Tuesday, December 24, 2013

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကို ပထမဦးဆုံးအကြိမ် လျှို့ဝှက်မဲစနစ်ဖြင့် ကျင်းပမည်

0 comments
24.12.2013

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ် တင်မြှောက်ပွဲကို ပထမဆုံးအကြိမ် လျှို့ဝှက်မဲ စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ထိုကဲ့သို့အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲများကို ဗဟိုဦးစီးစနစ်ဖြင့်သာ ကျင့်သုံး ခဲ့ရာမှ ယခုအခါတွင် ဒီမိုကရေစီနည်းအတိုင်း လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များမရှိစေရန် လုံခြုံရေးမှအစ စနစ်တကျ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် "မြန်မာနိုင်ငံဆရာဝန်အသင်း ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင်" ကိုလည်း ၂၀၁၃ ခုနှစ် သြဂုတ် ၂၄ ရက်က ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်းနှင့် ယင်းကော်မရှင်တွင် ယခင်ကျန်းမာရေးနှင့် စက်မှု (၁) ဒုတိယ ၀န်ကြီး ဗိုလ်မှူးကြီးသန်းဇင်(ငြိမ်း)က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ၁၀ ဦးဖြင့်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲတွင် အလုပ်အမှုဆောင် အဖွဲ့ဝင် ၄၅ ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး ယခင်တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များကိုလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားကြောင်းနှင့် ယခင်အလုပ်အမှုဆောင်အဖွဲ့ဝင် မည်မျှပါဝင်ယှဉ်ပြိုင်မည်ကိုမူ အတိအကျမသိရှိရသေး . . .

အဆိုပါကော်မရှင်သည် ယခုကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေ သကြီး) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ် တင်မြှောက်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး သက်တမ်းမှာ နှစ်နှစ်သတ်မှတ်ထားကြောင်း သိရသည်။

ယခုပြုလုပ်မည့် ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲတွင် အလုပ်အမှုဆောင် အဖွဲ့ဝင် ၄၅ ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး ယခင်တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အလုပ်အမှု ဆောင်အဖွဲ့ဝင်များကိုလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားကြောင်းနှင့် ယခင်အလုပ်အမှုဆောင် အဖွဲ့ဝင် မည်မျှပါဝင်ယှဉ်ပြိုင်မည်ကိုမူ အတိအကျမသိရှိရသေးကြောင်း သိရသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ် တင်မြှောက်ပွဲကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် (စနေနေ့)မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၅ နာရီအထိ ကျင်းပ သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ် တင်မြှောက်ပွဲ ကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင် သည် မြန်မာနိုင်ငံ ဆရာဝန် အသင်း (ဗဟို) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲ ကို ပွင့်လင်းမြင်သာမှုရှိပြီး တရားမျှတမှုရှိစေရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်းနှင့် ရွေးချယ် တင်မြှောက် ပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၁ ရက် (စနေနေ့) တွင် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) နှစ်ပတ်လည် အစည်းအဝေးနှင့်အတူ မြန်မာနိုင်ငံဆရာဝန်အသင်း၌ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here