Thursday, December 26, 2013

မူးယစ်ဆေးတိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း ငြိမ်းချမ်းရေး ကို အဟန့်အတားဖြစ်ဟု RCSS သုံးသပ်

0 comments
26.12.2013

အစိုးရ UNODC နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်ရန် သုံးပွင့်ဆိုင် သဘောတူ ညီထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း အစိုးရဘက်မှ ပူးပေါင်းမှု မရှိခြင်းသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ခက်ခဲရုံမျှမကဘဲ ငြိမ်းချမ်းရေး အတွက် ယုံ ကြည်မှုတည်ဆောက်ရန်အတွက်ပါ အဟန့်အတားဖြစ်စေသည်ဟု RCSS က သုံးသပ်သည်။

RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီက စံပြရှေ့ပြေး အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းနှင့် မူးယစ် ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်း အကောင်အထည်ဖော်မှုအပေါ် သုံးသပ်ထားသည့် ထုတ်ပြန် ချက်တစ်စောင်ကို ဒီဇင်ဘာလ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

“ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ရယူထားကြသော သဘောတူညီချက် များအပေါ် လက်တွေ့ အ ကောင်အထည်ဖော် လိုက်နာဆောင်ရွက်ခြင်း မရှိသည့် ဤကဲ့သို့သော လုပ်ဆောင်ရပ်များသည် ငြိမ်း ချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရန် အခက်အခဲဖြစ်စေသည့် အကြောင်းအရာ တစ်ခုပင် ဖြစ် သည်”ဟု ဆိုသည်။

ဘိန်းအစားထိုးစိုက်ပျိုးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် သုံးပွင့်ဆိုင်သဘောတူညီချက် များသည် စာရွက်ပေါ်တွင်သာရှိပြီး လက်တွေ့ အ ကောင် အထည်ဖော်နိုင်ခြင်း မရှိသေးဟု RCSS က ထုတ်ပြန်ထားသည်။

“မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရာတွင် အစိုးရဘက်မှ ပူးပေါင်းဆောင် ရွက်လိုသည့် ဆန္ဒမရှိ”ဟု လည်း ဝေဖန် သုံးသပ်ထားသေးသည်။

“မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ဆိုတာ တပ်မတော်ဘက်ရယ်၊ အစိုးရဘက်ရယ် နောက်ပြီးတော့ RCSS ဘက်ရယ် ပူးပေါင်းဖို့က တအားကြီး လိုအပ်နေတယ်ပေါ့။ သူတို့က မပူးပေါင်းဘူးဆိုရင် ဒီကိစ္စက လွယ် လွယ်လေးနဲ့ဖြစ်လာမယ့် ကိစ္စမဟုတ်ဘူး”ဟု RCSS ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရွက်ဆစ်က မဇ္ဈိမနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့ဖူးသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရန်အတွက် RCSS နှင့် အစိုးရတို့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးရာတွင် သ ဘောတူညီမှုရှိထားသကဲ့သို့ သီးခြားအနေဖြင့် အစိုးရ၊ UNODC နှင့် RCSS တို့ သုံးပွင့်ဆိုင် စံပြရှေ့ပြေး အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းနှင့် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်း အကောင်အထည်ဖော် ရေး အတွက် ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလက အချက်ကိုးချက်ဖြင့် သဘောတူညီထားကြသည်။

ယင်းကဲ့သို့ သဘောတူညီရာတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးနဲနှင့်မိုင်းပန် နှစ်မြို့နယ်တွင် မူးယစ်ဆေး ၀ါးတိုက်ဖျက်ရေးလုပ်ငန်းများ၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် သုံးပွင့် ဆိုင် သဘောတူညီထားခြင်းဖြစ်သည်။

ထိုသို့ သဘောတူညီချက်များကို လက်တွေ့တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် RCSS က၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ မိုးနဲနှင့် မိုင်းပန်မြို့နယ်များရှိ ကျေးရွာများကို ကွင်းဆင်းကာ အချက်အ လက်ရယူခြင်း (Needs Assessment) ဆောက်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် ဇူလိုင်လ၂၅ ရက် တွင် မိုင်းပန်မြို့၌ ဆောင်ရွက်နေစဉ်ကာလအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ မပါဝင်ရန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ CCDAC က ရဲမှူး ကျော်ဆန်းက တားမြစ်သဖြင့် CCDAC အဖွဲ့ခေါင်းဆောင် ရဲမှူးကြီးမြင့်သိန်းကို စာဖြင့်မေးမြန်းခဲ့သော် လည်း တုံ့ပြန်မှု တစ်စုံတစ်ရာမရှိခဲ့ဟု RCSS က ဆိုသည်။

ယင်းကိစ္စများကို မေးမြန်းရန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ရဲမှူးကြီးမြင့်သိန်း၏ရုံးဖုန်း ကို မဇ္ဈိမက ဆက်သွယ်သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။

မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် အစိုးရဘက်မှ ပူးပေါင်းမှုမရှိပါက RCSS အနေဖြင့် ဘိန်းစွဲနေသူများကို ဘိန်းဖျက်ရန်အတွက် ဘိန်းဖျက်စခန်းဖွင့်လှစ်ခြင်း၊ ဘိန်းစိုက်တောင်သူများအနေဖြင့် အစားထိုးသီးနှံစိုက် ပျိုးနိုင်စေရန် ပံ့ပိုးပေးခြင်းနှင့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်း စသော အချက်သုံးချက်ဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု ဦးရွက်ဆစ်က ပြောသည်။ သို့သော် အသိပညာပေးမှုကိုသာ ဆောင်ရွက်နိုင်သေးသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုမှာ လေးဆခန့် မြင့်တက်ခဲ့သည်ဟု ကုလသမဂ္ဂ မူး ယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုတားဆီးရေးရုံး UNODC ၏ နှစ်စဉ် အစီရင်ခံစာက ဖော်ပြထားသည်။ ထို့အ ပြင် ဘိန်းစိုက် ခင်းဖျက်ဆီးနိုင်မှု ၅၂ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ထုတ်လုပ်မှုမှာလည်း ၂၆ ရာခိုင်နှုန်း မြင့် တက်ခဲ့သည်ဟု UNODC ၏ နှစ်စဉ် အစီရင်ခံစာတွင် ပါရှိသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here