၉၆၉ နာမည်မသုံးရန် တားမြစ်မှု ကလောမြို့တွင် ဖြစ်ပွား
ရှမ်းပြည်နယ် ကလောမြို့အထွက် ရွှေဇင်ယော်စက်သုံးဆီအရောင်းဆိုင်အနီးရှိ ဒေသထွက်လက်ဆောင်များ ရောင်းချသော ဆိုင်တန်းမှ “ ၉၆၉ မေရှမ်း ” နှင့် “ ၉၆၉ ရွှေစင် ”အမည်ရှိ ဆိုင်းဘုတ်ရေးထားသော ဆိုင်ခန်းနှစ်ခန်းအား ဇွန် ၁၄ ရက်မနက်ပိုင်း တွင် More
ဗိုလ်ချုပ် ဆေထင် ပြောစကားများက ပြည်ထောင်စုကြီးတစ်ခုလုံး ပြိုကွဲသွားအောင် သွေးထိုးလှုံ့ဆော် လိုက်တဲ့ သဘောလား….?
ဆက်ကြေးကောက်၊ ဘိန်းခွန်ကောက်၊ သစ်ခိုးထုတ် တဲ့ တရားမ၀င်လုပ်ရပ်တွေကိုတော့ လုပ်လို့မရတော့ ဘူးပေါ့။ ဒ့ါကြောင့် ဦးဆေထင် လက်နက်မစွန့် ချင်တာ More
Monday, August 12, 2013
အရက်သောက်ပြီး ယာဉ်မောင်းသူ နှစ်ဦးကို မန္တလေးတွင် အရေးယူ
Categories :
သြဂုတ်လ(၁၂)ရက်
မန္တလေးမြို့တော်တွင် ညအချိန် အရက်သောက်၍ ယာဉ်မောင်းသူများကို
အရက်မူးတိုင်း ကိရိယာဖြင့် စတင် စစ်ဆေးရာ သတ်မှတ်ထားသည့် ပမာဏထက်
ကျော်လွန်ပြီး အရက် သောက်သုံးသူ နှစ်ဦးကို ငွေဒဏ် အရေးယူခဲ့ကြောင်း
မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
ညအချိန်တွင် ယာဉ်တိုက်မှု လျော့ကျစေရန်အတွက် ယာဉ်မောင်းများကို
အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးခဲ့ရာ သြဂုတ်လ ၇ ရက်နေ့ ညတွင် ဆိုင်ကယ်
ယာဉ်မောင်း တစ်ဦးနှင့် မော်တော်ယာဉ်မောင်း တစ်ဦးသည် သတ်မှတ်နှုန်းထက်
ကျော်လွန်၍ အရက် သောက်ထားကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ ကြောင်း အဆိုပါ
ရုံးထံမှ ထပ်မံ သိရသည်။
“အရက်ကို လုံးဝ မသောက်ရဘူး မဟုတ်ပါဘူး။
သတ်မှတ်နှုန်း ထက် ကျော်လွန်ပြီး သောက်တဲ့သူတွေ ကို စည်ပင်သာယာ ဥပဒေအရ
အရေးယူသွားမှာပါ။ အရက် အလွန်အကျွံ သောက်ထားတဲ့သူဆို သူ့အိမ်ကို ဆက်သွယ်ပြီး
အိမ်ကနေ တစ်ယောက်ယောက်က လာခေါ်ပြီး မောင်းခိုင်း တာတွေ လုပ်ရပါတယ်” ဟု
မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက
ဆိုသည်။
အရက် ၀ ဒသမ ၇ ပမာဏထက် ကျော်လွန် သောက်သုံးထားသူများ
စစ်ဆေး တွေ့ရှိပါက စည်ပင်သာယာ ဥပဒေအရ ငွေဒဏ် တစ်သောင်းကျပ် မှ
သုံးသိန်းကျပ်အထိ ဖြစ်စေ၊ သို့မဟုတ် ထောင်ဒဏ် သုံးလဖြစ်စေ
အရေးယူနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မန္တလေးမြို့တော်
ညပိုင်း အချိန်တွင် အရက်သောက်ကာ ယာဉ်မောင်းနှင်မှု ကို ဇူလိုင်လ ၂၆ ရက်နေ့မှ
စတင် စစ်ဆေးခဲ့ပြီး တစ်လလျှင် လေးကြိမ် ခန့် ရှောင်တခင် စစ်ဆေးသွားမည်
ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
the voice
ဗီယက်နမ် တာဇံ သား အဖ
Categories :
သြဂုတ်လ(၁၂)ရက်

ဗီယက်နမ် သားအဖ ၂ ယောက်ကို နှစ်ပေါင်း ၄၀ ကျော်ကြာပြီးမှ ဒေသခံ ရွာသားတွေက တောနက်တခုထဲ
မှာ ပြန်လည် တွေ့ရှိခဲ့ကြပါတယ်။
အခုလို ပြန်တွေ့ချိန်မှာ အသက် ၄၁ နှစ်အရွယ် သားဖြစ်သူ ဟိုဗန်လန်း က သန်မာပေမယ့် အသက် ၈၂ အ ရွယ် ဖခင်ဖြစ်သူက မသန်မာတော့လို့ တောထဲကနေ ထမ်းစင်နဲ့ ခေါ်လာခဲ့ရပါတယ်။
သူတို့ဟာ တကယ်တော့ စစ်ပြေး ဒုက္ခသည်တွေဖြစ်ပါတယ်။ တချိန်က အမေရိကန်- ဗီယက်နမ်စစ်ပွဲကာလ စစ်ကို ရှောင်တိမ်းပြေးရှောင်ရင်း လူ့ပတ်ဝန်းကျင်နဲ့ ကင်းကွာရာတောတောင်တွေထက် ကျင်လည်ကျက် စားခဲ့ကြပါတယ်။ ဇနီးနဲ့ သား ၂ ယောက် မိုင်းနင်းမိပြီး ကွယ်လွန်သွားပြီးနောက် သူတို့ သားအဖ လူသူ ဝေး တဲ့ တောတွင်းမှာပဲ နေထိုင် ရှင်သန်လာကြတယ်လို့ ဆိုပါတယ်။
ဘာသာစကားအာဖြင့် တိုင်းရင်းသား စကားကို သားဖြစ်သူက နည်းနည်းသာ နားလည်ပြီး ဖခင်က အဖြစ်အပျက်တွေကို ပြန်ပြောပြလို့ သိရတာလည်း ဖြစ်ပါတယ်။
သူတို့ဟာ ဓားနဲ့ မြှားကို အသုံးပြုပြီး အမဲလိုက်စားသောက် ရှင်သန်နေခဲ့ကြတာပါ။ ဗီယက်နမ် တာဇံ သားအဖလို့ ပြောရမလားပါဘဲ။ အခုတော့ သူတို့ကို ပြန်ခေါ်လာပြီး ကျန်းမာရေး ဆေးစစ်မှုတွေ လုပ်ပေးနေတယ်လို့ ဗီယက်နမ် သတင်းတွေက ဆိုပါတယ်။
အခုတော့ နှစ် ၄၀ ကျော်ကြာ စစ်ပွဲတွေရဲ့ အကျိုးဆက်အဖြစ် တာဇံတွေလို နေခဲ့ကြတဲ့ သားအဖ ၂ ဦး
ခေတ်သစ် လူ့ပတ်ဝန်ကျင်ထဲပြန်လည်ဝင်ဆန့်ရေးအတွက် အားလုံးက ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး တောတွင်းမှာပဲ တာဇံလို အသက်ရှင် ရပ်တည်ခဲ့သူ မြန်မာနိုင်ငံ ချင်းပြည်နယ်က ချိုင်းဒီ ဆိုတဲ့ အမျိုးသမီးကိုလည်း ယမန်နှစ်က နှစ်ပေါင်း ၄၀ နီးပါးလောက်မှာ ပြန်လည် တွေ့ခဲ့ရဘူးပါတယ်။
သူ့အကြောင်းနဲ့ပတ်သက်လို့လည်း ဧရာဝတီက ချင်းနွယ်ဖွား အမျိုးသမီးတာဇံ ချိုင်ဒီ ဆိုပြီး ယမန်နှစ်က ဖ်ာပြခဲ့ဖူးပါ တယ်။ဤနေရာ ( http://blog.irrawaddy.org/2012/09/blog-post_9316.html ) ကို သွားကြည့်နိုင်ပါ တယ်။
ဧရာဝတီ
ကိုရီယား မင်းသား လီဗြောင်ဟွန်း လက်ထပ်လိုက်ပါပြီ
Categories :
သြဂုတ်လ(၁၂)ရက်
ကမ္ဘာတလွှားက ကိုးရီးယား လှိုင်းရယ်လို့ ပြောကြတဲ့ တောင်ကိုရီးယား ရုပ်ရှင်လောကမှာ အကောင်းဆုံး နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေထဲက တဦးဖြစ်ပြီး မြန်မာ ပရိသတ်တွေ ရင်းနှီး ပြီးသား ဖြစ်တဲ့ ( Iris ) မင်းသား လီဗြောင်ဟွန်းဟာ စနေနေ့ကပဲ ရုပ်ရှင် သရုပ်ဆောင် မင်းသမီး လီမင်ဂျောင်နဲ့ လက်ထပ်လိုက် ပါပြီ။
မင်းသား လီဗြောင်ဟွန်နဲ့ မင်းသမီး လီမင်ယန်း၊ ဓာတ်ပုံ- The Straits Time
အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ မင်းသား လီဗြောင်ဟွန်းက သူ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီး သတင်းထောက်တွေ ကို ပြောတာမှာ “အိပ်မက်တွေက အခုတော့ တကယ်ဖြစ်လာခဲ့ပါပြီ” လို့ ပြောခဲ့ပါတယ်လို့ အေအက်ဖ်ပီ သတင်း တပုဒ်မှာ ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ တင်ပြထားပါတယ်။
တကယ်တော့ မင်းသား လီဗြောင်ဟွန်းဟာ သူနဲ့ လက်ဆက်ထိမ်းမြားမယ့် မင်းသမီးလီနဲ့က နှစ်ရှည်လများ ချစ်သူတွေ အဖြစ်နဲ့ လက်တွဲခဲ့ကြတာပါ။
မင်္ဂလာပွဲကျင်းပတဲ့ နံနက်ပိုင်းက လျှပ်စီးတွေလက်၊ မိုးတွေခြိမ်းခဲ့ တာကြောင့် ကိုရီယား ရှေးလူကြီးတွေ အဆိုအရ ဒါဟာ မင်္ဂလာဦးအတွက် နမိတ်ကောင်းလို့ ဆိုတာကြောင့် သေတပန်သက်တဆုံး ပျော်ရွှင်စွာ
ရွှေလက် တွဲရမှာ မုချဖြစ်တယ်လို့ သတို့သမီး လီက ပြောပါတယ်။
စိတ္တဇ လူသတ်သမားဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေ အသိများတဲ့ သတို့သား လီဗြောင်ဟွန်းဆိုတာ ကိုရီးယား တီဗွီ ဇာတ်လမ်းတွဲတွေမှာ နာမည်ကြီး မင်းသား တယောက်လည်းဖြစ်တာ အထူးပြောပြနေစရာ မလိုပါဘူး။
အလားတူ သတို့ သမီး လီကလည်း Boys Over Flowers ဆိုတဲ့ အထက်တန်း ကျောင်းသား ဘ၀တွေကို အခြေခံ ရိုက်ကူး တဲ့ တီဗွီ ဇာတ်လမ်းတွဲမှာ လူသိများသူ တယောက်ဖြစ်လာခဲ့တာပါ။
ဆင်စွယ်ခိုးဂိုဏ်း အမှုလိုက် စခန်းမှူး ပြစ်ဒဏ် ပြင်းထန်
Categories :
သြဂုတ်လ(၁၂)ရက်
ငပုတောမြို့နယ်အတွင်း အစွယ်ဖြတ်၍အသတ်ခံထားရသည့် တောဆင်တကောင်အား ရဲတပ်ဖွဲ့ဝင်များကြည့်ရှု
စစ်ဆေးနေစဉ် (ဓာတ်ပုံ- ဧရာဝတီ)
ဆင်သတ်ပြီး အစွယ်ဖြတ်ယူနေသည့် ဆင်စွယ်ခိုးဂိုဏ်းများကို ဖော်ထုတ်ရန်ကြိုးပမ်းစဉ် သံသယတရားခံများကို ရိုက်နှက်စစ်ဆေးသည်ဟုဆိုကာ ငပုတောစခန်းမှူး ရဲအုပ် စိုးမင်းအား မြန်မာနိုင်ငံ ရဲချုပ်က ရဲတပ်ဖွဲ့မှထုတ်ပယ်၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ်မှုမှာ လုပ်ထုံးလုပ်နည်းနှင့် ညီ မညီ မေးခွန်းများ ထွက်လာနေသည်။
ဧရာဝတီ
Read more...

