Wednesday, December 11, 2013

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံရေးပန်ချီးပြပွဲ တောင်ကြီးတွင်လုပ်မည်

0 comments
11.12.13
လာမည့် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီ ၄ရက်တွင် ကျရောက်မည့် ၆၆နှစ်မြောက် လွတ်လပ်ရေးနေ့ တွင် နိုင်ငံရေးပုံရိပ်များ ထင်ဟပ်စေမည့် အနုပညာပန်းချီပြပွဲ တစ်ခုကို တောင်ကြီးမြို့ ရှိ မြစံပယ် ခန်းမ၌ ကျင်းပမည်ဟု သစ္စာပြတင်း အနုပညာကွန်ယက်က ပြပွဲတာဝန်ခံ ပန်းချီဆရာ ကိုဇော်မင်းထူးက မဇ္ဈိမ ကို ပြောသည်။

“ကျွန်တော်တို့ သစ္စာပြတင်း ပန်းချီအနုပညာ ကွန်ယက်အနေနဲ့ စပီးပွဲလုပ်ကတည်းက အလှပုံ သက်သက် ရေးပြီးတော့ ပြခဲ့တဲ့ပွဲမဟုတ်ဘူး၊ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ အနုပညာပြပွဲတွေလုပ်ခဲ့တယ်၊ ဖန်တီးတဲ့ အနုပညာဟာ လာရောက်ကြည့်တဲ့သူကို အသိအမြင်တစ်ခုတော့ ပေးနိုင်ရမယ်ဆိုပြီးတော့ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ပြပွဲတွင် ပြသမည့် အနုပညာ ဖန်တီးမှု အားလုံးတွင် လွတ်လပ်ရေးအနှစ်သာရကို ဖော်ညွန်းနိုင်ခြင်း ၊ အမျိုးသားခေါင်းဆောင်ကြီးများနှင့်ခေတ်ပြိုင်နိုင်ငံရေး ခေါင်းဆောင်များကို ဂုဏ်တင်ဖွဲ့ဆိုနိုင်ခြင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးကို ကိုယ်စားပြုနိုင်ခြင်း ၊နိုင်ငံသား အားလုံး၏ ခေတ်ပြိုင် အရေးအရာ တစ်ခုခုကို ကိုယ်စားပြုပြီးတိုင်းပြု ပြည်ပြု အသွင်ဆောင်နိုင်ခြင်း ၊အများအကျိုး ဦးတည် သည့်အမှန်တရား တစ်ရပ်ရပ်ဖက်မှ ရပ်တည်တင်ပြနိုင်ခြင်း စသည့် အချက်တစ်ခုခု ပါဝင်သည့် ဖန်တီးမှုများဖြစ်စေရန် စီစဉ်ထားခြင်းဖြစ်သည်။

ပြသမည့် ပန်းချီ ၊ကာတွန်း၊ ဓာတ်ပုံ ၊အင်စတောလေးရှင်း အနုပညာ၊ ဗီဒီယို အနုပညာများ ကို တောင်ကြီး ၊ ရွှေညောင်၊ ညောင်ရွှေ၊ အင်းလေးဒေသများမှ ပန်းချီဆရာ အယောက် (၂၀) ခန့် ပါဝင်ပြသ သွား မည်ဖြစ်သည်။ အဆိုပါ ပန်ချီပြပွဲသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက စတင် ကျင်းပခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်ချီကားအများအပြားပါဝင်ပြသခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်၌မူ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပင်လုံ စိတ်ဓာတ် အခြေခံသည့် တိုင်းရင်း သား ခေါင်းဆောင်ကြီးများ ၊နိုင်ငံရေး ခေါင်းဆောင်များ၏ ပုံတူပန်းချီကားများ ကိုပြသနိုင်ခဲ့သည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here