5.12.2013
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ အားကစားသမားတွေနဲ့ ပွဲကြည့်ပရိတ်သက်တွေအတွက် ရည်ရွယ်ပြီး မော်တော်ယာဉ်တွေ စီစဉ်ထားရှိပါတယ်။
အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ဆီးဂိမ်းကာလ နေပြည်တော်မှာ သွားရေးလာရေးအဆင်ပြေချောမွေ့စေဖို့ အားကစားဝန်ကြီးဌာနက မော်တော်ယာဉ်တွေစီစဉ် ထားတာပါ။
Seagame Carနိုင်ငံအလိုက် ရောက်ရှိနေထိုင်ကြတဲ့ အားကစားသမားတွေ အဆင်ပြေချောမွေ့စေဖို့အတွက် စီစဉ်ဆောင်ရွက်နေပုံကို နေပြည်တော် gold camp အားကစားရွာက သယ်ယူပို့ဆောင်ရေးတာဝန်ဆောင်ရွက်နေသူ ဦးသိန်းထွန်းဦးက ခုလို ပြော့ပါတယ်။
“ဇေယျာသီရိ၊ ၀ဏ္ဏသိဒ္ဓိကွင်းတွေမှာ အချိန်မီ အားကစားသမားတွေ သွားရောက်နိုင်ဖို့အတွက်ကို ကျနော်တို့ဆီက ဟွန်ဒိုင်းကားတွေနဲ့ စီစဉ်ပေးပါတယ်။ နိုင်ငံဂုဏ်သိက္ခာအတွက် အားကစားသမားတွေ အဆင်ပြေပြေနဲ့ သွားလာနိုင်လို့ရှိရင် ကျနော့်အနေနဲ့ ၀မ်းသာပါတယ်။”
အရပ်သားပွဲကြည့်ပြည်သူတွေအတွက် စီးတီးဘတ်လို့ ခေါ်တဲ့ မော်တော်ယာဉ် (၇၀ ကျော်ကို မြို့တွင်းမှာ ပြေးဆွဲပေးမှာဖြစ်ပါတယ်။
ဆီးဂိမ်းကာလမှာ အားကစားသမားတွေ မြို့တွင်းဈေးဝယ်ထွက်တာ၊ လည်ပတ်တာတွေအတွက် လည်း အငှားတက္ကစီတွေရှိပါတယ်။ ယာဉ်မောင်း ဦးမောင်မောင်ထွန်းဝင်းကို မေးမြန်းကြည့်တဲ့အခါ ဆီးဂိမ်းအတွက် ဆီဖိုးလောက်သာ ယူသူတွေရှိသလို ပုံမှန်စီးပွားရှာကြသူတွေလည်း ရှိတယ်လို့ ဖြေပါတယ်။
“အားကစားရွာကနေ သူတို့ သွားချင်တဲ့ ဂျမ်းရှင်း ဈေးဝယ်စင်တာတို့ အားကစားဘော်လုံးကွင်းတို့ ဘုရားတို့ ဒါတွေကို ကျနော်တို့ကနေ ၀န်ဆောင်မှုပေးပါတယ်။ နေပြည်တော် ကောင်စီနယ်မြေ မှာရှိတဲ့ တက္ကစီများရဲ့ ယာဉ်စီးခကိုလည်း နေပြည်တော် ကောင်စီနေ သတ်မှတ်ထားပါတယ်။ ဒါရိုက်ဘာ တယောက်အနေနဲ့ တရက်ကို အနည်းဆုံး ၃ သောင်းယူတယ်။ တချို့ကြတော့ ၇ သောင်း ၈ သောင်းယူတယ်။ ဂျမ်းရှင်း ဈေးဝယ်စင်တာကို သွားတာများပါတယ်။”
မော်တော်ဆိုင်ကယ်စီးနင်းခွင့်ရှိတဲ့ နေပြည်တော်မှာ မော်တော်ဆိုင်ကယ် တက္ကစီသမားတွေလည်း ရှိပါတယ်။ သူတို့ကလည်း ဆီးဂိမ်းကာလမှာ ၀င်ငွေကောင်းဖို့ မျှော်လင့်နေကြပါတယ်။
“သိပ်တော့ မဆွဲရတော့ဘူး။ တက္ကစီပဲ အများဆုံးစီးသွားကြတာများတယ်။ ဥပမာ ၃ ယောက်လာရင် ဆိုင်ကယ်ကို မစီးတော့ဘူး။ အငှားကားကိုပဲ စီးသွားကြတယ်။ တချို့ကြတော့လည်း တယောက်တည်းနဲ့ ပိုက်ဆံရှိတော့ အငှားကားပဲ စီးကြတာတွေ့တယ်။”
ဆီးဂိမ်းမှာ အာဆီယံနိုင်ငံက ခေါင်းဆောင်တွေ နိုင်ငံအလိုက်အသင်းခေါင်းဆောင်တွေ အားကစားသမားတွေ ဒိုင်လူကြီးတွေ နိုင်ငံတော်ဧည့်သည်တွေ အထူးဖိတ်ကြားထားသူတွေ နဲ့ မီဒီယာတွေအတွက် သွားရေးလာရေးလွယ်ကူအောင် မော်တော်ယာဉ်တွေ စီစဉ်ထားတာတွေ့ရသလို ဆီးဂိမ်းအတွက် စပွန်ဆာပေးပြီး ပြေးဆွဲပေးတဲ့ မော်တော်ယာဉ်ကြီးတွေကိုလည်း တွေ့မြင်ရပါတယ်။
DVB