Thursday, December 26, 2013

မွန်နှစ်ပါတီပေါင်းစည်းရေး ပျက်

0 comments
26.12.2013

မွန်အမျိုးသားများအားလုံး၏ ဆန္ဒများအရ မွန်နှစ်ပါတီ ပေါင်းစည်းရေး လုပ်ငန်းများကို ဆောင်ရွက်လာပြီး တစ်နှစ်ခွဲကျော်ခန့်တွင် နှစ်ပါတီ ပေါင်းစည်းရေးမှာ ပျက်ပြယ်သွားပြီဟု မွန်ဒီမိုကရေစီပါတီမှ တာဝန်ရှိသူ များက မဇ္ဈိမကို ယနေ့ အတည်ပြု ပြောသည်။

မွန်ဒီမိုကရေစီပါတီမှ ဗဟိုစည်းရုံးရေးဌာနမှူး ဦးနိုင်ပန်းအောင်က “မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဘက်က အခု မွန်ပြည်နယ် စက်မှုဝန်ကြီးရယ် အတွင်းရေးမှုးတို့တွေနဲ့ တခြားအနည်းစုက ကန့်ကွက်တော့ ပေါင်းစည်းရေးက လုံးဝ ပျက်သွားပြီ”ဟု တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။

နှစ်ပါတီပေါင်းစည်းရေး ပျက်ပြယ်ခဲ့ရခြင်းမှာ ပူးပေါင်းမည့်နှစ်ပါတီအနက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေ စီပါတီအတွင်းရှိ ပါတီဝင်အချို့၏ ကန့်ကွက်မှုများ ရှိနေခြင်းကြောင့် နှစ်ပါတီပူးပေါင်းရေး ပျက်ပြယ် ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဒါပေမဲ့ အဲဒီပါတီကနေပြီးတော့ ဒီဘက်နဲ့ပေါင်းချင်လို့ ခွဲထွက်လာသူတွေ ကိုတော့ လက်ခံပြီး ပါတီအ သစ် မွန်အမျိုးသားပါတီအနေနဲ့ ဆက်သွားဖို့ မှတ်ပုံပြန်တင်မယ်”ဟု မွန်ဒီမိုကရေစီပါတီမှ ဗဟိုစည်းရုံး ရေး ဌာနမှူး ဦးနိုင်ပန်းအောင်က ဆိုသည်။

လက်ရှိတွင် မွန်နှစ်ပါတီပေါင်းစည်းရေးမှာ ပျက်ပြယ်သွားပြီဖြစ်သော်လည်း ၎င်းတို့ပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာပါတီမှ ခွဲထွက်လာသူတို့ ပူးပေါင်းကာ မွန်အမျိုးသားပါတီအမည်ဖြင့် ပူးပေါင်းပါတီထူထောင်ကာ ရပ်တည်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

မဇ္ဈိမအနေဖြင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင် မွန်ပြည်နယ်စက်မှု ၀န်ကြီးနှင့် ပါတီအတွင်းရေး မှူးတို့အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဒီဇင်ဘာလ ၂၅ ရက်၊ ၆ နာရီခွဲခန့်အထိ ဆက်သွယ်၍ မရ ခဲ့ပေ။

နှစ်ပါတီပူးပေါင်းနိုင်ရေး ၁၉ ကြိမ်မြောက် အစည်းဝေးကို ဒီဇင်ဘာလ ၂၂ ရက်တွင် ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုပါတီသည် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကာလတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် တည်ထောင်ခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here