Tuesday, December 24, 2013

“အဖွဲ့အစည်းအမည်ခံနွားမှောင်ခိုသယ်ဆောင် နေသူကို ဖမ်းဆီးအရေးယူ”

0 comments
24.12.2013

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တရားမ၀င် ကျွဲနွားမှောင်ခို သယ်ဆောင်လာ သူများကို ရဲတပ်ဖွဲ့ကဖမ်းဆီး အရေးယူပြီး ဒီဇင်ဘာ (၁၇)ရက် နေ့က ကွတ်ခိုင်မြို့နယ်တရားရုံး သို့ တရားစွဲတင်ပို့ ခဲ့ကြောင်း သတင်း ရသည်။

ဒီဇင်ဘာလ (၅)ရက်နေ့၊ နေ့လယ် (၁၁)နာရီအချိန်က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာတွင် ပူးပေါင်းအဖွဲ့သည် ပြည်ထောင်စုလမ်းမကြီးအတိုင်း မူဆယ်မြို့ဘက်သို့ဦးတည်မောင်း နှင်လာသော ကုန်တင်ကားကြီး (၆)စီးကို စစ်ဆေးခဲ့ရာ ကားများ ပေါ်တွင် နွား(၁၃၂)ကောင်၊ကျွဲ (၉)ကောင်ကို တရားမ၀င်သယ် ဆောင်လာကြောင်း တွေ့ခဲ့ရ သည်ဆို၏။ ကျွဲနွားများ၏ပိုင်ရှင် မှာ ကောင်းခါးပြည်သူ့ စစ်အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဦးအောင်မြင့် ဖြစ်ကြောင်းသိရသဖြင့် ဦးအောင် မြင့်အပါအ၀င် ယာဉ်မောင်း (၇)ဦး အား နမ့်ဖတ်ကာရဲကင်းစခန်းက (ပ) ၁၄/၂၀၁၃ အရေးပေါ်ကုန် ပစ္စည်းနှင့် ၀န်ဆောင်မှု ဥပဒေပုဒ်မ ၅ အရအမှုဖွင့်အရေးယူခဲ့ပြီး  ကွတ်ခိုင်မြို့နယ် တရားရုံးသို့ ဒီဇင်ဘာ (၁၇)ရက်နေ့တွင်တရား စွဲတင်ပို့ခဲ့ရာ ပြစ်မှုကြီးအမှုအမှတ် ၄ ဖြင့် စစ်ဆေးကြားနာနေကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့ထံမှ သိရ သည်။

