Monday, December 30, 2013

ရှမ်းနီအမျိုးသားရေးအလံပေါ်ပေါက်ရေးအတွက် ဆွေးနွေးခဲ့သော်လည်း အတည်မပြုနိုင်သေးဟုဆို

0 comments
30.12.2013

န၀တလက်ထက်တွင် နိုင်ငံရေးဦးတည်ချက်များ ချမှတ်ခဲ့သဖြင့် ရှမ်းနီ လူမျိုးဟူ၍ စတင်ပေါ်ပေါက်လာခဲ့ပြီး ဦးတည်ချက်၁၂ရပ်ထဲမှ လူမှုရေး ဦးတည်ချက်အရ မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသလုံးတုံအုပ်စု၊ ကုန်းမ္မနကျေးရွာတွင်(၁၇)ကြိမ်မြောက် ရှမ်းနီလူမျိုး ကောက်ဦး ဆွမ်းဆက်ကပ်ပွဲနှင့် ရှမ်းနှစ်သစ်ကူး ပွဲ ပြုလုပ်မည်ဖြစ်ပြီး ရှမ်းနှစ်သစ် ကူးပွဲတွင် အသုံးပြုခွင့်ရှိသော ရှမ်းနီ တိုင်းရင်းသားများ အလံအား ရွေး ချယ်ပြီးခဲ့သော်လည်း အမျိုးသားရေးအလံအဖြစ် တစ်နိုင်ငံလုံး သဘောတူ အသုံးပြုရန်အတွက် ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း တာဝန်ခံများထံမှ သိရသည်။

 “ရှမ်းနီအမျိုးသားအလံအတွက်နဲ့ သွေးမကွဲဘဲ လူမျိုးအချင်းချင်း စည်းလုံးကြဖို့တော့လိုတယ်၊ ကိုယ့်လူမျိုးကိုညီညွတ်စေချင်တယ်၊စ ည်းလုံးမှုမရှိဘဲ စိတ်ဝမ်းကွဲကြမှာအကြောက်ဆုံးဘဲ၊ အင်အားမရှိရင် ဘ ယ်လူမျိုးမှဂရုမစိုက်ဘူး၊ ရှမ်းဗမာ၊ ရှမ်းတရုတ်၊ ကပြားတွေမဖြစ်ဘဲ ရှမ်းနီပါလို့ အမှန်အတိုင်းဝံခံရဲတဲ့ သတ္တိရှိစေချင်တယ်၊ တိုင်းလုံ၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလိုင်၊ တိုင်းလေဆိုပြီး၅မျိုး သတ်မှတ်ထားတယ်၊ ရှမ်းနီလူမျိုး ပေါ်ထွက်ရေးအတွက် ၂၀၁၄သန်းကောင်စာရင်းကောက်တဲ့ အခါမှာ လူမျိုးအမှန်ကို အမှန်အတိုင်းပြောစေချင်တယ်၊ တရားရှိသောသူကို တရားကစောင့်ရှောက်မယ်၊ တရားသောလူမျိုး၊ တရားသော လုပ်ဆောင်ချက်တွေ လုပ်ဆောင်ရဲရမယ်၊ လွတ်လပ်ပြီးသော လူမျိုး၊ လွတ်လပ် ပြီးသော နိုင်ငံမပြိုကွဲဖို့ဆိုရင် နယ်နမိတ်၊ လူဦးရေ၊ အစိုးရ၊ အချုပ်အချာအာဏာဆိုတဲ့ အချက်၎ချက် ခိုင်မာစွာ တည်ရှိရမယ်” ဟု ရှမ်းနီလူမျိုးဖြစ်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေသောင်း က ပြောသည်။

အလံဆိုသည်မှာ လူမျိုးတစ်မျိုးလုံး၏ ဦးညွတ်ရမည့် အမှတ်သင်္ကေတ ဖြစ်သေကြောင့် သေသေ ချာချာဆွေးနွေးရန် လိုအပ်ကြောင်း၊ နိုင်ငံရေးကျဆုံးခဲ့၍ ရှမ်းနီလူမျိုးပျောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ အခွင့်ပေးသည့် အချိန်တွင် ရှမ်းဝတ်စုံနီရန်နှင့် ညီရန် လိုအပ်ကြောင်း၊ ရခိုင်၊ မွန်၊ ဗမာ၊ ရှမ်းစသည့် လူမျိုး၎မျိုး သာ ဘုရင်ဖြစ်ခဲ့ပြီး ရှမ်းအမျိုးသားများအနေဖြင့် မညံ့ခဲ့ကြောင်း၊ ကချင်ပြည်နယ် လွတ်လပ်ရေး မော်ကွန်းဝင် ၆၈ယောက်ရှိခဲ့သည်တွင် ရှမ်းပြည်စော်ဘွားများသည် မိုးညှင်းမင်းတရားကြီးက ခန့်အပ်ပေး၍ ရာထူးရခဲ့ကြခြင်းဖြစ်ကြောင်း ၊ အမျိုးသား ကိုယ်စားပြု အလံမရှိသေး၍ သေသေ ချာချာစဉ်းစား ရွေးချယ်ဆွေးနွေးရပါမည်ဟု တစ်ချိန်က ရှမ်းမြို့တော်ဖြစ်ခဲ့သော ကချင်ပြည်နယ် မိုးညှင်းမြို့ အကြောင်းများကို ရှမ်းမျိုးနွယ်စုရေးရာ ကော်မတီ အထွေထွေ အတွင်းရေး မှူး စောခွန်ဌေးအောင်က သမိုင်းကြောင်းထောက်၍ရှင်းပြခဲ့သည်။

သီဟအောင်(ကချင်)
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here