Thursday, December 12, 2013

ရှမ်းပြည်နယ် ဟိုပုံးမြို့တွင် ဘိန်းစိမ်း ၃.၂ ကီလိုဖမ်းဆီးရမိ

0 comments


12.12.2013

၁၁-၁၂-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်တွင် ရှမ်းပြည်နယ်၊ အမှတ်(၂၅)မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (တောင်ကြီး)မှတပ်ဖွဲ့ဝင်များနှင့် ဟိုပုံးမြို့ မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများ နှင့်အတူ ဟိုပုံးမြို့နယ်၊ ကျူမုန်ရွာနေ စိုင်းငို (၄၂)နှစ် ၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ နေအိမ်အောက် ထပ် ပြောင်းဖူးအိတ် များကြားရှိ Rose Detergent Power တံဆိပ်ပါ ဖြူ/နီ ဆာလာအိတ်အတွင်းမှ အနက်ရောင် ပလတ် စတစ်ဖြင့်ထုပ်ထားသော ဘိန်းစိမ်း အလေးချိန် (၁.၄) ကီလိုခန့်ပါ(၁)ထုပ်၊ (၁) ကီလိုခန့် ပါ(၁)ထုပ်၊(၀.၈) ကီလိုခန့်ပါ (၁)ထုပ်၊ စုစုပေါင်း (၃)ထုပ်၊ စုစုပေါင်းအလေးချိန် (၃.၂) ကီလိုနှင့် တန်ဖိုးငွေကျပ်(၂၀၈၀၀၀၀ိ/-)အား ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့ သဖြင့် စိုင်းငိုအား ဟိုပုံးမြို့မရဲစခန်း မယ(ပ)၃၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here