အမျိုးသားကြီးတစ်ဦး မိမိလိင်အင်္ဂါကို ဓားဖြင့်လှီးဖြတ်
Categories :
သြဂုတ်လ(၁၂)ရက်
အသက် ၅၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် မိမိလိင်အင်္ဂါကို ဓားဖြင့်
ပြန်လှီးဖြတ်သည့်အမှုတစ်ခု သြဂုတ် ၈ ရက်က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင်
ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်ရဲစခန်းက အတည်ပြုပြောကြားသည်။
“အရက်ကြောင်ကြောင်ပြီး သူ့လိင်အင်္ဂါကို လှီးဖြတ်လိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူ တာတွေ မရှိပါဘူး”ဟု အဆိုပါရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက မဇ္ဈိမကို ပြောသည်။
သြဂုတ် ၈ ရက် ည ၆ နာရီအချိန်ခန့်တွင် အဆိုပါအမျိုးသားကြီးသည် ဇနီးနှင့်အတူ ရှိနေရာမှ အိမ်နောက်ဖက်သို့ ထွက်သွားခဲ့ပြီး အချိန်အတန်ကြာသည်အထိ ပြန်မလာသဖြင့် လိုက်လံကြည့်ရှုရာတွင် ၎င်း၏ လိင်အင်္ဂါကို လှီးဖြတ်ထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု ကာယကံရှင်၏ မိသားစုဝင်တစ်ဦးက ရဲကို ထွက်ဆိုထားသည်။
အဆိုပါအမှုအခင်းမျိုးသည် ဒဏ်ရာကို ဆေးရုံ၊ ဆေးခန်းသို့ သွားမပြမီ ရဲဆေးစာရရှိရန် လိုအပ်သဖြင့် ကာယကံရှင် မိသားစုဝင် တစ်ဦးကရဲများကို ထိုသို့ရှင်းလင်း ထွက်ဆိုထားခြင်းဖြစ်သည်။
ကာယကံရှင်သည် အရက်အလွန်အကျွံသောက်သုံးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပုံမှန်အခြေအနေမရှိဘဲ ယင်းကဲ့သို့ ပြုလုပ်ခြင်းဖြစ်ပြီး ကြည့်ရှုစစ်ဆေးရာတွင် အမျိုးသားလိင်အင်္ဂါအရင်းတွင် ပြတ်လုနီးပါးပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာနက ဆိုသည်။
ထို့ကြောင့် ရဲများက ဆေးစာရေးသား၍ သူ့ကိုသင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ခဲ့ရာ ခွဲစိတ်ကုသဆောင်၌ ကုသမှု ခံယူနေပြီး စိုးရိမ်ဖွယ်အခြေအနေလည်း မရှိတော့ကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှ စုံစမ်းရရှိသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese

ရဲ၊ မီးသတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို လူသတ်မှုဖြင့် စခန်းမှူးကိုယ်တိုင်အမှုဖွင့်
Categories :
သြဂုတ်လ(၁၂)ရက်
ဒလမြို့နယ်တွင် ရဲ၊ မီးသတ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် လူခြောက်ဦးကို လူသတ်မှုပုဒ်မဖြင့်
မြို့နယ်ရဲစခန်းမှူးကိုယ်တိုင် စွပ်စွဲတိုင်တန်းသဖြင့် သြဂုတ် ၁၀ ရက်တွင်
အမှု ဖွင့်စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ
သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန် ၂၉ ရက်ညက ဒလမြို့နယ် ညောင်ကုန်းရပ်ကွက်မှ အသက် ၄၂ နှစ်အရွယ် မလှလှစိန် (ခ) မခင်ခင်ဝင်း သည် လမ်းတွင် မိတ်ဆွေတစ်ဦးကိုတွေ့ရာ “သူတို့ တွေဝိုင်းရိုက်တယ်၊ ရေထဲတွန်းချ တယ်” ဟု ပြောကာ မူးမေ့တက်ချက်သွားသဖြင့် ဒလဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
နောင်တွင် သူမကိုတာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံသို့ လွှဲပြောင်းကုသသော်လည်း ဇူလိုင် ၃ ရက်တွင် သေဆုံး ခဲ့သည်။
ထိုအမှုသည် မြို့နယ်စခန်းမှူးကိုယ်တိုင် ရဲ၊ မီးသတ်၊ အုပ်ချုပ်ရေးတာဝန်ရှိသူများကို အမှုဖွင့်လိုက်သည့် ယခုအမှုနှင့် ကွင်းစက်ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
သေဆုံးသူ၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီက သူ့ညီမသေဆုံးသည်မှာ သွေးရိုးသားရိုး မဖြစ်နိုင်ကြောင်း သံသယ ရှိသဖြင့် ၎င်းဘာသာစုံစမ်းပြီး သြဂုတ် ၅ ရက်က ရဲစခန်းတွင် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများက သူ့ညီမကို သေသည်အထိရိုက်သည်ဟု စွပ်စွဲကာတိုင်တန်းခဲ့သည်။
ထို့အတူပင် မလှလှစိန်သေဆုံးမှုကို ကနဦးကရဲများက သေမှုသေခင်းဖြင့် အမှုဖွင့်ထားခဲ့သော်လည်း ထိုအမှုနှင့် ပတ်သက်၍ မြို့နယ်ဥပဒေရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံရာတွင် ထိုရုံးကသြဂုတ် ၈ ရက်၌ ယင်းလူသေမှုကို လူသတ်မှုဖြင့် ပြောင်းလဲစစ်ဆေးသင့်သည်ဟု ပြန်လည်အကြောင်း ကြားလာခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် သေဆုံးသူမလှလှစိန် သေဆုံးမှုနှင့်ပတ်သက်၍ သေသူ၏အစ်မကိုပင် တရားလိုမလုပ်စေတော့ဘဲ မြို့နယ်စခန်းမှူးကိုယ်တိုင် တရားလိုလုပ်ကာ ရဲ၊ မီးသတ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် လူခြောက်ဦးကို လူသတ်မှုဖြင့်စွပ်စွဲ၍ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ စွပ်စွဲခံရသူများမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်၊ ရာအိမ်မှူး ဦးပါ(ခ) ဦး အောင်မြင့်၊ ဆယ်အိမ်မှူး ဦးသိန်းထွန်း(ခ)ဦးကမာဒူး၊ ဆယ်အိမ်မှူး ဦးကျော်ဦး(ခ)အပု၊ ရဲတပ်ကြပ်ကြီး မြအေး၊ အရန်မီးသတ် တပ်စုမှူး ဒေါ်သန်းသန်းဝင်း (ခ)မစိမ်းတို့ဖြစ်ကြသည်။
၎င်းတို့သည် သေဆုံးသူ မလှလှစိန်နှင့်မည်သို့အချင်းများကာ၊ ယခုလိုသေဆုံးသည် အထိဖြစ်ပွားခဲ့သည်ကိုမူ အသေးစိတ် မသိရသေးပေ။
ယခုအမှုကို ဒလရဲစခန်းတွင် အမှုအမှတ် (ပ)၃၅၃/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူများကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲတပ်ဖွဲ့မှူး၏ သတင်းထုတ်ပြန်ချက်တွင်
ပါရှိသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဒလရဲစခန်းသို့ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ စခန်းမှူးကိုယ်တိုင် တာဝန်ယူ စစ်ဆေးနေကြောင်း တာဝန်ကျရဲက အတည်ပြုပြောကြားသည်။
ဇော်ဇော်ထွေး
Mizzima - News in Burme

ကျိုင်းတုံမြို့ နမ့်ဖူးချောင်းမှ ရေဘေးဒုက္ခသည်များအား အ၀တ်အထည်နှင့် အိမ်သုံးပစ္စည်းများ ထောက်ပံ့
Categories :
သြဂုတ်လ(၁၂)ရက်

ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ကာဝိုင်းကျေးရွာအလယ်မှ ဖြတ်သန်း စီးဆင်းနေသော နမ့်ဖူးချောင်းသည် သြဂုတ်လ (၁၀) ရက်နေ့မှ စတင်ကာ ရေလျှံမှုဖြစ်ပွားခဲ့ပြီး ချောင်းတလျောက်ရှိ နေအိမ် (၂၁) အိမ် ရေနစ်မြုပ်သွားခဲ့ ကြောင်း သိရသည်။
အဆိုပါ ရေနစ်မြုပ်သွားသည့် နေအိမ် (၂၁) လုံးရှိ မိသားစုဝင်များနှင့် အိမ်သုံးပစ္စည်းများအား နယ်မြေခံတပ်မှ လာရောက်ကူညီ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ နမ့်ဖူးချောင်းရေသည် သြဂုတ်လ (၁၁) ရက်နေ့တွင် ပြန်လည်လျော့နည်းသွားခဲ့သည်။ ရေနစ်မြုပ်သွားသည့် မိသားစုတစ်စုမှ “ ကျွန်တော်တို့ အိမ်တွေထဲကို သြဂုတ်လ (၁၀) ရက်နေ့ကစပြီး ရေတွေ စ၀င်ပါတယ်၊ နမ့်ဖူးချောင်းက ကျွန်တော်တို့ ကာဝိုင်းရွာအလယ်ကနေ ဖြတ်စီးတဲ့ ချောင်းပါ၊ အိမ်ထဲကို ရေတွေဝင်လာပြီး နောက်ပိုင်းမှာ တပ်ကအဖွဲ့တွေရောက်လာပြီး မိသားစုတွေ နဲ့ တန်ဖိုးရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ချောင်းနဲ့ဝေးတဲ့ဘက်ကို သယ်ပေးကြပါတယ်၊ ချောင်းရေပြန်ကျ သွားတော့ အိမ်တွေထဲမှာ သဲနုံးတွေ (၃) ပေလောက်ကျန်ခဲ့တယ်၊ ရေကလည်း (၆) လက်မလောက်ကျန် သေးတယ်၊ ကြက်ခြေနီအဖွဲ့တွေ ကုမ္ပဏီတွေ၊ ပြည်ခိုင်ဖြိုးပါတီတို့မှ ငွေ၊ စားစရာ၊ အ၀တ်အထည်တွေ လာပေးကြပါတယ် ” ဟု ပြောပြပါသည်။
ရေနစ်မြုပ်ခဲ့သည့် ကျေးရွာသို့ ကျိုင်းတုံ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးမှ အိမ်တစ်အိမ်လျှင် ကျပ်ငွေ (၉၅၀၀၀) ခန့်တန်ဖိုးရှိ အ၀တ်အထည်နှင့် အိမ်သုံးပစ္စည်များ စုစုပေါင်းတန်ဖိုး (၁၉) သိန်းကျော်ဖိုး၊ World Vision (မြန်မာ) မှ တစ်အိမ်ထောင်လျှင် ကျပ်ငွေ (၁၅၀၀၀) တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းများ စုစုပေါင်းတန်ဖိုး (၃၁၅၀၀၀) ကျပ်ခန့်နှင့် ကျိုင်းတုံမြို့ ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရေးမှူး ဦးအောင်သန်းမှ အိမ်ခြေ (၂၁) လုံးအတွက် စုစုပေါင်း (၁၈၀၀၀၀)ကျပ်ခန့်ရှိ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စိုင်းလိတ်
ဓာတ်ပုံ-Tachileik Online News
ကလောမြို့တွင် ဘိန်းဆီခဲများ ဖမ်းဆီးရမိ
Categories :
သြဂုတ်လ(၁၂)ရက်

