ပြောကြား သည်။

လိုင်ဇာကွန်ဖရင့်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအပစ်အခတ်ရပ်စဲရေး ဘုံသဘော ထားရပ်တည် ချက်များ (လိုင်ဇာသဘောတူညီ ချက်)ကို ရှမ်းပြည်နယ် ငြိမ်းချမ်းရေးကော်မတီ ၏ သဘောထား ရယူရန်ဟုဆိုကာ RCSS အဖွဲ့က လက်မှတ်မရေးထိုးခဲ့ပေ။

RCSS မှ ဗိုလ်မှူးကြီးစိုင်းလှ၏ ဖိတ် ကြားချက်အရ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်)မှ အဖွဲ့ခေါင်းဆောင် ဦးစိုင်း ထိန်လင်း၊ အဖွဲ့ဝင်ဦးစိုင်းထွန်းရင်နှင့် ဦးညွန့် မောင်တို့ ယနေ့နံနက် ၆ နာရီတွင် မြစ်ကြီးနား မြို့မှစတင်ထွက်ခွာသွားသည်။

အဖွဲ့ခေါင်း ဆောင်က''ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စု၏ဆန္ဒ၊ သဘောထားများ အဓိကထားဆွေးနွေး သွားမှာပါ။ ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးစု များသည် ဂရန်ပျောက်နေသော ရှမ်းများဖြစ် ကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း (၅ဝ)ကျော် မှစ၍ ဒေသတွင်းနယ်မြေမတည်ငြိမ်မှု၊ ကေ အိုင်အို၊ ကေအိုင်အေနှင့် တပ်မတော်ကြား နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်နေရကြောင်း၊ ယခုလ ၃ ရက်ကလည်း မန်စီမြို့နယ် ကောင်လွင်ကျေးရွာနှင့် မိုင်း နောင်ကျေးရွာတို့မှ ပြည်သူ ၅၇ဝ ခန့်တို့က တပ်မတော်နှင့် ကေအိုင်အေ(ကချင်)အဖွဲ့တို့ စစ်ရေးလှုပ်ရှားမှုများကြောင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် ၄င်းတို့၏နေအိမ် များ၊ ကျွဲ၊ နွားများကိုစွန့်ခွာပြီး စီးခမ်းကြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ၄င်းတို့ ၏ဆွေမျိုးများအိမ်တွင် ရွှေ့ပြောင်းနေထိုင် လျက်ရှိကြောင်း'' မိမိတို့ရှမ်းမျိုးနွယ်စုများ ခံစားရမှုများကို သမိုင်းကြောင်းနှင့်ယှဉ်၍ ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီး စိုင်းလှက အောက်တိုဘာ ၃ဝ ရက်မှ ယခုလ ၂ ရက် အထိ ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာတွင်ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဘုံသဘောတူညီ ချက်ရလဒ်များ၊ ယခုလ ၄ ရက်နှင့် ၅ ရက် တို့တွင် မြစ်ကြီးနားမြို့ ၌ ပြုလုပ်ခဲ့သော ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထား သည့်တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲ ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့၏ ဆွေးနွေးမှု ရလဒ်များကို ရှင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီတစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကိစ္စကိုလဲ တင်ပြမယ့် လိုင်ဇာက ရရှိတဲ့ သဘောထားရပ်တည်ချက်ကို ဘယ် လိုသဘောရှိတယ်ဆိုတာ ညှိနှိုင်းပြီး သူတို့ရဲ့ သဘောထားတွေ ကိုရယူပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ဗိုလ်မှူးကြီး စိုင်းလှက နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့်မြစ်ကြီးနားဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ သည်။

The Union Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here