Thursday, December 26, 2013

ကလေးသူငယ်များ ပျော်ပွဲရွှင်ပွဲ လားရှိုးတွင်ကျင်းပ

0 comments


26.12.2013

လားရှိုးမြို့တွင် မူကြိုကလေးငယ်များနှင့် မြို့နေ ကလေးသူငယ်များအတွက် “ကလေးသူငယ်များအတွက်ပျော်ပွဲရွှင်ပွဲ”ကို ဒီဇင်ဘာ ၂၂ရက်တွင်ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပွဲဖြစ်မြောက်ရေးအတွက် ပွဲစီစဉ်သူကိုသန်းထိုက်ဦးက “ကျွန်တော်တို့ဒီပွဲဟာလေးပွဲမြောက်ပါ၊ အဓိကတော့ ကလေးတွေရဲ့
ပင်ကို အသိမြင်၊ ဥာဏ်ရည်တို့ခွန်အား၊ ဗဟုသုတ၊ အတွေ့အကြုံ လက်တွေ့နည်းနဲ့ပေါ့ဗျာ၊ ကျွန်တော်တို့က စိတ်ကိုပျော်ရွှင်စွာ နဲ့ ပညာပေးတဲ့ သဘောပါ၊ ဒီမှာက ပန်းချီအရောင်းချယ်ခိုင်းတယ်၊ ပုံပြင်ပြောပြိုင်ပွဲ၊ အရုပ်ဆက်တဲ့ဂိမ်း အမျိုးမျိုးပေါ့ ဗျာ၊ ပျော်ရွှင်အောင်ဆုများကိုလည်း ချီးမြင့်မှာပါ၊ ကလေးတွေအနေနဲ့ စုပေါင်းလုပ်ဆောင်နိုင်မှုရှိအောင်၊ ကလေးတွေရဲ့စိတ်မှာ ကိုယ်ပိုင် စွမ်းဆောင်နိုင်မှု ရှိတယ်ဆိုတဲ့ အသိကလေးတွေ ရှိသွားအောင် ရည်ရွယ်ပြီး ကျင်းပတာပါ”ဟု ပြောသည်။


ပွဲတတ်ရောက်သူကလေးမိဘများကလဲ “ကျွန်မတို့ကမှုကြိုကလေးရဲ့မိဘပါ၊ အစကတော့ကလေးတွေပျော်ပါစေ၊ စိတ်ချမ်းသာပါစေ ဆိုပြီး အဖြစ်သဘောနဲ့ လိုက်လာတာပါ၊ ကလေးက အားလုံးပြိုင်မှာပါ၊ ဆုရတာမရတာကတော့ တစ်ပိုင်းပေါ့၊ လိုက်လာတာ မှန်ပါတယ်၊ နောက်တော့တော်တော်လေးပျော်ဖို့ ကောင်းတယ်၊ ပြိုင်ပွဲတွေကလည်း တစ်ခုပြီးတစ်ခုဆိုတော့ မမောနိုင်တော့ဘူး၊ ကျွန်မကိုယ်တိုင်တောင် ပျော်နေပါတယ်၊ စီစဉ်တဲ့သူတွေကို အရမ်းကျေးဇူးသင်ပါတယ်၊ ဘာလို့လဲဆို ကံစမ်းမဲလည်း 
ဖောက်ပေးမှာတဲ့၊ ပျော်စရာကြီးအခုထိ ထမင်းတောင် မစားရသေးဘူး”ဟု ပွဲတတ်ရောက်သူကလေးမိဘတစ်ဦးက ပြောသည်။

ယင်းပွဲကို Baby Mild၊ NAT C.GROW ကလေးအသုံးဆောင်နှင့် အာဟာရများကုမ္မဏီမှ ကျင်းပပြုလုပ်ကြောင်း သိရသည်။

စိုးမင်းနိုင်၊အောင်ဟိန်း။
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here