ရှမ်းပြည်နယ် ကလောမြို့အထွက် မာတင်ချော်လဲ လမ်းခွဲအနီးတွင် တောင်ကြီးမူယစ်(အထူး) အဖွဲ့နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ သြဂုတ်လ (၁၀)ရက်နေ့တွင် အမျိုးသားတစ်ဦးထံမှ ဘိန်းဆီခဲ (အမဲရောင် အစေးခဲ) များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တောင်ကြီးမူးယစ်(အထူး) အဖွဲ့၊ ကလောမြို့ ရဲတပ်ဖွဲ့များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့မှ သတင်းအရ ကလောမြို့အထွက် မာတင်ချော်လဲလမ်းခွဲတွင် သြဂုတ်လ (၁၀) ရက်နေ့ ညနေပိုင်းက စောင့်ဆိုင်း နေစဉ် ဦးတင်မြင့် (ကလောမြို့နေသူ) မောင်းနှင်လာသော လော်ဂျာ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဦးတင်မြင့် ၀တ်ဆင်ထားသော သားရေဂျာကင် ညာဘက်အိတ်ကပ်အတွင်းမှ ပလက်စတစ်အကြည့်ဖြင့် ထုတ်ထားသော ဘိန်းဆီခဲ အလေးချိန် (၂၀၀) ဂရမ်ခန့် ကာလတန်ဖိုးအားဖြင့် (၄) သိန်းခန့် ဖမ်းဆီးရမိခဲ့သည်။
ကလောမြို့ ရဲစန်းမှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဦးတင်မြင့်အား အမှုဖွင့်အရေးယူထားပြီး မူးယစ်ဆေးဝါး သတင်းဆက်များ ဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်နေကြောင်း ဖမ်းဆီးရာတွင် သက်သေအဖြစ် လိုက်ပါသွားသူတစ်ဦးထံမှ သိရသည်။
စိုင်းအောင်

ကွန်ဒုံးမသုံးဘဲ အပျော်အပါးလိုက်စားမိလျှင် (for 18+)
Categories :
သြဂုတ်လ(၁၂)ရက်

တစ်ကြိမ်တစ်ခါ အသိတရား ကင်းလွတ် သွားတာနဲ့ သင့်ခန္ဓာ ကိုယ်ထဲကို ရောဂါပိုး ဝင်ရောက် သွားနိုင် ပါတယ်။
တကယ်လို့ သင်ဟာ အပျော်အပါး လိုက်စားရင် အကာအကွယ် ကွန်ဒုံးကို မသုံးဘူး ဆိုရင်ပေါ့။ “တစ်ခါတည်းပါ” ဆိုတဲ့ အမှားကြောင့် ဖြစ်တတ်တဲ့ ရောဂါ ပိုးတွေ ကတော့ အများကြီး ရှိပါတယ်။
ကလိုင်မိုင်ဒီးယား ကာလသားရောဂါ
ကုသလို့ ရတဲ့ ဘက်တီးရီးယားပိုး ကူးစက်မှုပါ။ မကုသဘဲ နေရင်တော့ ဘဝ အဖော်ထံ ကူးစက် နိုင်ပါတယ်။
ကာကွယ်မှု
-ကွန်ဒုံးသုံးပါ
-တစ်လင် တစ်မယားစနစ် ကျင့်သုံးတာက အကောင်းဆုံး ကာကွယ်မှုပါ။
-အပျော်အပါး လိုက်စားမိရင် နှစ်စဉ်ရောဂါစစ်ဆေးပါ။
ရောဂါလက္ခဏာ
-ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်ခြင်း
-ဆီးနဲ့သုက်ရည် မဟုတ်တဲ့ ပုံမမှန်အရည်ထွက်ခြင်း
-မကုသဘဲနေရင် နာကျင်မှု၊ ဖျားခြင်းစတာတွေ ခံစားရတတ်ပါတယ်။
ကုသမှု
-ပဋိဇီဝပိုးသတ်ဆေးသောက်ဆေး
ဂနိုဆီးပူညောင်းကျရောဂါ
ဂနိုပိုးကြောင့် ဖြစ်ပြီး ရောဂါကို အလွယ်တကူ ကုသ နိုင်ပါတယ်။
ကာကွယ်မှု
-ကွန်ဒုံးသုံးပါ (ဂနိုပိုးဟာ သုက်ရည်နဲ့ မိန်းမကိုယ်က ထွက်တဲ့ အရည်က တစ်ဆင့် အဓိက ကူးစက် နိုင်ပါတယ်)
-ရောဂါမဖြစ်အောင် တစ်လင်တစ်မယားစနစ် ကျင့်သုံးပါ။
ရောဂါလက္ခဏာ
-ရောဂါပိုး ကူးစက် ခံရပြီး ၁၀ ရက်အတွင်း ရောဂါ ဖြစ်နိုင်ပါတယ်။
-ဆီးပြွန်ချောင်း တစ်ဝိုက် နီရဲပြီး ပုံမမှန် အရည်ထွက် တတ်ပါတယ်။
-မကြာခဏ ဆီးသွားတတ်ပါတယ်။
-ဆီးသွားရင်း နာကျင်မှုနဲ့ မသက်မသာ ဖြစ်မှုတို့ ခံစားရ တတ်ပါတယ်။
ကုသမှု
-ပဋိဇီဝ ပိုးသတ်ဆေး သောက်ဆေး
ဆစ်ဖလစ်ကာလသားရောဂါ
-ဆစ်ဖလစ် ကာလသား ရောဂါဟာလည်း ဘက်တီးရီးယား ပိုးကြောင့် ဖြစ်တာပါ။
ကာကွယ်မှု
-ဆစ်ဖလစ် ပိုးဟာ ကွန်ဒုံး သုံးရင်တောင် အပြည့်အဝ ကာကွယ်မှု မပေးနိုင်ပါ။
-တစ်လင် တစ်မယား စနစ် ကျင့်သုံးတာက အကောင်းဆုံး ကာကွယ်မှုပါ။
ရောဂါလက္ခဏာ
-ပိုးဝင်တဲ့နေရာမှာ အနာဖြစ်ခြင်း
-ပြင်းထန်လာပါက လက်၊ ခြေထောက်မှာ အရေပြား အနီကွက်ဖြစ်ခြင်း
-ပါးစပ်ထဲအနာအဖြူကွက်ပေါက်ခြင်း
-လက်ဖဝါး၊ ခြေဖဝါးမှာ အနီစက်ပေါ်ခြင်း
-ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ် နည်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း
ကုသမှု
-ပင်နီဆီလင် လိင်အင်္ဂါရေယုန် ရေယုန်ဗိုင်းရပ်စ် (Herpes Simplex Virus) ကြောင့် ဖြစ်တာပါ။
ကာကွယ်မှု
-ကွန်ဒုံးသုံးရင် ကူးစက်မှု လျော့နည်းပေမယ့် အရေပြားချင်း ထိတွေ့မှုကြောင့်လည်း ရေယုန် ကူးတတ်ပါတယ်။
-တစ်လင် တစ်မယား စနစ်ကျင့်သုံးပါ။
ရောဂါလက္ခဏာ
-ဗိုင်းရပ်စ်ပိုးဝင်ပြီး နှစ်ပတ် အတွင်း ဖြစ်လေ့ရှိပါတယ်။
-လိင်အင်္ဂါ တစ်လျှောက် ယားယံခြင်း၊ ပူစပ်ခြင်း၊ နာကျင်ခြင်းခံစားရကာ အရည်ကြည်ဖု အသေးတွေ ပေါက်လေ့ ရှိပါတယ်။
-ရေယုန်ကို ဆီးနဲ့ထိတွေ့မိရင် နာကျင်တတ်ပါတယ်။
-ခေါင်းကိုက်ခြင်း၊ ဖျားခြင်း ခံစားရတတ်ပါတယ်။
ကုသမှု
ဗိုင်းရပ်တားဆေး
HIV
Human Immunodeficiency ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို အားနည်း စေပါတယ်။
ကာကွယ်မှု
-လိင်ဆက်ဆံမှုနဲ့ Oral Sex အတွက် ကွန်ဒုံးသုံးပါ။
-တစ်လင် တစ်မယား စနစ် ကျင့်သုံးတာက အထိရောက်ဆုံး ကာကွယ်မှုပါ။
ရောဂါလက္ခဏာ
-အစောပိုင်း အဆင့်မှာ တုပ်ကွေးလို ဖျားနာမှု ခံစားရခြင်း
-CD4 ဆဲလ်ပမာဏဟာ ပုံမှန်အောက် ကျသွားတဲ့အခါ သားငံရည်ကျိတ် ရောင်ရမ်းခြင်း၊ အရေပြား ပြဿနာနဲ့ ပါးစပ် အနာပေါက်ခြင်းတို့ ဖြစ်ပေါ် တတ်ပါတယ်။
-CD4 ဆဲလ် ထပ်မံ ကျသွားတဲ့အခါ ရေယုန်နဲ့ ခါးပတ်ရေယုန်လို အရေပြားပြဿနာ ဖြစ်လာ တတ်ပါတယ်။
-CD4 ဆဲလ် အလွန်အမင်း ကျသွားတဲ့အခါ AIDS ရောဂါ ဖြစ်သွားပါတယ်။
ကုသမှု
HAART (Highly active antiretroviral therapy)
Good Health
Daily Online News

တာလေ ရေဘေးသင့်ပြည်သူများထံ မဇ္ဈိမလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီ
Categories :
သြဂုတ်လ(၁၂)ရက်

12.8.2013ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများဖြစ်သည့်မြို့နယ်တော်တော်များ၌မိုးရွာသွန်းမှုများအပြင် တောင်

12.8.2013ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများဖြစ်သည့်မြို့နယ်တော်တော်များ၌မိုးရွာသွန်းမှုများအပြင် တောင်
ကျရေများ နှင့် ချောင်းရေများကြောင့်လူနေအိမ်များအတွင်း ရေ၀င်ရောက်မှုများ
ဖြစ်ပေါ်ခဲ့ရာ တာလေမြို့နယ်ခွဲရှိ
ကျေးရွာများတွင် ရေဘေးဒဏ်ခံသူများ
များပြားကြောင်းသိရ၍ တာချီလိတ်မြို့ရှိ
သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊
ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအ၀င် လူမှုကူညီရေး အသင်းအဖွဲ့များ နှင့်
စေတနာရှင် အလှူရှင်များမှ သွားရောက် ကယ်ဆယ် ပံ့ပိုး လှူဒါန်းခဲ့ကြရာ
မဇ္ဈိမလူမှုကူညီရေးအသင်းမှလည်း သွားရောက်၍ ကယ်ဆယ်
ထောက်ပံ့ကူညီပံ့ပိုးခဲ့ကြပါသည်။
ထိုသို့ သွားရောက်လှူဒါန်းရာမှာ ရေကဒ် ၁၀၀ နှင့် ခေါက်ဆွဲခြောက်များ မုန့်ဖါများ နှင့် စားစရာများကို အဆိုပါကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြရာ ရေဘေးသင့် ကျေးရွာသူ၊ ကျေးရွာသားများမှာ ၀မ်းသာမှုအပြုံးများဖြင့် လက်ခံရယူကြသည်ကို တွေ့ရသည့်အတွက် များစွာပီတိဖြစ်ရပါသည်။
မဇ္ဈိမလူမှုကူညီရေးအသင်း

မြန်မာသံရုံးဗုံးခွဲဖို့ကြံစည်သူ ၂ ဦး အင်ဒိုနီးရှားရဲကဖမ်း
Categories :
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မြန်မာသံရုံးကို မေလတုန်းက
ဗုံးခွဲရန်ကြံစည်မှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိသူ ၂ ယောက်ကို
အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း တနင်္ဂနွေနေ့ထုတ် Jakarta Globe သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
Yogyakarta မြို့လယ် Garuda Inn ဟိုတယ် ကားတွေရပ်နားတဲ့ကွင်းမှာ အီပူး ခေါ် မူဟာမက် စာအိဖူလ် စာဘာနီဝှို ကို သောကြာနေ့က ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အီပူးလ်ဟာ ကိုရမ်ကျမ်းစာ ရွတ်တဲ့အဖွဲ့ရဲ့ဘဏ္ဍာရေးမှူးဖြစ်ပြီး ဂျားဗားအနောက်ပိုင်း Mount Salak မှာလည်း စစ်သင်တန်း တက်ဖူးသူဖြစ်တယ် လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူ့ရဲ့ အပေါင်းအပါ ရိုဟာဒီ ဆိုသူကိုလည်း ဖမ်းဆီးထားပြီး အင်ဒိုနီးရှားနိုင်ငံတွင်း ဗုဒ္ဓဘာသာတွေနဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ မေလတုန်းက ကြံစည်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အီပူးလ်ရဲ့ နောက်ထပ်အပေါင်းအပါဖြစ်သူ ဘာယု ဒွီ အာဒီယန်တို ဆိုသူကိုလည်း လူသိပ်မသိတဲ့ အကြမ်းဖက် ကွန်ယက်တွေနဲ့ ဆက်နွယ်နေ တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မြန်မာပြည်မှာ မူဆလင် ရိုဟင်ဂျာတွေကို အကြမ်းဖက် ဖိနှိပ်နေတယ်လို့ စွပ်စွဲပြီး လက်စားချေတဲ့အနေနဲ့ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို အစွန်းရောက် အကြမ်းဖက်အဖွဲ့က ဗုံးခွဲဖို့ ကြံစည်ခဲ့ကြတာဖြစ်ပါတယ်။
VOA Burmese

တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အမျိုးသမီးကို စိတ်ကျန်းမာရေး ဆေးရုံသို့ ပို့
Categories :
သြဂုတ်လ(၁၂)ရက်

ကမာရွတ်မြို့နယ်တွင် သြဂုတ်လ ၁၀ ရက်နေ့က တိုက်ပေါ်မှ ခုန်ချရန် ကြံစည်သူ အိမ်အကူ အလုပ်သမား မလွင်မာလာဝင်း (၁၉ နှစ်) သည် စိတ်ရောဂါ ခံစားနေရသဖြင့် ရွာသာကြီး စိတ် ကျန်းမာရေး ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ၄င်း၏ အလုပ်ရှင် ဒေါ်မေသက်ဦးက The Voice သို့ ပြောကြားသည်။
ငါးလွှာ အမြင့်ပေါ်မှ ခုန်ချရန် ကြံစည်သူ မလွင်မာလာဝင်းကို အချိန်မီ ကယ်တင်ခဲ့ပြီးနောက် စိတ်ကယောင်ချောက်ချား ဖြစ်နေသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့ရာ ဆရာဝန်၏ ဆေးစစ်ချက်အရ ၎င်း၏ သွေးထဲမှ မူးယစ်ဆေးဝါး သုံးစွဲထား သည့် လက္ခဏာ နှင့် စိတ်ရောဂါ ခံစားမှု သွင်ပြင် လက္ခဏာတို့ကို တွေ့ရှိ ရသည်ဟု ၎င်းက ဆိုသည်။
“အစကတော့ သူ့ကို မိမိကိုယ်ကို သေကြောင်း ကြံစည်မှုနဲ့ အမှု ဖွင့်မလို့ပါ၊ ဆရာဝန်ရဲ့ ဆေးစစ်ချက် အရ စိတ်ကျန်းမာရေး မကောင်းကြောင်း တွေ့ရှိ ရတဲ့အတွက် ရွာသာကြီးကို လွှဲပြောင်းခဲ့တာပါ” ဟု ကမာရွတ်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် (၈) ရပ်ကွက် လှည်းတန်းလမ်းရှိ တိုက်၂၃ E ငါးလွှာတွင် နေထိုင်သည့် ဦးအောင်ဟိန်းနှင့် ဒေါ်မေသက်ဦး တို့ နေအိမ်တွင် အိမ်ဖော် လုပ်ကိုင်သူ မလွင်မာလာဝင်းသည် အင်တာနက် ဆိုင်တွင် ထားရှိသော ခေါက်ဆွဲခြောက် သုံးထုပ် စာရင်း ကွာဟမှု နှင့် ပတ်သက်ပြီး ၎င်းတို့၏ နေအိမ်တွင် သြဂုတ်လ ၁၀ ရက်နေ့၌ နှစ်ဦးသား အငြင်းပွားနေစဉ် အင်တာနက်ဆိုင် အတွင်းတွင် တပ်ဆင်ထားသော စီစီတီဗီ ကင်မရာထဲမှ တွေ့ရှိမှုကို ပြန်လည် စစ်ဆေး ပြောပြရာမှ မလွင်မာလာဝင်း က ပြန်လည် တောင်းပန်သဖြင့် ထိုနေ့ နံနက်ပိုင်း (၁၀ရက်နေ့) က ကျေအေး သင့်မြတ်ခဲ့ကြောင်း၊ ထို့နောက် ၎င်းသည် မည်သူ့ကိုမှ အသိပေး ပြောကြားခြင်း မရှိဘဲ သြဂုတ် ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်က အိမ်ရှေ့ အ၀တ်ထွက်လှန်းရာမှ အခြားတစ်ဖက်ရှိ လူမနေသည့် တိုက်ခန်း (ခြောက်လွှာ) ဘက်သို့ ကူးသွားပြီး သေကြောင်း ကြံစည် ရန် ပြုလုပ်နေသည် ကို ပတ်ဝန်းကျင်က တွေ့ရသဖြင့် ဝိုင်းဝန်း ဖျောင်းဖျနေ စဉ် သင်္ကန်းဆိုင်မှ မန်နေဂျာ ဦးမောင်ဝင်း ဆိုသူ ရောက်ရှိလာပြီး တက်ရောက် ကယ်တင် ကူညီနိုင်ခဲ့ခြင်း ဖြစ်သည်ဟု အိမ်ရှင် ဖြစ်သူ ဒေါ်မေသက်ဦးက ရှင်းပြသည်။
အသက် ၁၉နှစ် အရွယ်ရှိ မလွင်မာလာဝင်းသည် ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မမြို့နယ် ရွာသစ် ကျေးရွာ ဇာတိ ဖြစ်ပြီး ၂၀၁၃ ခုနှစ် မတ်လပိုင်းခန့် က အဆိုပါ နေအိမ်တွင် ကလေးထိန်း အိမ်အကူ အဖြစ် စတင် လုပ်ကိုင် ခဲ့ခြင်း ဖြစ်သည်။
The Voice
(ဓါတ်ပုံ - အင်တာနက်)
တနင်္သာရီမြစ်ရေအကျတွင် ဈေးပြို
Categories :
သြဂုတ်လ(၁၂)ရက်
တနင်္သာရီမြစ်ရေ ကျဆင်းမှုနှင့်အတူ သြဂုတ်လ ၄ ရက်တွင် ချောင်းငယ် ရပ်ကွက်၊ ကမ်းနားလမ်း၊ အောင်မင်္ဂလာဈေးမှာ ယိမ်းယိုင်သွားခဲ့သည်ဟု ဈေးသူ/သားများထံမှ သိရသည်။
သြဂုတ်လ ၁ ရက်မှစပြီး မြစ်ရေတက်၍ ရေလွှမ်းခဲ့သည့် တနင်္သာရီမြို့တွင် သြဂုတ်လ ၄ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်တွင် မြစ်ရေကျဆင်းမှုနှင့်အတူ အောင်မင်္ဂလာဈေး ခြေတံရှည်များ ပြုတ်ထွက်ခဲ့ပြီး ဈေးမှာ ၄၅ ဒီဂရီခန့် ယိမ်းယိုင်ရာ ပြိုကျခဲ့သည်ဟု ဈေးသူတစ်ဦးက ပြောသည်။
ဈေးပြိုကျသည့်အချိန်သည် ဈေးသိမ်းပြီးချိန် ဖြစ်သည့်အတွက် တစ်စုံတစ်ဦး ထိခိုက်မှု မရှိခဲ့ဟု ၎င်းက ပြောပြသည်။ အဆိုပါဈေးတွင် ဆိုင်ခန်းပေါင်း ၃၀ ကျော်ရှိပြီး ဈေးကို တည်ဆောက်ထားသည်မှာ နှစ်ပေါင်း ၆၀ ကျော် ခန့်ရှိပြီဟု အသက် ၆၀ အရွယ်ရှိ မြို့ခံတစ်ဦးက ပြောသည်။
ယင်းသို့ ဈေးယိမ်းယိုင်ပြိုကျခဲ့သဖြင့် ကျန်ရှိသည့် ဈေးခန်းများအားလုံးကို ဖျက်သိမ်းခဲ့ကြပြီး အသစ်ပြန် ဆောက်ရန် စီစဉ်နေသည်ဟု တနင်္သာရီမြို့ ဌာနဆိုင်ရာမှ ၀န်ထမ်းတစ်ဦးက ပြောပြသည်။
“လက်ရှိတာ့ ချောင်းငယ်ရပ်ကွက်က လမ်းကြားထဲမှာ တဲထိုးပြီး ရောင်းဝယ်နေကြတယ်” ဟု ၎င်းက ဆိုသည်။
ယခုနှစ်တွင် တနင်္သာရီမြစ်ရေသည် အမြင့်ဆုံး ၂၅ ပေ ၅ လက်မအထိ တက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နှစ်ချုနှင့် ရွာ ၁၇ ရွာမှ အိမ်ထောင်စု ၃၈၅ စု၊ လူဦးရေ နှစ်ထောင်နီးပါး ရေဘေးသင့်ခဲ့ကြောင်း တနင်္သာရီမြို့၊ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
Mizzima News
အစ္စလာမ်အီးဒ်ပွဲတော် အထိမ်းအမှတ် သံဃာတော်များကို ဆွမ်းကပ်
Categories :
သြဂုတ်လ(၁၂)ရက်