ကောင်းခါးပြည်သူ့စစ်အဖွဲ့ စီးပွားရေးတာဝန်ခံ ဦးအောင်မြင့် သည် နွားသယ်ဆောင်သည့် စာရင်း စာအုပ်ပျောက်ဆုံး၍ ငွေ ကျပ်သိန်းထောင်ချီပြီး ဆုံးရှုံးရ  သည်ဟုဆိုကာ ယင်းစာရင်းစာ အုပ် ထုတ်ပေးရန် ၎င်းင်း၏စာရေး မျိုးသက်ပိုင်နှင့် ယောက္ခမဖြစ်သူ ဦးရန်ချုံကွမ်း တို့ကို လားရှိုးမြို့နှင့် မိုင် (၅၀) ကျော်ကွာဝေးသော ကောင်းခါးမြို့သစ်သို့ စက်တင်ဘာ (၂၇) ရက်နေ့က ဖမ်းဆီးခေါ် ဆောင် သွားခဲ့သည်။ ယင်းနေ့က ဦးအောင်မြင့်နှင့် ပြည်သူ့စစ်များ လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ ဦးရန် ချုံကွမ်း နေအိမ်သို့ရောက်ရှိလာ ပြီး၊ ဦးရန်ချုံကွမ်းကို ကောင်းခါး မြို့သစ်ရှိ ဦးအောင်မြင့်၏နေအိမ် အထိ ဖမ်းဆီးခေါ်ဆောင်သွားကာ  (၃) ရက်ချုပ်နှောင်ထားပြီးနိုင်လွန်  ကြိုးဖြင့် ကြာပွတ်ပြုလုပ်၍ ရိုက် နှက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ကန် ကြောက်ခြင်း၊ လက်ချောင်းများ ကိုပလာယာဖြင့်ညှပ်၍ စစ်မေးခြင်း ၊ သေနတ်ဖြင့်ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် မြို့ပြင်  သင်္ချိုင်းသို့ခေါ်ဆောင်သွားကာ အသင့် တူးထားသော ကျင်းအတွင်း အိပ်စေ၍ မြေဖို့စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သဖြင့်သတိမေ့မြောသွား ခဲ့ရကြောင်း ဦးရန်ချုံကွမ်းက သတင်းထောက်များကိုပြောပြခဲ့ သည်။ အမျိုးမျိုးနှိပ်စက်မှုများပြု လုပ်ပြီးမှ လားရှိုးမြို့သို့ပြန်ပို့ပေးခဲ့  သဖြင့် ဦးရန်ချုံကွမ်းမှာ လားရှိုး ဆေးရုံကြီးတွင်အတွင်းလူနာ အဖြစ် ဆေးဝါး ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ယင်းသတင်းကို လားရှိုးမြို့ ခံ သတင်းစာဆရာများက ဂျာနယ် များတွင် သတင်းရေးသားခဲ့သည့် အတွက်လားရှိုးသတင်းစာဆရာ များကွန်ရက် ဥက္ကဋ္ဌဦးစံဇာဏီ အောင်၏နေအိမ်သို့ အောက်တို ဘာ (၁၅)ရက်နေ့၊ နေ့လယ်ပိုင်း တွင် ဦးအောင်မြင့် တို့လင်မယား နှင့် လက်နက်ကိုင်ပြည်သူ့စစ် (၅) ဦးတို့ရောက်လာ ကာသတင်းရေး သားသူကို အရေးယူမည်ဟု ခြိမ်း ခြောက်ပြောဆိုခဲ့သည်ဟု သိရ သည်။ ဦးအောင်မြင့်ထံတွင်လား ရှိုးသတင်းထောက်များ စုပေါင်း ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံ ပါလာပြီး တစ်ဦးခြင်းစီ၏အမည် နှင့်နေရပ်လိပ်စာကို မေးမြန်းသွား ခဲ့သည်ဟု ဦးစံဇာဏီအောင် က ပြောပြ သည်။ ပြည်သူ့စစ်(၅) ဦး တို့ထံတွင် သေနတ်(၅)လက်ကို ခါးကြားနှင့်နောက်ကြောဘက်တို့ တွင် ပေါ်ပေါ် တင်တင်အလွတ် ထိုးထားကြသည်ဟု ၎င်းကဆို သည်။

ဦးအောင်မြင့်က အဖွဲ့အစည်း အမည်ခံ၍ လက်နက်ကိုင်ကာ ပစ်ခတ်ခြောက်လှန့်ခြင်း၊ ခြိမ်း ခြောက်ခြင်း၊ မတရားဖမ်းဆီးနှိပ် စက်ခြင်း ကိစ္စရပ်များကို တစ်စုံ တစ်ရာအရေးယူဆောင်ရွက်ခြင်း မရှိသည့်အတွက် တာဝန်ရှိသူများ အား အများပြည်သူက အမျိုးမျိုး ဝေဖန်ပြောကြားနေကြသည့်အချိန် တွင် ယခုကဲ့သို့ ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်ပူးပေါင်းအဖွဲ့က နွားမှောင်ခို သယ်ဆောင်လာမှု ကို ပြတ်ပြတ်သားသား အရေး ယူဆောင်ရွက်ခဲ့သည့်အတွက် ဒေသခံပြည်သူများက ကျေနပ် အားရလျက်ရှိနေကြကြောင်း သတင်းရသည်။     

Hot News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here