Tuesday, December 24, 2013

မြန်မာမှာ လုပ်ငန်းကျွမ်းကျင်မှု ပြဿနာ ကြီးမားဆဲ

0 comments
24.12.2013

မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲမှုအတွက် ​လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ​မလုံလောက်မှုဟာ ​အကြီးမား ဆုံးပြဿနာတခု ​ဖြစ်နေသေးတယ်လို့ ​စီးပွားရေးသမားတွေကပြောပါတယ်။

ရန်ကုန်မြို့မှာ ​ပြုလုပ်ခဲ့တဲ့ ​လုပ်ငန်းပြပွဲကို ​စီစဉ်တဲ့ ​မြန်မာ ​လူငယ်လုပ်ငန်းရှင်များ ​(MYEA) ​အဖွဲ့က ​ကိုယ်စားလှယ်တဦးရဲ့အဆိုအရ ​၂၀၁၁ခုနှစ်ကစပြီး ​အစိုးရဖက်က ​မကြုံစဖူးတဲ့ ​နိုင်ငံရေးနဲ့ ​စီးပွားရေး ​ပြုပြင်ပြောင်းလဲမှုတွေ ​လုပ်လာပေမယ့် ​နိုင်ငံထဲက ​လူငယ်တွေအနေနဲ့ ​ဒီပြုပြင်ပြောင်းလဲမှုတွေ ​အပေါ်မှာ ​အကျိုးခံစားရမှုတွေမရှိသေးပဲ ​လုပ်ငန်းကျွမ်းကျင်မှု ​မရှိတဲ့ ​လူငယ်တွေနဲ့ ​သင်တန်းမရရှိသေးတဲ့ ​လူငယ်တွေ ​အများကြီးရှိနေသေးတယ်လို့ ​ဆိုပါတယ်။

နိုင်ငံတွင်းမှာ ​အလုပ်လက်မဲ့ ​ဦးရေ ​လျော့နည်းစေဖို့နဲ့ ​လူငယ်တွေအနေနဲ့ ​အလုပ်အကိုင် ​အခွင့် အလမ်းတွေ ​ပိုမိုရရှိလာစေဖို့အတွက် ​ရည်ရွယ်ပြီးတော့ ​ဒီဇင်ဘာလ ​၂၁ရက်နေ့ကစပြီး ​သုံးရက်ကြာတဲ့ ​လုပ်ငန်းပြပွဲတခုကို ​ကျင်းပခဲ့ပါတယ်။ ​အဲဒီ ​လုပ်ငန်းပြပွဲမှာ ​နိုင်ငံတွင်းနဲ့ ​ဒေသတွင်းက ​ကုမ္ပဏီပေါင်း ​၈၀ ​နီးပါး ​ပါဝင်တယ်လို့ ​MYEA ​အဖွဲ့ကပြောပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ​၆၀ ​ရာခိုင်နှုန်းဟာ ​လူငယ်တွေဖြစ်ကြပေမယ့် ​သူတို့တွေအများစု ​လုပ်အားခ ​လစာ ​အနည်းငယ်သာရရှိကြတယ်လို့ ​ဆိုပါတယ်။

အခုလိုမျိုး ​လုပ်ငန်းကျွမ်းကျင်မှု ​နည်းပါးရတာကတော့ ​ပညာရေးဆိုင်ရာ ​အရင်းအမြစ်နဲ့ ​လိုအပ်တဲ့ ​အထောက်အပံ့ပစ္စည်းတွေ ​ပြည့်စုံမှုမရှိလို့ ​ဖြစ်ရတာဖြစ်ကြောင်း ​ကျွမ်းကျင်ပညာရှင်တွေက ​သုံးသပ်ကြ ပါတယ်။

ABC

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here