Tuesday, December 24, 2013

နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုနှုတ်ခွန်းဆက်အမှာစကား

0 comments

Monday, December 23, 2013

ယနေ့ညနေပိုင်းက နေပြည်တော် မြို့တော်ခန်းမရင်ပြင်၌ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီထောက်ပံ့ပေးသည့်အဖွဲ့များအား တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲအခမ်းအနား၌ ဗီဒီယိုရုပ်သံဖြင့် ထုတ်လွှင့်ပြသခဲ့ သည့် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်၏ဂုဏ်ပြုနှုတ်ခွန်းဆက်အမှာစကား အပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်သည်-

ချစ်ခင်လေးစားရပါသော လူငယ်မောင်မယ်များခင်ဗျား-

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတော်ကြီး ကို အောင်မြင်စွာကျင်းပပြီးစီး ခဲ့ပြီဖြစ်ပါတယ်။ ဒီအားကစား ပွဲတော်ကြီးဟာ (၄၄)နှစ်ကြာမှ မြန်မာနိုင်ငံမှာ ပြန်လည်ကျင်းပနိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ယခင်က အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်းမရှိရာကနေ ယခုအချိန်မှ ပြန်လည်ကျင်းပ နိုင်ခွင့်ရ ရှိခဲ့တဲ့ အတွက် မြန်မာနိုင်ငံအနေနဲ့ အခွင့်အရေးလေး ခုရရှိခဲ့ပါတယ်။ ပထမအခွင့်အရေး ကတော့ ယခုကဲ့ သို့နိုင်ငံတကာ အားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံအနေဖြင့် ကျင်းပနိုင်စွမ်း ရှိပါ့မလားလို့ ပြည်တွင်းပြည်ပ မှ သံသယရှိနေသူတွေ ကို မြန်မာနိုင် ငံတော်နှင့် နိုင်ငံသားတို့အနေဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိတယ်ဆိုတာ ကို ပြသနိုင်တဲ့အခွင့်အရေးပဲ ဖြစ်ပါတယ်။

ဒုတိယအခွင့်အရေးကတော့ မြန်မာ့အားကစားသမားများရဲ့ စိတ်ဓာတ်၊ စွမ်းရည်၊ သန့်ရှင်းစွာ ယှဉ်ပြိုင်မှု၊ ရဲစွမ်းသတ္တိရှိမှု တို့ကို ပြသနိုင်တဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။ တတိယအနေဖြင့် နိုင်ငံတ ကာမှ အားကစား သမားများ၊ လာရောက်လေ့လာကြည့်ရှု သူများကို မြန်မာလူမျိုးများ၏ ယဉ်ကျေး သိမ်မွေ့မှု၊ ဖော်ရွေမှု၊ ကူညီစောင့်ရှောက်မှု၊ ကိုယ်ကျင့် တရားမြင့်မားမှုများ ကို ပြသနိုင်တဲ့အခွင့် အရေးပဲဖြစ်ပါတယ်။ နောက်ဆုံး အခွင့်အရေးကတော့ နိုင်ငံခြားသားများအနေဖြင့် အားကစား ပြိုင်ပွဲများသာမက မြန်မာနိုင်ငံ၏ အခြား စိတ်ဝင်စားစရာနေ ရာများကိုပါ လေ့လာခွင့်ရရှိသွားတဲ့ အတွက် နိုင်ငံနှင့်လူမျိုး၏ ပုံရိပ်ကိုမြှင့်တင်နိုင်တဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။

အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးမှာ နိုင်ငံအသီးသီးက အားကစားမောင်မယ်များ၊ ဧည့်သည်တော်များ ၊ နိုင်ငံတကာ နဲ့ ပြည်တွင်း က မီဒီယာသမား အမြောက်အမြားပါဝင် ဆင်နွှဲခဲ့ကြ ပါတယ်။

ဒီဧည့်သည်တော်များကို မြန်မာနိုင်ငံရဲ့ ယဉ်ကျေးသိမ်မွေ့မှု၊ ဖော်ရွေမှု၊ ကူညီစောင့်ရှောက်မှု၊ ကိုယ်ကျင့် တရားမြင့်မားမှုများ ကို ပြသနိုင်ရေး၊ မြန်မာနိုင်ငံအနေနဲ့ လုပ်နိုင်စွမ်းရှိတယ် ဆိုတာကို ပြသနိုင်ရေးဟာ အားကစားပြိုင်ပွဲများ မှာ မြန်မာ အားကစားမောင်မယ်များ အနိုင်ရရှိရေးလိုပဲ အရေး ကြီးလှပါတယ်။ အဲဒီတာဝန်ကို ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများမှာ ပါဝင်ဖျော်ဖြေခဲ့ကြ တဲ့ မောင်မယ်များ၊ ဆက်သွယ် ဆက်ဆံရေးအရာရှိများ၊ စေတနာ့ ဝန်ထမ်းများ၊ လုပ်အားပေးလူငယ်များက တာဝန်ယူ ဆောင်ရွက်ခဲ့ကြ တာဖြစ်ပါတယ်။