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအတွက် ရည်ရွယ်ကာ အစ္စလာမ် ဘာသာဝင်များ၏ အီးဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းနှင့် ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲကို လားရှိုးမြို့တွင် ပြုလုပ်ခဲ့ကြောင်း အဆိုပါမြို့မှ မွတ်ဆလင် ဘာသာရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောကြားသည်။
ယင်းမိတ်ဆုံစားပွဲကို လားရှိုးမြို့ ရွှေဖူးစာခန်းမတွင် သြဂုတ်လ ၁၁ ရက်နေ့တွင် လားရှိုး မွတ်ဆလင် ဘာသာရေးအသင်းက ဦးဆောင်ကာ ကျင်းပခဲ့သည်။
“ဘာသာပေါင်းစုံရဲ့ ကောင်းမြတ်သော သွန်သင်ဆုံးမမှုများ တည်တံ့ခိုင်မြဲကာ တစ်ဦးကိုတစ်ဦး ချစ်ခင်ရင်းနှီးစွာနဲ့ မေတ္တာထားပြီး နေထိုင်ကြပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်စေဖို့ ရည်ရွယ်ပါတယ်” ဟု ဒေါက်တာတင်အောင်က ဆိုသည်။
ယင်းအခမ်းအနားကို နိုင်ငံတော် သြဝါဒရစရိယ ဆရာတော်နှစ်ပါး၊ ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်နှစ်ပါး၊ ပြည်နယ် သံဃနာယကအဖွဲ့ ဆရာတော် သုံးပါး၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော် ၁၁ ပါးနှင့် ဟိန္ဒူ၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ၊ တပ်မတော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေး ပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
“ဘာသာလူမျိုး အယဝါဒ ကွဲပြားသော်လည်း တူညီသောဆန္ဒ လူသားတိုင်းမှာ ရှိပါတယ်။ အဲ့ဒါကတော့ ငြိမ်းချမ်းလိုမှု၊ ပျော်ရွှင်လိုမှုနဲ့ ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးလိုမှုများပဲ ဖြစ်ကြပါတယ်” ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုးက ယင်းအခမ်းအနားတွင် ပြောကြားသည်။
လားရှိုးမြို့တွင် မေလ ၂၈ နှင့် ၂၉ ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူတစ်ဦးသေဆုံးပြီး ဘာသာရေး အဆောက်အအုံများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ မီးရှို့ခံခဲ့ရသည့် လားရှိုးမြို့လယ်ရှိ ဂျာမေဗလီကို ပြန်လည်ပြုပြင် မွမ်းမံ၍ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဝတ်ပြုခွင့် ပေးခဲ့သည်။
ပဋိပက္ခကြောင့် လားရှိုးမြို့တွင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ဇူလိုင် လ ၂၇ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။
နေမျိုးနွေ
The Voice Weekly
ဆန်ပြတ်မည့် ကောလာဟလများ ထွက်ပေါ်
Categories :
သြဂုတ်လ(၁၂)ရက်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုနှင့် ရေနစ်မြုပ်မှုများ ရှိနေသဖြင့် ဆန်ပြတ် လပ်မည်ဆိုသော ကောလာဟလများ ထွက်ပေါ်လျက် ရှိရာ ယင်းအခြေအနေကို ထိန်းသည့် အနေဖြင့် အသင်းမှ ဆန်အိတ် ခြောက်သောင်းကျော် ဈေးလျှော့ ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
ဆန်ဈေး မြင့်တက်မှုနှင့် ဆန်စပါး သိုလှောင်၍ ဈေးကစားရန် ကြံရွယ်နေသည့် ကုန်သည် များကို ထိန်းနိုင်ရန် အတွက် ဈေးကွက် အတွင်းသို့ ဆန်အိတ်များ ဈေးနှုန်းလျှော့၍ ရောင်းချ ရခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် ရန်ကုန်ဈေးကွက် အတွင်း၌ ဆန်ဈေး နှုန်းမြင့်တက်မှု သည် စိုးရိမ်ဖွယ် မရှိကြောင်း သိရသည်။
''ပြည်တွင်းက ဆန်ကုမ္ပဏီတွေနဲ့ ပူးပေါင်း လုပ်ဆောင်တာပါ။ အသင်းက ကုန်သည်တွေရဲ့ ဈေးကစားမှုတွေကို ထိန်းနိုင်ရေးက ဒီနည်းလမ်းတွေကို အသုံးပြုဖို့ အရင်ကတည်းက ကြိုတင် ပြင်ဆင်ထားတာပါ။ ဈေးကွက်ထဲမှာ ဝယ်လိုအား ရှိသလောက် ရောင်းချပေးဖို့ အစီအစဉ် ရှိပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
နိုင်ငံတော် အနေဖြင့်လည်း ယင်းကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် အရန်ဆန် ဝယ်ယူမှုများနှင့် ထုတ်ရောင်းမှုကို ယခင်နှစ်များက စတင် ဖော်ဆောင်ခဲ့ကြောင်း၊ မလိုအပ်ဘဲ ဈေးနှုန်းမြင့်မား မှုတွေကို ဖြေရှင်းနိုင်မှု မရှိသော အခြေအနေများ ၂ဝဝ၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ကြောင်းနှင့် အရန်ဆန် ဝယ်ယူမှုများသည် ပြည်သူများအတွက် ဝယ်ယူရခြင်း ဖြစ်ကြောင်း သိရသည်။ ဈေးလျှော့ရောင်းမည့် ဆန်သည် အများပြည်သူ အများဆုံး စားသုံးသည့် ဆန်အမျိုးအစား ဖြစ်ကြောင်း သိရသည်။
စိုးမိုး
မြ၀တီ
ပါဂျောင် လူသတ်မှုဖြေရှင်းရန် ဒေါက်တာနိုင်အောင် လက်မှတ်ထိုးထားဟု ဦးမိုးသီးဇွန်ပြောကြား
Categories :
သြဂုတ်လ(၁၂)ရက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဌာနချုပ် ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သော အစုလိုက် အပြုံလိုက် လူသတ်မှုကိစ္စကို ဖြေရှင်းရန် ဒေါက်တာနိုင်အောင်က လက်မှတ်ရေးထိုးထားကြောင်း ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်က ပြောကြားသည်။
၁၉၉၂ ခုနှစ်က ABSDF မြောက်ပိုင်း ဌာနချုပ် ပါဂျောင်တွင် ဖြစ်ပွားခဲ့သော ဗကသ (အထက်ဗမာပြည်) ဦးထွန်းအောင်ကျော် အပါအဝင် ABSDF တပ်သား ၁၅ ဦး အသတ်ခံရချိန်တွင် ဒေါက်တာနိုင်အောင်မှာ ABSDF ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ယင်းကိစ္စများကို တာဝန်ယူ ဖြေရှင်းပေးမည်ဟု လက်မှတ်ရေးထိုးထားခြင်း ဖြစ်ကြောင်း ဦးမိုးသီးဇွန်က ဆိုသည်။
“ဘယ်သူ့မှ နစ်နာစေချင်လို့ မဟုတ်ဘူး။ အမှန်တရားအတိုင်း ရှိစေချင်တာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ လက်မှတ်ကို ဒေါက်တာနိုင်အောင်က ABSDF တပ်သားများ အသတ်ခံရသည့် ၁၉၉၂ ခုနှစ်တွင် KNU မှ ဗိုလ်ချုပ် ဒေးဗစ်တာမလာဘော၊ NLD (LA) မှ ဦးတင်အောင်နှင့် မဟာမိတ်တပ် ခေါင်းဆောင် ဦးခိုင်စိုးနိုင်တို့ကို အသိသက်သေ ပြုလုပ်ကာ ရေးထိုးထားခြင်း ဖြစ်ကြောင်း ဦးမိုးသီးဇွန်က ဆိုသည်။
၁၉၉၂ ခုနှစ်တွင် ABSDF တပ်များ ပြန်လည် ပေါင်းစည်းရေးအတွက် လုပ်ဆောင်နေရခြင်းကြောင့်သာ လူသတ်မှုများကို ဖြေရှင်းရန် တာဝန်ယူခဲ့ရခြင်း ဖြစ်ကြောင်း ဒေါက်တာနိုင်အောင်က ဆိုသည်။
အဆိုပါ လူသတ်မှုကို ဖြေရှင်းရန်အတွက် ABSDF က ဖွဲ့စည်းထားသော စုံစမ်းရေးကော်မရှင်နှင့် ပူးပေါင်းလုပ် ဆောင်ရန် အသင့်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“နှစ်ဖက်ပေါင်းစည်းမယ်ဆိုတော့ ကိုယ့်ဘက်မှာရှိတဲ့ ပြဿနာတွေကို တာဝန်ခံ ပြီးရှင်းရတာပါ” ဟု ယင်းအချိန်တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဒေါက်တာနိုင်အောင်က ဆိုသည်။
ABSDF မှ ဖွဲ့စည်းဆောင်ရွက်နေသော မြောက်ပိုင်းလူသတ်မှု စစ်ဆေးရေး ကော်မရှင်သည် လူပေါင်း ၁၀၀ ကျော် ပါဝင်ပတ်သက်နေသော အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လူပေါင်း ၃၄ ဦးနှင့် တွေ့ဆုံထားပြီး ဒီဇင်ဘာလအတွင်း အစီရင်ခံစာ ထုတ်ပြန်မည် ဖြစ်ကြောင်း ABSDF ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောဆိုသည်။
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗကသဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော် အပါအဝင် ကျောင်းသား ၁၅ ဦးကို တပ်မတော် ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ပြီး အဆိုပါအမှုကို စစ်ဆေးပေးရန် ဦးထွန်းအောင်ကျော်၏ မိခင်ဖြစ်သူက ၂၀၁၂ ခုနှစ်အတွင်းက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ရဲစခန်းတွင် ဒေါက်တာနိုင်အောင် အပါအဝင် ABSDF တာဝန်ရှိသူအချို့ကို တရားစွဲဆိုထားသည်။
ဟိန်းသွင်ထက်
The Voice Weekly
ရန်ကုန် ရွှေစတော့ ဈေးကြီး ဖြစ်ပေါ်လာရန် မြေနေရာ အဓိက အခက်အခဲဖြစ်နေ
Categories :
သြဂုတ်လ(၁၂)ရက်

မြန်မာ့စီးပွားရေး မြို့တော်ကြီးတွင် နိုင်ငံတကာ အဆင့်မီ ရွှေစတော့ ဈေးကွက်ကြီး တစ်ခု ဖြစ်လာရန်မှာ မြေနေရာနှင့် အဆောက်အအုံ အဓိက လိုအပ်နေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ရွှေစတော့ ဈေးကွက်ကြီး အတွက် ရန်ကုန်မြို့၏ လက်ရှိ ရွှေရောင်းဝယ်ရာ နေရာနှင့် နီးသော နေရာတွင် မြေနှင့် အဆောက်အအုံ ရရှိလာပါက နိုင်ငံတကာကဲ့သို့ ရွှေဈေးကွက်ကြီး တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် လာမည့် ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်အရ နိုင်ငံတကာ အဆင့်မီ ရွှေဈေးကွက်ကြီး တစ်ခု လိုအပ်နေကြောင်း သိရသည်။
ထိုရွှေစတော့ ဈေးကွက်ကြီး ဖြစ်ပေါ်လာရန်နှင့် တစ်နေရာတည်းတွင် ရောင်းဝယ်မှုကြီးများ ပြုလုပ်နိုင်ရန်မှာ လုံခြုံရေးအရလည်း လိုအပ်ပြီး ဘဏ်များနှင့် နီးသော နေရာတစ်ခုတွင် ဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
မြ၀တီ
နယူးဇီလန် နို့ထွက်ပစ္စည်းကုမ္ပဏီကြီး သီရိလင်္ကာတွင် အကျပ်အ တည်းနှင့်ရင်ဆိုင်နေရ
Categories :
သြဂုတ်လ(၁၂)ရက်
နယူးဇီလန် (New Zealand) နိုင်ငံ၏ နို့ထွက်ပစ္စည်းလုပ်ငန်း ကုမ္ပဏီကြီးဖွန့်တယ်ရာ (Fonterra) ၏နို့မှုန့်များတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသံ
ဖွန့်တယ်ရာကုမ္ပဏီ၏ ထုတ်ကုန်များအပေါ်၊ အစာအဆိပ်သင့်ဝေဒနာ (botulism) နှင့်စပ်လျဉ်းသည့် ကမ္ဘာ့စိုးရိမ်မှုများလည်း ရှိနှင့်ပြီးဖြစ်သည်။
ဓါတုဗေဒပစ္စည်း Dicyandiamide (DCD) ပါဝင်ကြောင်း သဲလွန်စတွေ့ရှိရသည်ဟူသည့် စွပ်စွဲချက်များကြောင့် သီရိလင်္ကာအစိုးရ၏ အမိန့်အရ၊ ကုမ္ပဏီသည် နို့မှုန့်ကုန်ပစ္စည်းနှစ်သုတ်ကို
DCD မှာ စားကျက်မြေများတွင် စိုက်ပျိုးမွေးမြူရေးသမားများ အသုံးပြုလေ့ရှိသည့် ဓါတုဗေဒတစ်မျိုးဖြစ်သည်။
DCD မှာအဆိပ်သင့်စေသော ပစ္စည်းမဟုတ်ကြောင်းနှင့် အစားအစာဆိုင်ရာ အန္တရာယ်မဖြစ်ပေါ်စေနိုင်ဟု နယူးဇီလန်အစိုးရ ၀က်ဘ်ဆိုဒ်တစ်ခုကဆိုခဲ့သည်။ သို့ရာတွင် နိုင်ငံတကာ အစားအသောက်ကွပ်ကဲရေး အဖွဲ့များက အစားအသောက်များတွင် DCD ကြွင်းကျန်ပါဝင်မှုအား မသန့်မပြန့်ဖြစ်မှုအဖြစ်သတ်မှတ်
ထားသည်ဟုလည်းနယူးဇီလန်အစိုးရ၀က်ဘ်ဆိုဒ်က ပြောခဲ့သည်။
သို့ရာတွင် သီရိလင်္ကာကျန်းမာရေး ၀န်ကြီးဌာနအနေဖြင့် DCD မှာ “အဆိပ်သင့်စေသည့် ဓါတုပစ္စည်း” တစ်ခုဖြစ်ကာ၊ နို့ထွက်ပစ္စည်းများတွင် မပါဝင်သင့်ဟု သတ်မှတ်ထားသဖြင့် နယူးဇီလန်ကုမ္ပဏီ၏ နို့ထွက် ပစ္စည်းများကို ဈေးကွက်ထဲမှ ပြန်လည်သိမ်းဆည်းသွားရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိ သူ Dharma Wanninayake က ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် ဖွန့်တယ်ရာ ကုမ္ပဏီ၏ပစ္စည်းများမှာ ဈေးကွက် ထဲတွင် အရောင်းရဆုံးသော ပစ္စည်း များဖြစ်သည်။ ဖွန့်တယ်ရာကုမ္ပဏီ၏ ပစ္စည်းများထဲတွင် DCD ပါဝင်သည်ဟူသည့် စွပ်စွဲချက်ကို ကုမ္ပဏီ ကငြင်းဆို

ထားသည်။
အစာအဆိပ်သင့်ဝေဒနာ (botulism) ဖြစ်စေနိုင်သည့် ဘက်တီးရီးယားတစ်မျိုး တွေ့ရှိရသည်ဆိုသည့်စမ်း သပ်ချက်များ ထွက်ပေါ်လာခဲ့အပြီး တွင်၊ ယခုလအတွင်း၌ ဖွန့်တယ်ရာကုမ္ပဏီသည် ၎င်းတို့၏ကုန်ပစ္စည်း အချို့ကို ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်များထဲမှ ပြန်လည်သိမ်း ဆည်းမည်ဟု ကြေညာခဲ့သေးသည်။ သို့ရာတွင် သီရိလင်္ကာနိုင်ငံ၏ လုပ်ဆောင်ချက်မှာမူ ထိုအချင်းအရာနှင့် ပတ်သက်မှုမရှိဟုဆိုသည်။
ဖွန့်တယ်ရာကုမ္ပဏီ၏ ကုန်ပစ္စည်းများထဲတွင် DCD ဓါတုဗေဒပါဝင်သည် ဆိုသည့် စွပ်စွဲချက်မှာ မှားယွင်း နေပြီး ရလဒ်များမှာ တိကျမှန်ကန်မှုမ ရှိကြောင်းဆိုခဲ့သည်။
၂၀၁၂ ခုနှစ်အတွင်းတွင် သီရိလင်္ကာနိုင်ငံသည် ဒေါ်လာ ၃၀၇ သန်းတန်ဖိုးရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းများ

