Tuesday, December 3, 2013

ရန်ကုန်ဆေးရုံကြီး ပင်မအဆောက်အအုံ မပြင်ဆင်သေးဟုဆို

0 comments


3.12.2013

ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် ပင်မ အဆောက်အအုံကြီးကို အသစ်ပြုပြင် ဆောက်လုပ်ရန် စီစဉ် ထားသော် လည်း ယခုဘဏ္ဍာနှစ်တွင် ဆေးရုံ ပရိဝုဏ်အတွင်း လိုအပ်ချက်များကို ကနဦး မွမ်းမံပြင်ဆင် နေသောကြောင့် ပင်မ အဆောက်အအုံကို ပြင်ဆင်ဦးမည် မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြား သည်။

ယင်းသို့ ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် သုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်ငါး ဘီလီယံ ချထားပေးခဲ့ရာ အဆိုပါ အသုံးစရိတ်များနှင့် ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်းနှင့် အခြား အဆောက်အအုံပိုင်း လိုအပ်ချက် များ ဖြည့်ဆည်းထားကြောင်း၊ လာမည့် ဘဏ္ဍာနှစ်များတွင် သီးသန့် အသုံးစရိတ်များ ထပ်မံချထားပေးရန် စီစဉ်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။“ပြင်ဆင်ရေးအတွက် နှစ်စဉ်အသုံး စရိတ်က ချပေးနေမှာ။ ပင်မအဆောက်အအုံ ဘယ်တော့ ပြင်မလဲ ဆိုတာကတော့ စီမံကိန်း (Master Plan) ထွက်လာမှရမယ်။ စီမံချက်က အခု မှ ရေးနေတုန်းပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိ အချိန်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှိ ဆီး၊ ကျောက်ကပ်၊ အသည်း၊ ရင်ခေါင်း၊ ကင်ဆာနှင့် အရိုး၊ အကြော၊ အဆစ် ရောဂါဌာနများကို ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ခုတင် ၅၀၀ ဆံ့ အထူးကု ဆေးရုံသို့ ယခုနှစ်မကုန်ခင် ပြောင်းရွှေ့ရန် စီစဉ်ထားပြီး ကျန်ဌာနများကိုမူ သူနာပြု တက္ကသိုလ်ရှေ့ မင်းရဲကျော်စွာ ယာဉ်ရပ်နား စခန်းဝင်းတွင် အဆောင် သစ် ဆောက်လုပ်ကာ ပြောင်းရွှေ့ သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

The  Voice  Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here