29.12.2013
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ (NCCT) နဲ့ အစိုးရ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (MPC)တို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ပါ တယ်။
NCCT&MPC9အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့တိုရဲ့ ငြိမ်းချမ်းရေးမူဘောင်တွေ ၈၀ ရာခိုင်နှုန်းအထက် သဘောတူခဲ့ကြတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေ က ပြောပါတယ်။
“ဆွေးနွေးပွဲ အကြိမ်ရေစိတ်လာတော့ ကျနော့်တို့ထင်တာ ထက် နှစ်ဖက်ဆွေးနွေးရတာ ပိုပြီးတော့ အဓိပ္ပါယ်ရှိလာပြီး ပိုအကျိုးရှိလာတယ်။ အရင်တခေါက် မြစ်ကြားဆွေးနွေးပွဲပြီးတော့ ရန်ကုန်မှာဆွေးနွေး ကြတယ်။ အဲဒီ ရန်ကုန် ဆွေးနွေးပွဲပြီးတုန်းက ပဒို ကွယ်ထူးဝင်းတို့က ၅၀ ရာခိုင်နှုန်းတူတယ်ပြောတယ်။ ဒီနေ့တော့ ၈၀ ရာခိုင်နှုန်းအထက်ကို မူအားဖြင့် တူကြပါတယ်။”
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်အတွင်းမှာ ထပ်မံဆွေးနွေး မှာပါ။ နောက်တကြိမ်ဆွေးနွေးပွဲကို ၂၀၁၄ နှစ် ဇန်န၀ါရီလ ၂၀၊ ၂၁၊ ၂၂ ရက်နေ့မှာ ကရင်ပြည်နယ် လေးဝါးမှာ အကြိုဆွေးနွေးပွဲ ပြုလုပ်မှာဖြစ်ပြီး ကရင်ပြည်နယ် ဘားအံမြို့မှာတော့ ဇန်န၀ါရီ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
တပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အန်စီစီတီအဖွဲ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်း ၂ ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲကနေ ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၄ ဖွဲ့က ကိုယ်စားလှယ် ၁၄ ဦး ပါဝင်ပြီး အဖွဲ့ခေါင်းဆောင်အနေနဲ့ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။
DVB