တင်သွင်းခဲ့ပြီး၊
တင်သွင်းမှုအများ စုမှာ နယူးဇီလန်နှင့် သြစတြေးလျတို့မှ ဖြစ်သည်ဟု ဗဟိုဘဏ်က
ဆိုခဲ့သည်။
AFP
မဇ္ဈိမ
AFP
မဇ္ဈိမ
ဖိလစ်ပိုင်အစိုးရစစ်တပ်များနှင့် မွတ်ဆလင်သူပုန်များအကြား တိုက်ပွဲများပြန်လည်စတင်၊ လူပေါင်း ၂၀၀၀ နေအိမ်များမှ စွန့်ခွာထွက်ပြေး
Categories :
သြဂုတ်လ(၁၂)ရက်
အစိုးရစစ်တပ်များနှင့် မွတ်ဆလင်သူပုန်များအကြားတိုက်ပဲ
သောကြာနေ့ညတွင် စတင်ဖြစ်ပွားခဲ့သည့် အစိုးရတပ်များနှင့် ဘန်စာမိုရိုအစ္စလာမ်လွတ်မြောက်ရေ
“ရွာသား ၂၀၀၀ ကိုဒေသတွင်းမှာရှိတဲ့ အထက်တန်းကျောင်း တစ်ကျောင်းမှာ ကျွန်တော်တို့ နေရာချပေး ထားပါတယ်” ဟုလည်း ၎င်းကဆိုသည်။အိုးခွက်ပန်းကန်များနှ
“တိုက်ခိုက်သံတွေကို ဒီနေရာကနေပြီးတော့တောင် ကျွန်တော်တို့ကြားနေ ရ တယ်” ဟု နယ်လက်ပန်ကျေး ရွာအကြီးအကဲ Tib ungko Abdul ကပြောကြားခဲ့သည်။
“လောလောဆယ်တော့ လုံခြုံတဲ့နေရာတစ်နေရာမှာ ကျွန်တော်တို့ ရောက်နေပြီလို့ယူဆပါတယ်။ သို့သော် အခြေအနေတွေ ပိုဆိုးလာပြီဆိုရင်တော့ ပီကစ်မြို့လယ်အထိ ကျွန်တော်တို့ရွှေ့ရမှာပါ” ဟု ၎င်းကထပ် လောင်းပြောကြားခဲ့သည်။ အဆိုပါမြို့မှာ နယ်လက်ပန်ကျေးရွားနှင့် အနီးဆုံးမြို့တစ်မြို့ဖြစ်သည်။
စစ်ဆင်ရေးများ ပြုလုပ်နေသည်အား ဒေသခံစစ်တပ်၏ ပြောခွင့်ရပုဂ်္ဂိုလ်ဗိုလ်မှူးကြ
BBC
မဇ္ဈိမ
သီရိလင်္ကာတွင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ ပဋိပက္ခဖြစ်ပွား
Categories :
12.8.2013
သီရိလင်္ကာ (Sri Lanka) နိုင်ငံ၏ မြို့တော်ကိုလံဘို (Colomba) ရှိ ဂရန်းပက်စ် (Grand pass) ဒေသတွင် ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်တို့ပဋိပက္ခဖြစ်ပွားရာ ဗလီတစ်လုံးနှင့် အနည်းဆုံးလူငါးဦး ဒဏ်ရာရရှိသွားခဲ့ ကြောင်း သြဂုတ် ၁၁ ရက် အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
ပဋိပက္ခဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့က ထိုဒေသတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ပြီးခဲ့ သည့်လက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတို့က ထိုဗလီကိုနေရာရွှေ့ပြောင်းပေးရန်
စနေနေ့က ပဋိပက္ခအတွင်း အိမ်ပေါင်းများစွာ ပျက်စီးသွားခဲ့သည်။ ဒဏ်ရာရသူများထဲမှနှစ်ဦးမှာ တိုက် ခိုက်ခံခဲ့ရသည့် ဗလီကိုစောင့်ကြပ်ပေးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သည်။
ရဲများနှင့် အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်များကို ထိုဒေသသို့ စေလွှတ်ခဲ့ပြီးနောက်၊ အခြေအနေကို ထိန်းချုပ် နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုဗလီ ထိုနေရာတွင်တည်ရှိနေမှုကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ သို့ သော်မွတ်ဆလင်များအား အစ္စလာမ်ဘာသာဝင်များ၏ ရာမာဒန်ဥပုသ်လပြီးဆုံးသည်အထိ ထိုဗလီတွင် ဆက် လက်ဝတ်ပြုဆုတောင်းခွင့်ပေးရန် သဘောတူညီခဲ့ကြသည်ဟုဆိုသည်။
သို့ရာတွင် ထိုဒေသရှိ မွတ်ဆလင်များကဆိုသည်မှာ သီရိလင်္ကာ သာသနာရေးဝန်ကြီးဌာနက ၄င်းတို့အား ထိုဗလီကို ဆက်လက်အသုံးပြုခွင့်ပေးခဲ့ပြီး၊
AFP
မဇ္ဈိမ
ရင်းဂစ် သုံးထောင်မှ နှစ်သောင်း အထိ ပညာသင် ကင်းလွတ်ခွင့် ပေးအပ် သွားရန်ရှိ
Categories :
သြဂုတ်လ(၁၂)ရက်

မလေးရှား နိုင်ငံ အဆင့်မြင့် ပညာရေး ၀န်ကြီးဌာနရဲ့ တရားဝင် စိစစ် သတ်မှတ် ခံထားရတဲ့ တက္ကသိုလ်တစ်ခု ဖြစ်တဲ့ Taylor's University မှ ပညာသင်ဆုအဖြစ် မလေးရှားငွေ ရင်းဂစ် သုံးထောင်မှ နှစ်သောင်း အထိ ပညာသင် ကင်းလွတ်ခွင့်ကို ဦးရာလူ စနစ်နဲ့ ပေးအပ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ Taylor's တက္ကသိုလ် အနေနဲ့ လာမယ့် အောက်တိုဘာ လမှာ ဖွင့်လှစ်မယ့် ဟိုတယ်နှင့် ခရီးသွားလာရေး ဘာသာရပ်၊ အချက်အပြုတ် သင်တန်း ဘာသာရပ်နဲ့ စီးပွားရေး ဆိုင်ရာ ဘာသာရပ် များရဲ့ ဒီဂရီတန်းမှာ တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူများကို မလေးရှား ရင်းဂစ် သုံးထောင် မြန်မာကျပ်ငွေ ၉ သိန်း ၀န်းကျင်မှ ရင်းဂစ် နှစ်သောင်း မြန်မာကျပ်ငွေ သိန်း ၆၀ ခန့်အထိ ပညာသင် ကင်းလွတ်ခွင့် ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ပေးအပ် သွားမယ့် ပညာသင်ဆုကို လျှောက်ထား လိုသူများ အနေနဲ့ တက္ကသိုလ် ၀င်တန်း သို့မဟုတ် နိုင်ငံတကာ အဆင့်မီ ပညာသင်နှစ် ၁၂ နှစ်ရှိတဲ့ တက္ကသိုလ် အကြို သင်တန်း များနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာ တို့ကို ထူးချွန်စွာ အောင်မြင် ထားသူ မည်သူမဆို လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။ လျှောက်ထားဖို့ အတွက် ကိုတော့ ပြည်တွင်းရှိ ပညာရေး ၀န်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Myanmar Search Internation (MSI) မှ ကူညီ လျှောက်ထား ပေးမှာဖြစ်ပြီး လျှောက်ထားမယ့် စာရွက်စာတမ်း အပြည့်အစုံနဲ့ ကျောင်းလျှောက်လွှာကြေး မလေးရှားငွေ ရင်းဂစ် ၂၃၅၀ နဲ့ ညီမျှတဲ့ မြန်မာ ကျပ်ငွေနဲ့ အတူ သြဂုတ်လကုန် နောက်ဆုံး ထားကာ လျှောက်ထား ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ Taylor's University မှာ တက်ရောက် သင်ကြားနိုင်တဲ့ ဘာသာရပ်များ အနေနဲ့ Pre University- Cambridge 'A' Level, Southern Australian Matriculation (SAM), Business, Communication, Engineering, Hospitality & Tourism အစရှိတဲ့ ဘာသာရပ် များကို ဘွဲ့ဒီဂရီတန်းများ အထိ တက်ရောက် သင်ကြား နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
Mrtv-4
သူဌေးနဲ့ ဒီ ၀န်ထမ်း (တခန်းရပ် ဟာသ)
သြဂုတ်လ(၁၂)ရက်

သူဌေး - "မင်းသုံးနေတဲ့ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာပါ။ ဒီကွန်ပြူတာမှာ မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေးဓာတ်ပုံတွေကိုလည်း မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း အလုပ်မလုပ်ဘူး"
ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။ မီတာအတက်တော့ ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ ကျွန်တော်လက်ထိပ်တွေ ပိုလို့တောင် အပွန်းမခံနိုင်ဘူး"
သူဌေး - "ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊
ဆံပင်ဖြီးတာတို့... "
ဝန်ထမ်း - "ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊ ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ"
သူဌေး - "ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့"
ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း ကျွန်တော်မကိုင်ဘူး"
သူဌေး-"ကုမ္ပဏီကသုံးဖို့ပေးတဲ့ကားကကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။မင်းလျှောက်စီး၊ လျှောက်မောင်းဖို့မဟုတ်ဘူး"
ဝန်ထမ်း - "ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ..."
ဦးဇော် သိသမျှ မျှဝေရာအရပ်
အာရှလူငယ်ချန်ပီယံရှစ်ပြိုင်ပွဲမြန်မာအသင်း ဆုတံဆိပ် ၁၁ခုရ
Categories :
သြဂုတ်လ(၁၂)ရက်

