Thursday, December 26, 2013

ထိုင်းနိုင်ငံရေးတင်းမာမှု

0 comments


26-12-2013

ထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ဒီနေ့မနက်မှာ ထိပ်တိုက်တွေ့ပြီး ၃၂ ဦးဒဏ်ရာရ သွားပါတယ်၊ တစ်ဦးက ဒဏ်ကျည်ဆံ အစစ်နဲ့ ထိမှန်ပြီး ဒဏ်ရာပြင်းထန်တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ရဲ ၃ ဦးလည်း သေနပ်ဒဏ်ရာရတယ်လို့ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူ အများစုက မျက်ရည်ယိုဗုံးကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

အခုလို ရဲနဲ့ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့တာကတော့ လာမယ့်နှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ ရွေးကောက် ပွဲ လုပ်ဖို့ လွှတ်တော် အမတ်လောင်း မှတ်ပုံတင်ပြီး မဲစွယ်ပွဲအတွက် နံပါတ်စဉ်ရဖို့ မဲနှိက်ပွဲကို အားကစားရုံ တခုမှာ ပြုလုပ်တာကို ဆန္ဒပြသူတွေက တာမြစ်ဖို့ အားကစားရုံအတွင်းကို ဝင်ဖို့ကြိုးစားရာက ထိပ် တိုက်တွေ့ပြီး သွေးထွက်သံယိုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မျက်ရည်ယိုဗုံးနဲ့ရဲက ပစ်ခတ်တာမြစ်ခဲ့ပြီး အဲ့ဒီလိုရုန်းရင်းဆန်ခတ်ဖြစ် ချိန်မှာ သေနပ်သံတွေလည်း ထွက်ပေါ်လာခဲ့တယ်လို့ သေနပ်သံ တွေလားကြား လိုက်ရ တယ်လို့ ဆန္ဒပြပွဲမှာရှိနေတဲ့ မျက်မြင် သက်သေတွေကပြောပါတယ်။ဆန္ဒပြသူတွေက ရွေးကောက်ပွဲကို ကန့်ကွက်နေတာကတော့ လက်ရှိ နိုင်ငံရေးပြဿနာတွေကို အရင်ဖြေရှင်းပြီးမှာ ရွေးကောက်ပွဲလုပ်ဖို့ တောင်းဆို ထားတယ်၊အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ်ကတော့ လွှတ်တော်ဖျက်သိမ်းပြီးနောက် ဖွဲ့စည်းပုံနဲ့အညီ ရွေးကောက်ပွဲ လုပ်တာဖြစ် တယ်။ ရွေးကောက်ပွဲနဲ့တပြိုင်တည်း နိုင်ငံရေးပြဿနာတွေဖြေရှင်းရေး အတွက် ကော်မရှင် ဖွဲ့  ပြီးလုပ်ဆောင် သွားမယ်လို့ ကြေညာထားပြီး ၄၉၉ ဦးပါတဲ့ ကော်မရှင်တရပ်ကို အများပြည်သူ့ ကိုယ်စားပြုသူတွေနဲ့ဖွဲ့စည်းဖို့ကို ထုတ်ဖေါ်ပြောကြားထားပါတယ်။

နိုင်ငံရေးပြဿနာအဖြစ် ဆန္ဒပြသူတွေက ထောက်ပြနေတာက လက်ရှိအစိုးရဟာ ရွေးကောက်ပွဲမှာ မဲဝယ်မှုတွေ အကြီးအကျယ်လုပ်ခဲ့တယ်။ အစိုးရအဖွဲ့ထဲမှာ အကတိလိုက်စားမှုတွေရှိတယ်၊ ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်ရဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ထပ်စင် ချင်နဝပ် ထောင်ဒဏ် ၂ အပစ်ပေးခံ ထားရပြီး နိုင်ငံခြားမှာ ခိုလုံနေရတာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့နဲ့ အစိုးရကို ထောက်ခံတဲ့ ရှပ်နီတွေ ဆန္ဒပြရင်း ရာဇဝတ်မှုကျူးလွန် ခဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ အတည်ပြုတာဟာ လွှတ်တော်မှာ အမတ်အများစုအင်အားနဲ့ ပါတီအကျိုးနဲ့ပုဂ္ဂိုလ်ရေး ကိုယ်ကျိုးအတွက် အသုံးချတယ်။ အဲ့ဒီလိုမျိုး လွှတ်တော်မှာ အမတ်အများစုနဲ့ လုပ်ချင်သလို မလုပ်နိုင်အောင် ထိန်းကျောင်းနိုင်ဖို့လိုနေတယ်။ ဒီပြဿနာတွေကို မဖြေရှင်းပွဲ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အရင်လိုပဲ ပြန်ဖြစ်နေမယ်။ ဒါကြောင့် ရွေးကောက်ပွဲကိုရွေ့ဆိုင်းပြီး နိုင်ငံရေးပြဿနာတွေ ကိုအရင်ရှင်းပါလို့ ဆန္ဒပြသူတွေက ပြောနေတယ်။

နိုင်ငံရေးပြဿနာတွေကို အရင်မရှင်းရင် ဖေဖေါ်လ ၂ ရက်နေ့ပြုမယ့် ရွေးကောက်ပွဲကို မဝင်ဘူးလို့ ဝန်ကြီးချုပ်ဟောင်း အဖိစစ် ဝေ့ချားချီဝါ့ ဦးဆောင်တဲ့ ဒီမိုကရက်ပါတီက ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံရေး တင်းမာမှုအပေါ် ပညာရှင်တွေထောက်ပြတာက နိုင်ငံရေးပြဿနာတွေ ရှိနေတယ်၊ လက်ရှိ ဖွဲ့စည်းပုံကိုလည်း ပြင်ရမယ်ဆိုတာ အားလုံးကလက်ခံထားပေမယ့် တဖက်နဲ့တဖက်က ယုံကြည်မှုမရှိပဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်မယ်ဆိုပြီး အနိုင်ယူလိုစိတ်နဲ့ လုပ်ဆောင်နေကြ တယ်။ တကယ်လို့ တဖက်ဖက်က အနိုင်ယူလုပ်သွားခဲ့ရင် ကျန်တဲ့တဖက်က လက်မခံပဲ ဆန့်ကျင်ဆန္ဒပြမှု တွေ ထပ်ဖြစ်လာဦးမယ်ဆိုတာလည်း သိတယ်။ ဒီလိုအခြေအနေမျိုးမှာ တိုင်းပြည်အတွက် အကောင်း ဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ တဖက်နဲ့တဖက် မဆွေးနွေးနိုင်ဖို့က အရေးကြီးတယ် လို့ ထောက်ပြပြော ဆိုနေပါတယ်။

ထိုင်းနိုင်ငံရေးတင်းမာမှုဟာ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ လူမှုအသိုင်းအဝိုင်း အသီးသီးမှာ စိတ်ဝမ်းကွဲမှုတွေအကြီးအကျယ်ဖြစ်နေပြီး တခိျု့ဆိုရင်လင်မယားကွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဘီဘီစီ ၀င်းမြင့် BBC Winmit
The Mirror Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here