Thursday, December 12, 2013

မီဒီယာထိုးနှက်ချက်ကြောင့် ဗန်းမော် - မံစီ - ကိုက်ထိပ် - နမ့်ခမ်း လမ်းပြုပြင်ဖွင့်လှစ်နိုင်ရေး အခက်ကြုံနေရဆဲ

0 comments


12.12.2013

အစိုးရနှင့် KIO တို့ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်နေ့ထိ ပြုလုပ်ခဲ့သော ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွင် ဗန်မော်-မံစီ-ကိုက်ထိပ်-နမ့်ခမ်းလမ်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေး သဘောတူညီ ခဲ့သော်လည်း ၂ လနီးပါး ကြာသည်ထိ အစပင်မပျိုးနိုင် သေးကြောင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လမ်း/တံတားအင်ဂျင်နီယာတစ်ဦးထံမှ သိရ သည်။

``ကျွန်တော်တို့ နိုဝင်ဘာလထဲမှာ စလုပ်ဖို့လျာထားတာပါ။ လမ်းကိုအရင်ဆုံး ပြုပြင်ရပါမယ်။ အဓိက ပြင်ရမှာက တိုက်ပွဲ ကာလတွေတုန်းက KIA အဖွဲ့ မိုင်းခွဲ ဖျက်ဆီးခဲ့တဲ့ တံတားတွေပါ၊ ဒါပေမယ့် လမ်းကြောင်းပေါ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတော့ လုပ်ငန်းမစနိုင်သေးပါဘူး´´ ယင်း အင်ဂျင်နီယာက ပြောပြသည်။

ပြည်နယ်အစိုးရရုံးမှ တာဝန်ရှိသူတစ်ဦးကတော့ ``မန်စီမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မြေပြင်မှာ ဖြစ်နေတာနဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေက ကွဲလွဲနေပါတယ်။ တစ်ချို့ဂျာနယ်တွေဆိုရင် ပြည်သူအထိတ်တလန့် ဖြစ်စေတဲ့ သတင်း တွေ ကို ရေးသားနေကြတာ တွေ့ရတယ်´´ ဟု ဆိုသည်။

``မုန်ဒိန်ပါနဲ့ နမ့်လင်းပါ ကျေးရွာတွေအနီးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ KIA ကစပြီး ရန်စလို့ အစိုးရတပ်က ပြန်ခုခံရင်း ဖြစ်ကြ တဲ့ တိုက်ပွဲတွေပါ၊ အဖြစ်မှန်က ဒီမံစီ-ကိုက်ထိပ်-နမ့်ခမ်းလမ်းပြင်ဖို့ ပဆငအဖွဲ့တွေ သွားရေးလာရေး အန္တရာယ် ကင်းအောင် အစိုးရတပ်က လင်းရှင်းပေးတာပါ၊ ဒါက အဓိကတစ်ချက်ပေါ့´´

``ဒုတိယတစ်ချက်က KIA အဖွဲ့က ဒီကားလမ်းမကြီး ဘေးဘယ်ညာမှာ သစ်ခိုးခုတ်ပြီး ပုံထားတာအများကြီးပဲ၊ သစ်ခိုး ထုတ် နေတာကို တပ်တွေမသိအောင် ဟန့်တားတဲ့သဘောပေါ့၊ အစိုးရတပ်က နယ်မြေရှင်းရင်း သစ်မှောင်ခိုတွေ မိတာ တောက် လျှောက်ပဲ၊ အဲဒီလမ်းကို အစိုးရတပ်က မလာအောင် KIA က အကြောင်းရှာပြီး တိုက်ပွဲတွေ ဖန်တီးနေတာ´´ ဟု ဆက်လက် ပြောပြသွားသည်။

ဗန်းမော်-မံစီ-ကိုက်ထိပ်-နမ့်ခမ်းလမ်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ခြင်းလုပ်ငန်းများမှာ တိုက်ပွဲများကြောင့် လုပ်ငန်း မစ နိုင်သေးကြောင်း၊ လတ်တလောကာလတွင် KIA မှ လူသစ်စုဆောင်းမှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှု များပြားနေကြောင်း မံစီမြို့ခံတစ်ဦးထံမှ သိရသည်။

``သစ်ခိုးထုတ်မှုက မံစီနဲ့ နမ့်ခမ်းက မှောင်ခိုလမ်းကြောင်း ရှိတယ်လေ။ အစိုးရတပ်တွေလာရင် KIA က သစ်မှောင်ခိုတွေ မိသွားမှာစိုးလို့ ဒုက္ခသည်တွေ မဖြစ်ဖြစ်အောင် ဖန်တီး၊ အစိုးရတပ်တွေက အင်အားအလုံးအရင်းနဲ့ ၀င်ေ၇ာက်လာပါတယ် ဆိုပြီး မီဒီယာကနေတစ်ဆင့် အော်ခိုင်းရေးခိုင်းနေတာဟာ အဓိကကတော့ KIA က သူ့အကျိုးစီးပွားအတွက် ရည်ရွယ် ချက် ရှိရှိ ဖန်တီးနေတာ´´ ဟု ကချင်အရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

အဖြစ်မှန်ကိုဖုံးကွယ်ရေးသားနေသော မီဒီယာထိုးနှက်ချက်ကြောင့် ဗန်းမော်-မံစီ-ကိုက်ထိပ်-နမ့်ခမ်းလမ်း ပြုပြင်ဖွင့်လှစ် နိုင်ရေး အခက်ကြုံနေ ရဆဲဖြစ် ကြောင်း သိရှိရပါသည်။

အယ်လ်နော်ဆိုင်း
KDN

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here