ဖိလစ်ပိုင် နိုင်ငံတွင်ပြုလုပ်ခဲ့သော အာရှ လူငယ် ဝူရှူးပြိုင်ပွဲတွင် မြန်မာ နိုင်ငံမှ လူငယ်ဝူရှူးကစားသမား ၁၄ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် နှစ်ခု၊ ငွေလေးခု၊ ကြေး ငါးခု ဆွတ်ခူးရရှိနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာရှလူငယ်ပြိုင် ပွဲသို့ နိုင်ငံပေါင်း၂၂နိုင်ငံမှ ဝင် ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ် သည်။ မြန်မာလူငယ်ဝူရှူးကစား သမားများထဲမှ ထက်အောင် ကျော်က ရွှေတံဆိပ်တစ်ခု၊ ကြေး တံဆိပ် တစ်ခု၊ ခိုင်ဇင်သက်က ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် တစ်ခု၊ စိန်သီဟအောင်က ကြေး တံဆိပ်တစ်ခု၊ မြတ်သက်ဆုဝေ ဖြိုးက ကြေးတံဆိပ်တစ်ခုနှင့် အောင်ကိုဟန်တို့က ကြေးတံဆိပ် တစ်ခုဖြင့် ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိကာ ယခု နှစ်တွင်ွှေူသက နှင့ှ်ညေိေ နှစ် မျိုးကိုသာ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ် သည်။
မြန်မာအသင်းအနေဖြင့်ယခုပြိုင်ပွဲသို့အုပ်ချုပ်သူ၊နည်း ပြများအပါအဝင်စုစုပေါင်း၂၀ ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း
ဖြစ်ပြီး မြန်မာနိုင်ငံရသည့် ဆု တံဆိပ်
၁၁ခုတွင် မန္တလေးသား ဝူရှူးကစားသမားများက ဆုတံ ဆိပ်ခုနစ်ခု
ရယူနိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Yangon Media Group
Yangon Media Group
တရုတ်လူမှောင်ခိုဂိုဏ်းများ စပိန်နှင့်ပြင်သစ်တွင် ဖြိုခွင်း
Categories :
သြဂုတ်လ(၁၂)
တရုတ် လူမျိုးများအား ဥရောပနှင့်အမေ ရိကန်ပြည်ထောင်စုတို့သို့ ခိုးသွင်း နေသည့် လူမှောင်ခိုဂိုဏ်းတစ်ခု အား စပိန်နှင့် ပြင်သစ်ရဲများက ဖြိုခွင်းလိုက်ကြောင်း စနေနေ့က ပြောကြားလိုက်သည်။
လူမှောင်ခိုအတွက် တစ်ဦး လျှင် ယူရိုငွေ ၅၀၀၀ဝစီ ပေးရ သည်ဟုဆိုသည်။
ဘာစီလိုနာမြို့၌ အခြေစိုက် သည့် အဓိကလှုပ်ရှားသည့်အဖွဲ့ နှစ်ခုအပါအဝင် စုစုပေါင်းသံသယ ရှိသူ၇၅ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။
စပိန်နိုင်ငံသား ၅၁ဦးနှင့် ပြင်သစ်နိုင်ငံသား ၂၄ဦးတို့အား နှစ်နှစ်ခန့် ပူးတွဲစစ်ဆေးပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ် ဖွဲ့၏ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
လူမှောင်ခိုသမားများသည် တစ်ဦးလျှင် ယူရို၄၀၀၀ဝမှ၅၀၀၀၀ အထိ(ဒေါ်လာ ၅၃၀၀ဝမှ၆၆၀၀၀) အထိ ပတ်စ်ပို့အတုနှင့် တရုတ်လူ မျိုးများအား အမေရိကန်နှင့် စပိန်၊ ပြင်သစ်၊ ဂရိ၊ အီတလီ၊ ယူကေ၊ အိုင်ယာလန်နှင့် တူရကီနိုင်ငံများသို့ ပို့ဆောင်ပေးခအတွက် ရယူခဲ့ကြ သည်ဟု ဆိုသည်။
မှောင်ခိုဂိုဏ်းများသည် ရွှေ့ ပြောင်းမှောင်ခိုဝင်ရောက်သူများ အပေါ် လိင်ကိစ္စကျူးလွန်မှုများ လည်း ပြုလုပ်ခဲ့ကြကြောင်း ရဲတပ် ဖွဲ့မှ ဆိုသည်။
စပိန်ရဲတို့သည် ပတ်စ်ပို့အတု ၈၁ခု ဖမ်းဆီးရမိခဲ့ရာ အာရှနိုင်ငံ များဖြစ်ကြသည့် ထိုင်ဝမ်၊ တောင် ကိုရီးယား၊ မလေးရှား၊ ဂျပန်၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ များဖြစ်ကြသည်ဟုဆိုသည်။
ဤဂိုဏ်းအား ၂၀၁၁ခုနှစ် မှစတင်၍စစ်ဆေးခဲ့ရာ အလွန် ရှုပ်ထွေးသည်ဟု ရဲတပ်ဖွဲ့မှပြောခဲ့ သည်။ ဤအဖွဲ့မှာ အဆင့်ဆင့်ဖွဲ့ စည်းထားသောအဖွဲ့ဖြစ်ပြီး တရုတ် ပြည်မှ အဓိကစကာ တခြားနိုင်ငံ များ၌ လွတ်လပ်သောအဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့သိရန်မလိုကြောင်း အပြီး ပိတ်ပင်ထားကာ လမ်းစဖျောက် ထားကြောင်းတို့ကြောင့် ရှုပ်ထွေး ကြောင်း ရဲက ပြောကြားခဲ့သည်။
မှောင်ခိုသမားတို့က ရွှေ့ ပြောင်းလုပ်သားများနှင့်အတူတရုတ်မှစပိန်အထိလိုက်ပို့ကြ ကြောင်း၊ နောက်ဆုံးနေရာမှာ အမေရိကန် သို့မဟုတ် ယူကေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
မှောင်ခိုသမားများမှာ တရုတ်နှင့်မလေးရှားမှ အဓိက ဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်များ ၏ ယုံကြည်ရရှိသူများဖြစ်ကာ ဥရောပလေဆိပ်များ အထိလိုက် ပို့ကြသည်ဟုဆိုသည်။ တာဝန် ပြီးသည်နှင့် မှောင်ခိုတို့ ချက်ချင်း ပြန်သွားကြ၍ ခြေရာခံရန် ခဲယဉ်း သည်ဟု ရဲက ပြောသည်။
ဘာစီလိုနာသို့ရောက်သည် နှင့် မှောင်ခိုလူအား လုံခြုံသည့် အဆောက်အအုံ၌ နောက်ထပ် နေရာမရွှေ့မချင်း သိုဝှက်ထား ကြသည်။
သံသယရှိသူ ထိပ်တန်းအ ဆင့်နှစ်ဦးအား ဘာစီလိုနာ၌ထိန်း သိမ်းထားသည်။ တခြား ၂၄ဦးကို ပြင်သစ်၌ ဖမ်းဆီးထားကြောင်း သိရသည်။ ၎င်းတို့ထံမှ စားပွဲတင် ကွန်ပျူတာ၊ စကင်နာနှင့်အကောက် ခွန်တံဆိပ်တုံး ၂ဝကျော်နှင့် အီ လက်ထရွန်နစ် မဂ္ဂနီဝိုင်ယာများ ဖမ်းဆီးရထားသည်ဟု ဆိုသည်။
Yangon Media Group
တရုတ် လူမျိုးများအား ဥရောပနှင့်အမေ ရိကန်ပြည်ထောင်စုတို့သို့ ခိုးသွင်း နေသည့် လူမှောင်ခိုဂိုဏ်းတစ်ခု အား စပိန်နှင့် ပြင်သစ်ရဲများက ဖြိုခွင်းလိုက်ကြောင်း စနေနေ့က ပြောကြားလိုက်သည်။
လူမှောင်ခိုအတွက် တစ်ဦး လျှင် ယူရိုငွေ ၅၀၀၀ဝစီ ပေးရ သည်ဟုဆိုသည်။
ဘာစီလိုနာမြို့၌ အခြေစိုက် သည့် အဓိကလှုပ်ရှားသည့်အဖွဲ့ နှစ်ခုအပါအဝင် စုစုပေါင်းသံသယ ရှိသူ၇၅ဦးကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။
စပိန်နိုင်ငံသား ၅၁ဦးနှင့် ပြင်သစ်နိုင်ငံသား ၂၄ဦးတို့အား နှစ်နှစ်ခန့် ပူးတွဲစစ်ဆေးပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ် ဖွဲ့၏ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
လူမှောင်ခိုသမားများသည် တစ်ဦးလျှင် ယူရို၄၀၀၀ဝမှ၅၀၀၀၀ အထိ(ဒေါ်လာ ၅၃၀၀ဝမှ၆၆၀၀၀) အထိ ပတ်စ်ပို့အတုနှင့် တရုတ်လူ မျိုးများအား အမေရိကန်နှင့် စပိန်၊ ပြင်သစ်၊ ဂရိ၊ အီတလီ၊ ယူကေ၊ အိုင်ယာလန်နှင့် တူရကီနိုင်ငံများသို့ ပို့ဆောင်ပေးခအတွက် ရယူခဲ့ကြ သည်ဟု ဆိုသည်။
မှောင်ခိုဂိုဏ်းများသည် ရွှေ့ ပြောင်းမှောင်ခိုဝင်ရောက်သူများ
စပိန်ရဲတို့သည် ပတ်စ်ပို့အတု ၈၁ခု ဖမ်းဆီးရမိခဲ့ရာ အာရှနိုင်ငံ များဖြစ်ကြသည့် ထိုင်ဝမ်၊ တောင် ကိုရီးယား၊ မလေးရှား၊ ဂျပန်၊ ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ များဖြစ်ကြသည်ဟုဆိုသည်။
ဤဂိုဏ်းအား ၂၀၁၁ခုနှစ် မှစတင်၍စစ်ဆေးခဲ့ရာ အလွန် ရှုပ်ထွေးသည်ဟု ရဲတပ်ဖွဲ့မှပြောခဲ့ သည်။ ဤအဖွဲ့မှာ အဆင့်ဆင့်ဖွဲ့ စည်းထားသောအဖွဲ့ဖြစ်ပြီး တရုတ် ပြည်မှ အဓိကစကာ တခြားနိုင်ငံ များ၌ လွတ်လပ်သောအဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့သိရန်မလိုကြောင်း အပြီး ပိတ်ပင်ထားကာ လမ်းစဖျောက် ထားကြောင်းတို့ကြောင့် ရှုပ်ထွေး ကြောင်း ရဲက ပြောကြားခဲ့သည်။
မှောင်ခိုသမားတို့က ရွှေ့ ပြောင်းလုပ်သားများနှင့်အတူတရုတ်မှစပိန်အထိလိုက်ပို့ကြ ကြောင်း၊ နောက်ဆုံးနေရာမှာ အမေရိကန် သို့မဟုတ် ယူကေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
မှောင်ခိုသမားများမှာ တရုတ်နှင့်မလေးရှားမှ အဓိက ဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်များ ၏ ယုံကြည်ရရှိသူများဖြစ်ကာ ဥရောပလေဆိပ်များ အထိလိုက် ပို့ကြသည်ဟုဆိုသည်။ တာဝန် ပြီးသည်နှင့် မှောင်ခိုတို့ ချက်ချင်း ပြန်သွားကြ၍ ခြေရာခံရန် ခဲယဉ်း သည်ဟု ရဲက ပြောသည်။
ဘာစီလိုနာသို့ရောက်သည် နှင့် မှောင်ခိုလူအား လုံခြုံသည့် အဆောက်အအုံ၌ နောက်ထပ် နေရာမရွှေ့မချင်း သိုဝှက်ထား ကြသည်။
သံသယရှိသူ ထိပ်တန်းအ ဆင့်နှစ်ဦးအား ဘာစီလိုနာ၌ထိန်း သိမ်းထားသည်။ တခြား ၂၄ဦးကို ပြင်သစ်၌ ဖမ်းဆီးထားကြောင်း သိရသည်။ ၎င်းတို့ထံမှ စားပွဲတင် ကွန်ပျူတာ၊ စကင်နာနှင့်အကောက် ခွန်တံဆိပ်တုံး ၂ဝကျော်နှင့် အီ လက်ထရွန်နစ် မဂ္ဂနီဝိုင်ယာများ ဖမ်းဆီးရထားသည်ဟု ဆိုသည်။
Yangon Media Group
ကမ္ဘာပေါ်တွင် အကောင် ၃၀ မကျန်တော့သော ရွှေကျား (ကမ္ဘာ့အရှားပါးဆုံး ကျား)
သြဂုတ်လ(၁၂)ရက်

