Wednesday, December 11, 2013

တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း ဥပဒေများ အစိုးရက အသိအမှတ်ပြုပေးရန် လိုအပ်ဟုဆို

0 comments
11.12.13

တိုင်းရင်း သားဒေသများတွင် မြေယာဆုံးရှုံး မှုများမဖြစ်စေရန် တိုင်းရင်းသား များ၏ ဓလေ့ထုံးတမ်း ဥပဒေများ ကို အစိုးရမှ အသိအမှတ်ပြုပေး ရန်လိုအပ်ကြောင်း ချင်းအမျိုး သားတပ်ဦး၏ အထွေထွေ အတွင်း ရေးမှူး (၂) ဒေါက်တာရွှေခါးက ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ ပြောသည် ။မြေယာနှင့် သယံဇာတများ နှင့်ပတ်သက်၍ အားလုံးနီးပါး ကို ပြည်ထောင်စု အစိုးရက တာဝန်ယူ ထားသောကြောင့် တိုင်းရင်းသား များနေထိုင် ရာ ပြည်နယ်ဒေသ များတွင် သယံဇာတထုတ်ယူခွင့် များအပါ အဝင် မြေယာ ဆုံးရှုံးမှု များဖြစ်ပေါ်လာမှုများ ပိုမိုဖြစ် ပေါ်လာနိုင်သဖြင့် တိုင်းရင်းသား များ၏ ဓလေ့ထုံးတမ်းဥပဒေများ ကို အသိအမှတ်ပြုပေးရန်မှာ အ ရေးကြီးကြောင်း ဒေါက်တာရွှေခါး က ပြောသည်။

''တိုင်းရင်းသားဒေသတွေ အများစုမှာက ဥပဒေအရအစိုး ရဆီမှာ စာရင်းသွင်းမှတ်ပုံတင် ထားတဲ့ မြေ ဆိုတာနည်းပါတယ်။ အဲဒီတော့ မြေလွတ်မြေရိုင်းဥပဒေ တွေနဲ့ဆိုရင် အားလုံးကမြေတွေ ဆုံးရှုံး ရတော့မှာပါ။ တိုင်းရင်းသား တွေရဲ့ဓလေ့ထုံးတမ်းတွေနဲ့ လက် ဆင့်ကမ်းအမွေပေး လာတဲ့ မြေ တွေ ဆိုတာ တိုင်းရင်းသားဒေသ တွေမှာ အများကြီးဆိုတာ သေ ချာနေတော့ မြေယာတွေ မဆုံးရှုံး ရဖို့ဆိုတာက တိုင်းရင်းသားဓလေ့ ထုံးတမ်းတွေကိုပါ ထည့်သွင်းစဉ်း စားပေးဖို့လိုပါတယ်''ဟု ယင်းက ပြောသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here