5.12.2013
ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ ဓာတုလက်နက်ကာကွယ်ဖျက်သိမ်းရေး ပူးပေါင်း အဖွဲ့တို့ဟာ ဆီးရီးယားနိုင်ငံက အန္တရာယ်ရှိ ဖျက်အားပြင်း ဓာတုပစ္စည်းတွေကို သယ်ထုတ်ဖို့ နိုင်ငံတနိုင်ငံရဲ့ ဆိပ်ကမ်းတခုကို အသုံးပြုခွင့်ရဖို့ စောင့်နေတယ်လို့ အဲဒီပူးပေါင်းအဖွဲ့ရဲ့ အရာရှိ ချုပ် ဆီဂရစ် ကာဂ်ျ (Sigrid Kaag)က ဒီဇင်ဘာ ၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။
Syria Chemical 2 -1ဘယ်နိုင်ငံ၊ ဘယ်ဆိပ်ကမ်းမြို့ဆိုတာကို ထုတ်ဖော် ပြောကြားခြင်းမရှိပေမယ့် မကြာခင်မှာ အတည်ပြုခွင့်ရမယ်လို့ မျှော်လင့်ကြောင်း သူက ဆက်လက် ပြောကြားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံက ဖျက်အားပြင်းဓာတုပစ္စည်း တန် ၅၀၀ ကို သယ်ယူဖို့ အမေရိကန် စစ်သင်္ဘော ၁ စီးကိုလည်း အဆင့်မြှင့်တင်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေကို အခြားဓာတုပစ္စည်းတခုနဲ့ ပင်လယ်ပြင်တနေရာမှာ ဓါတ်ပျက်ပြယ်မှာ ဖြစ်ပါတယ်။
ဆီးရီးယားဆိပ်ကမ်းမြို့ဖြစ်တဲ့ လက်တာကီယာမြို့ (Latakia က စစ်တပ် အစောင့် အကြပ်နဲ့ သယ်ထုတ်ဖို့ အီတလီနိုင်ငံ၊ နော်ဝေးနိုင်ငံနဲ့ ဒိန်းမတ်နိုင်ငံတို့ကလည်း ကမ်းလှမ်းထားတာ ရှိပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိသ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဓာတုလက်နက် ကာကွယ် ဖျက်သိမ်းရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ပြီး ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုမှုနဲ့ ပျက်စီးဆုံးရှုံးမှုကို စောင့်ကြည့်လေ့လာဖို့ တာဝန်ပေးအပ်ခံ ထားရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက ဒမာစကတ်မြို့အပြင်မှာ လူ ရာနဲ့ချီပြီး သေဆုံးခဲ့တဲ့ ဓာတုလက်နက် အသုံးပြုခဲ့မှုကိုလည်း လေ့လာစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
DVB
Thursday, December 5, 2013
Subscribe to:
Post Comments (Atom)