မောင်တို့မယ်တို့ဟာ ဒီတာဝန်များကို မိမိတို့ဆန္ဒအလျောက် တာဝန်ယူဆောင်ရွက်ခဲ့ကြ တာဖြစ်ပါတယ်၊ စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်သူဆိုတာဟာ အကျိုး၊ အမြတ် အခွင့်အရေး တစ်စုံတစ်ရာကို ရည်ရွယ်ခြင်းမရှိဘဲ အများအကျိုး၊ နိုင်ငံအကျိုးအတွက် မိမိတတ်စွမ်းသမျှ ကူညီ ဖြည့်ဆည်းပေး သူပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီတာဝန်ကိုထမ်းဆောင်ခဲ့ကြတဲ့အခါမှာ မောင်တို့ မယ်တို့ဟာ မိမိတို့ နှလုံးသားထဲမှာ နိုင်ငံ့ဂုဏ်သိက္ခာမြင့်မားစေဖို့အတွက် အစွမ်းကုန် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပျော်ရွှင် တက်ကြွစွာထမ်းဆောင် ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ပြိုင်ပွဲကာလ တစ်လျှောက် လုံးမှာ ကြုံတွေ့ခဲ့ရ တဲ့အခက်အခဲများ၊ အဆင်မပြေမှုများကိုလည်း နားလည်သည်းခံ ခွင့်လွှတ်တဲ့ စိတ်ထားနဲ့ ရင်ဆိုင် ကျော်လွှားခဲ့ကြပါတယ်။ နိုင်ငံရဲ့နေရာဒေသ အသီးသီးက ရောက်ရှိလာကြတဲ့ တိုင်းရင်းသား မောင်မယ် များဟာ အရှေ့တောင်အာရှအားကစားပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်နဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာဟာ ဂုဏ်ယူစရာ ဖြစ် ပါတယ်။

မောင်တို့မယ်တို့လိုပဲ ပြိုင်ပွဲဦးစီးကော်မတီများ၊ အထောက်အကူပြုအဖွဲ့များ၊ ပြိုင်ပွဲဝင် အား ကစားသမား များ၊ တပ်မတော်နဲ့ရဲတပ်ဖွဲ့မှ အရာရှိစစ်သည် များ၊ ဂီတအနုပညာရှင်များ၊ အတတ် ပညာရှင်များဟာလည်း (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ခဲ့ကြပါတယ်။

ဒါ့ကြောင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပ နိုင်ခြင်းဟာ မြန်မာပြည်သူ အားလုံးရဲ့ အောင်ပွဲပဲဖြစ်ပါတယ်။ဒီအောင်ပွဲကို မောင်တို့ မယ်တို့အပါအဝင် ပြည်သူအားလုံး က ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်တဲ့မျိုးချစ်စိတ်ဓာတ်နဲ့ ရယူပေးခဲ့ကြ တာ ဖြစ်ပါ တယ်။

ဒီကနေ့ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်နေတဲ့ အသွင်ကူးပြောင်းစ ဒီမိုကရေစီလမ်း ခရီးမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို အရေးတကြီး တည်ဆောက်နေ ရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်ကာလမှာ အခုလို လူ့အဖွဲ့အစည်း အသီးသီး၊ လူထု လူတန်းစားအလွှာအသီးသီးက အမျိုးသားရေး တာဝန်တစ်ရပ် ကို အောင်အောင်မြင်မြင်ပူးပေါင်း အကောင် အထည် ဖော်နိုင်ခဲ့တာဟာ ရှေ့ဆက်မယ့်ခရီးလမ်းအတွက် ခွန်အား သစ်တွေ ဖြစ်ထွန်းစေ ပါတယ်။ ဒီလိုသာ အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်မယ်ဆိုရင် ငြိမ်းချမ်း သာယာဝပြောတဲ့ ခေတ် တစ်ခေတ်ကို တည်ဆောက်နိုင်မှာ သေချာပါတယ်။

ဒါ့ကြောင့် မောင်တို့မယ်တို့အနေနဲ့ အရှေ့တောင်အာရှ အားကစား ပွဲတော်ကြီး က ရရှိလာ တဲ့ စိတ်ဓာတ်များ၊ အတွေ့အကြုံများ ကို နိုင်ငံတည်ဆောက်ရေးအတွက် ဆက်လက်အသုံးပြုသွားဖို့ တိုက်တွန်းအပ်ပါတယ်။

မောင်တို့မယ်တို့အားလုံး ကျန်းမာပျော်ရွှင် အောင်မြင်ကြပါစေ။

MOI Webportal Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here