Thursday, December 5, 2013

မြစ်ဆုံစီမံကိန်း ပြန်စလိုသူ လွှတ်တော်ကိုယ်စားလှယ်အချို့ ရှိနေ

0 comments
5-12-2013

အများပြည်သူ၏ ကန့်ကွက်မှုကြောင့် ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းဆောင် ရွက်ခြင်း များမပြုရန် တားမြစ် ထားသည့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ယင်းကာလနောက်ပိုင်း ပြန်လည်အသက်သွင်းလိုသူများ လွှတ်တော်အတွင်း၌ ရှိနေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့က ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမ ကို ပြောသည်။

ပြီးခဲ့သည့် လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးရက်များအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား ကွန်ဂရက်၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းရေးကော်မတီနှင့် ပြည်သူ့လွှတ်တော် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီတို့ နိုဝင်ဘာ ၄ ရက် နေပြည်တော် ၌ တွေ့ ဆုံ ဆွေးနွေးမှုအတွင်း သဘောထားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

တွေ့ဆုံမှုတွင်ရပ်တန့်ထားသည့် မြစ်ဆုံစီမံကိန်းကို ပြန်စရန်နည်းလမ်းများရှိသည်ဟု မြန်မာလွှတ် တော်ကော်မတီ တာဝန်ရှိသူတစ်ဦး ဆွေးနွေးခဲ့သည်ကိုအခြားကော်မတီဝင်သုံးဦးကမဇ္ဈိမသို့ ပြန်လည် ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်ကော်မတီအဖွဲ့ကို ခေါင်းဆောင်လာသူမှာမစ္စတာလူဟောင် ဖြစ်ပြီးယင်းအပေါ် ပြန်လည်ဆွေး နွေးခြင်း မပြုခဲ့ဟု ၎င်းတို့က ဆိုသည်။

“ကျွန်တော်တို့ကော်မတီဥက္ကဋ္ဌက ကော်မတီဝင်တွေရှေ့မှာပဲ မြစ်ဆုံကိစ္စကိုထည့်ပြောလိုက်တာ တရုတ် ဧည့်သည်တွေဘက်က ဒါကိုမျှော်လင့်ပြီး လာတာမဟုတ်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ္စ တာလူဟောင်က အေးအေးဆေးဆေးပဲ။ ဒီကိစ္စကို စိတ်ဝင်တစားနဲ့ ပြန်ပြီး ဆွေးနွေးတာမျိုး မရှိဘူး” ဟု ကော်မတီအတွင်းရေးမှူး၊ ချောက် မဲဆန္ဒနယ် ကိုယ်စားလှယ်ဦးသိန်းလွင်က ဆိုသည်။

ထိုသို့ ဆွေးနွေးခဲ့ခြင်းကို အတည်ပြုခဲ့သူတစ်ဦးဖြစ်သည့် ထန်းတပင်မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးသိန်း ရီကမူ “သူပြောတဲ့အထဲမှာ မြစ်ဆုံစီမံကိန်းဟာ နိုင်ငံတကာနဲ့ ဘေးက သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ရပ်ခဲ့ရတာဖြစ်တယ်။ ပြန်စချင်ရင် ဒီစီမံကိန်း တကယ်အကျိုးရှိမရှိ၊ သဘာဝပတ်ဝန်းကျင်ကို တကယ်ထိ ခိုက်မှုရှိမရှိ နိုင်ငံတကာအဆင့်မီ ဂုဏ်သိက္ခာလည်းရှိတဲ့ တတိယအဖွဲ့တစ်ခုကို ငှားပြီးမှ စစ်တမ်းတွေ၊ စာတမ်းတွေ ရယူလိုက်ရင် ပြန်စဖို့ ဖြစ်နိုင်ပါတယ်လို့ ပါပါတယ်။ တကယ်လုပ်သင့်တဲ့ အလုပ်ဖြစ်နေ ရင် နိုင်ငံအတွက်လည်း အကျိုးရှိ နှစ်နိုင်ငံလည်း မိတ်မပျက်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောလိုက်တာပါ” ဟု ဆိုသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦလွန်းသီနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမင်းသူ၊ ဦးသိန်းရီ၊ ဦးသန်းနွယ်၊ ဦးစိုင်း ထွန်း အေးနှင့် ဦးရဲထွဋ်ဦး စသူတို့ တက်ရောက်ခဲ့ကြသည်။

ထိုသို့ ပြောဆိုခဲ့ခြင်းကို ဥတ္တရသီရိ မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးမင်းသူကလည်း အတည်ပြုခဲ့ပြီး “ကော် မတီဥက္ကဋ္ဌက လက်ရှိ သမ္မတလက်ထက်မှာ မဖြစ်နိုင်တဲ့ကိစ္စတွေကို ပြန်စနိုင်တဲ့ နည်းလမ်းတွေ ရှိပါ တယ်။ မြစ်ဆုံကိစ္စဆိုရင် ပူးပေါင်းဆောင်ရွက်သွားရင် ဖြစ်နိုင်ပါတယ်”ဟု ပြောခဲ့သည်ဟု ဆိုသည်။

တွေ့ဆုံပွဲသည် သဘာဝတ်ပတ်ဝန်းကျင်နှင့် ရှားပါးသည့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေး ဟူသော ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ မြစ်ဆုံစီမံကိန်းသည် ၂၀၀၆ ခုနှစ်တွင် အမှတ်(၁) လျှပ်စစ်ဝန် ကြီးဌာနနှင့် တရုတ်နိုင်ငံ CPI ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ပြီးနောက် သုံးနှစ်အကြာတွင် လုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းကာလ (၁၉၉၇-၂၀၁၁ ခုနှစ်အထိ) ယခု လွှတ်တော်ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးလွန်းသီက စွမ်းအင် ၀န်ကြီးဌာန၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

အဆိုပါစီမံကိန်းကို သမ္မတဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ၎င်း၏ အစိုးရသက်တမ်း ကုန်ဆုံးချိန်အထိ ရပ် ဆိုင်းထားမည်ဟု ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ် လွှာ ပေးပို့ အကြောင်းကြားခဲ့သည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here