Golden Tiger (ရွှေရောင်အစင်းရှိသောကျား)/ စတော်ဘယ်ရီကျား လို့ လည်း ခေါ်ပါတယ်။ သုတေသန ပညာရှင်တို့ လေ့လာ ချက်အရ တစ်ကမ္ဘာလုံးမှာ အကောင် ၃၀ တောင် မကျန်ရှိတော့တဲ့ မျိုးစိတ် ဖြစ် တယ်လို့ ဆိုပါတယ်။
၁၉ရာစု၊ ၂၀ ရာစုတွေထဲက တဖြည်းဖြည်း ရှားပါးလာတဲ့ ကျားမျိုးများ ဖြစ် ပါတယ်။ ရွှေရောင်နဲ့ အဖြူရောင် အစင်းပါရှိပြီး အဓိကကတော့ DNA မှာ recessive Gene ကြောင့် အရောင်ပြောင်းနေရခြင်း ဖြစ်ပါတယ်။ သာမန်ကျား တစ်ကောင်အနေနဲ့ အနက် ရောင်အစင်းကြောင်းရှိသင့်ပေ မယ့် ရွှေကျားရဲ့ သွေးဟာ အနက် ရောင် မထွက်စေပဲ အဖြူရောင်ပဲ ထွက်စေပါတယ်။ ပင်ကိုယ် သွေးဆဲလ်ကိုက သာမန် ကျားများထက် ထူးခြားနေခြင်း ဖြစ်ပါတယ်။
နေရောင်အောက်မှာ ကြည့်ရှု ရွှေရောင် တောက်တောက်နဲ့ ရှိနေတတ်ပြီး အင်မတန် လှတဲ့ ကျားမျိုး ဖြစ်ပါတယ်။ ယခင်က ဟိမ၀န္တာတောမှာ နေထိုင် ကျက်စားပြီး မြန်မာပြည်မှာလည်း တွေ့ရတတ်ပါတယ်။ သို့ပေမယ့် ရွှေကျား အများစုကို အိန္ဒိယနိုင်ငံဘက်အခြမ်းမှာပဲ တွေ့ရှိတာ ဖြစ်ပါတယ်။ ရွှေရောင် အစင်းနဲ့ ကျားဟာ သာမန်ကျားတွေထက် ဥာဏ်ရည်ပိုထက်မြက် တယ်လို့ ဆိုပါတယ်။ သူ့ကို ၂၀ ရာစုအစောပိုင်းကတည်းက ကမ္ဘာ့ရှားပါး တိရစ္ဆာန် စာရင်းထဲထည့်ပြီး အမဲလိုက်ခြင်း မပြုလုပ်အောင် တားမြစ်ခဲ့ပါတယ်။
သို့ပေမယ့် ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆနဲ့ အမဲလိုက်မှုများကြောင့် အရှေ့ တောင်အာရှမှာ ရွှေကျားများကို အတွေ့နည်းလာပါတယ်။ ကမ္ဘာ့ အရှားပါးဆုံး ကျားမျိုးစိတ် ၁၂ မျိုးထက်တောင် ရှားပါးတယ်လို့ မှတ်တမ်း တင်ထားပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံကြီးများက အိန္ဒိယတို့လို နိုင်ငံမှ ၀ယ်ယူပြီး အမျိုးမျိုး သားဖောက်ဖို့ ကြိုးစားပါတယ်။ သို့ပေမယ့် Recessive gene ဗီဇရအောင် ဖန်တီးဖို့ခဲယဉ်းပါတယ်။
ဒါကြောင့် Golden Tiger (ရွှေကျား) ကို ကမ္ဘာ့အရှားပါးဆုံး ကျားလို့ အသိအမှတ် ပြုခဲ့ကြပါတယ်။
--
Ref: wiki
ရိုးရာလေး ဗဟုသုတ
အာဆီယံ ယူ- ၁၆ ချန်ပီယံရှစ် ပြိုင်ပွဲ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းတွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည်
Categories :
သြဂုတ်လ(၁၂)ရက်

မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (AFF U-16 Championship
2013) အမျိုးသား ဘောလုံးပြိုင်ပွဲကို သြဂုတ် ၂ဝရက်မှ စက်တင်ဘာ ၂ရက်အထိ
နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းတွင် တစ်နေ့နှစ်ပွဲနှုန်း လက်ခံ ကျင်းပ
သွားမည် ဖြစ်သည်။
အာဆီယံ ယူ-၁၆
ချန်ပီယံရှစ် ပြိုင်ပွဲကို အုပ်စုနှစ်အုပ်စု ခွဲယှဉ်ပြိုင် မည်ဖြစ်ရာ (က)
အုပ်စုတွင် မြန်မာ၊ ဗီယက်နမ်၊ သြစ တြေးလျ၊ ကမ္ဘော ဒီးယားနှင့်
ဘရူနိုင်းအသင်း၊ အုပ်စု (ခ)တွင် စင်ကာပူ၊ လာအို၊ အင်ဒိုနီးရှား၊
မလေးရှားနှင့် ဖိလစ်ပိုင် စုစုပေါင်း ၁ဝ သင်း ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်
သည်။ မြန်မာ ယူ-၁၆ အသင်းကို ပြီးခဲ့သည့် ယူ-၁၅ ပြိုင်ပွဲမှ ကစားသမား
များကို အဓိက အခြေခံထားပြီး မန္တလေး၊ နေပြည်တော်၊ ပုသိမ်ဘောလုံး အကယ်ဒမီမှ
လူငယ်အများစု ပါဝင်နေသည်။
အသင်းကို ဂျပန်လူမျိုး နည်းပြချုပ် တာရှီးမားက တာဝန်ယူ ကိုင်တွယ်မည်ဖြစ်သည်။
ပဏာမ လူစာရင်းကို သြဂုတ် ၈ရက်က ထုတ်ပြန် ကြေညာခဲ့ရာ ဂိုး ဆန်းဆက်နိုင်၊
စောဌေး (မန္တလေး အကယ်ဒမီ)၊ ဖုန်းသစ္စာမင်း (နေပြည်တော် အက်စ်စီ အကယ်ဒမီ)၊
နောက်တန်း အောင်သက်စိုး၊ စိုးမိုးထွန်း၊ ရဲရင့်ကို၊ ခိုင်စိုးဦး၊
ရဲရင့်အောင်၊ ဟိန်းဖြိုးဝင်း (မန္တလေး အကယ်ဒမီ)၊ အောင်ဖြိုးသာ၊ ရဲမင်းသူ
(နေပြည်တော် အက်စ်စီ)၊ ကျော်ဇင်စိုး (မန္တလေးတိုင်း ဒေသကြီး)၊ အလယ်တန်း
သီဟထွန်းကျော်၊ ကျော်လွင်မိုး၊ မျိုးသက်နိုင်၊ ဆန်းသူအောင်၊ အောင်သက်စိုး၊
ဇာနေရသူ၊ ဥက္ကာဘို (မန္တလေး အကယ်ဒမီ)၊ စိုးလွင်လွင် (ရတနာပုံ အကယ်ဒမီ)၊
မင်းသူ (ပုသိမ် အကယ်ဒမီ)၊ မိုးမင်း ဇော် (မန္တလေးတိုင်း ဒေသကြီး)၊ ရှေ့တန်း
ဇွဲသက်ပိုင်၊ အောင်ပြည့်ကို၊ ရွှေကို (မန္တလေး အကယ်ဒမီ)နှင့် ဂျွန်ကွေလိ
တို့ကို ရွေးချယ်ထားကာ လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်နေသည်။ မြန်မာ
အသင်းသည် ပွဲဦးထွက် အဖြစ် သြဂုတ် ၂ဝ ရက် ည ၆နာရီ ၄၅မိနစ်တွင် ဗီယက်နမ်
အသင်းနှင့် ဒုတိယပွဲစဉ် စတင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ နည်းပြချုပ်
တာရှီးမားက မိမိတို့အသင်း အဖွင့်ပွဲ ဗီယက်နမ်နှင့် သြစတြေးလျ တို့ကို
အဓိကထား ယှဉ်ပြိုင်ရနိုင် ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။
ယခုပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ကြိမ် ရဖူးထားသည့် မြန်မာလူငယ် အသင်းသည်
ကိုယ့်မြေကိုယ့် ပရိသတ် ရှေ့တွင် အောင်မြင် မှုများ ထပ်မံရရှိရေး ကြိုးစား
ယှဉ်ပြိုင်သွားမည်ဟု ယုံကြည်သလို ကွင်းအတွင်း လာရောက် အားပေးကြမည့် ပရိသတ်
အပေါင်းကလည်း အိမ်ရှင်ပီပီ ယဉ်ကျေးပျူငှာစွာ ကြည့်ရှုအားပေး သွားကြပါဟု
တိုက်တွန်း နှိုးဆော် လိုက်ရ ပေသည်။ ။
အုပ်စု(က) မြန်မာအသင်း ပါဝင်သည့် ပွဲစဉ်များ
၂ဝ-၈-၂ဝ၁၃ မြန်မာ - ဗီယက်နမ် ၁၈း၄၅ နာရီ
၂၂-၈-၂ဝ၁၃ မြန်မာ- သြစတြေးလျ ၁၈း၄၅ နာရီ
၂၆-၈-၂ဝ၁၃ မြန်မာ- ဘရူနိုင်း ၁၈း၄၅ နာရီ
၂၈-၈-၂ဝ၁၃ မြန်မာ- ကမ္ဘောဒီးယား ၁၈း၄၅ နာရီ
မြ၀တီ
သြဂုတ်လ(၁၂)ရက်

မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (AFF U-16 Championship 2013) အမျိုးသား ဘောလုံးပြိုင်ပွဲကို သြဂုတ် ၂ဝရက်မှ စက်တင်ဘာ ၂ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းတွင် တစ်နေ့နှစ်ပွဲနှုန်း လက်ခံ ကျင်းပ သွားမည် ဖြစ်သည်။
အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲကို အုပ်စုနှစ်အုပ်စု ခွဲယှဉ်ပြိုင် မည်ဖြစ်ရာ (က) အုပ်စုတွင် မြန်မာ၊ ဗီယက်နမ်၊ သြစ တြေးလျ၊ ကမ္ဘော ဒီးယားနှင့် ဘရူနိုင်းအသင်း၊ အုပ်စု (ခ)တွင် စင်ကာပူ၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် စုစုပေါင်း ၁ဝ သင်း ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ် သည်။ မြန်မာ ယူ-၁၆ အသင်းကို ပြီးခဲ့သည့် ယူ-၁၅ ပြိုင်ပွဲမှ ကစားသမား များကို အဓိက အခြေခံထားပြီး မန္တလေး၊ နေပြည်တော်၊ ပုသိမ်ဘောလုံး အကယ်ဒမီမှ လူငယ်အများစု ပါဝင်နေသည်။
အသင်းကို ဂျပန်လူမျိုး နည်းပြချုပ် တာရှီးမားက တာဝန်ယူ ကိုင်တွယ်မည်ဖြစ်သည်။
ပဏာမ လူစာရင်းကို သြဂုတ် ၈ရက်က ထုတ်ပြန် ကြေညာခဲ့ရာ ဂိုး ဆန်းဆက်နိုင်၊ စောဌေး (မန္တလေး အကယ်ဒမီ)၊ ဖုန်းသစ္စာမင်း (နေပြည်တော် အက်စ်စီ အကယ်ဒမီ)၊ နောက်တန်း အောင်သက်စိုး၊ စိုးမိုးထွန်း၊ ရဲရင့်ကို၊ ခိုင်စိုးဦး၊ ရဲရင့်အောင်၊ ဟိန်းဖြိုးဝင်း (မန္တလေး အကယ်ဒမီ)၊ အောင်ဖြိုးသာ၊ ရဲမင်းသူ (နေပြည်တော် အက်စ်စီ)၊ ကျော်ဇင်စိုး (မန္တလေးတိုင်း ဒေသကြီး)၊ အလယ်တန်း သီဟထွန်းကျော်၊ ကျော်လွင်မိုး၊ မျိုးသက်နိုင်၊ ဆန်းသူအောင်၊ အောင်သက်စိုး၊ ဇာနေရသူ၊ ဥက္ကာဘို (မန္တလေး အကယ်ဒမီ)၊ စိုးလွင်လွင် (ရတနာပုံ အကယ်ဒမီ)၊ မင်းသူ (ပုသိမ် အကယ်ဒမီ)၊ မိုးမင်း ဇော် (မန္တလေးတိုင်း ဒေသကြီး)၊ ရှေ့တန်း ဇွဲသက်ပိုင်၊ အောင်ပြည့်ကို၊ ရွှေကို (မန္တလေး အကယ်ဒမီ)နှင့် ဂျွန်ကွေလိ တို့ကို ရွေးချယ်ထားကာ လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်နေသည်။ မြန်မာ အသင်းသည် ပွဲဦးထွက် အဖြစ် သြဂုတ် ၂ဝ ရက် ည ၆နာရီ ၄၅မိနစ်တွင် ဗီယက်နမ် အသင်းနှင့် ဒုတိယပွဲစဉ် စတင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ နည်းပြချုပ် တာရှီးမားက မိမိတို့အသင်း အဖွင့်ပွဲ ဗီယက်နမ်နှင့် သြစတြေးလျ တို့ကို အဓိကထား ယှဉ်ပြိုင်ရနိုင် ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။
ယခုပြိုင်ပွဲတွင် ချန်ပီယံဆု နှစ်ကြိမ် ရဖူးထားသည့် မြန်မာလူငယ် အသင်းသည် ကိုယ့်မြေကိုယ့် ပရိသတ် ရှေ့တွင် အောင်မြင် မှုများ ထပ်မံရရှိရေး ကြိုးစား ယှဉ်ပြိုင်သွားမည်ဟု ယုံကြည်သလို ကွင်းအတွင်း လာရောက် အားပေးကြမည့် ပရိသတ် အပေါင်းကလည်း အိမ်ရှင်ပီပီ ယဉ်ကျေးပျူငှာစွာ ကြည့်ရှုအားပေး သွားကြပါဟု တိုက်တွန်း နှိုးဆော် လိုက်ရ ပေသည်။ ။

Subscribe to:
Comments (Atom)

ဆရာ ဒေါက်တာထွန်းလွင်ေ ပြာပြတဲ့ မိုးလေ၀သအခြေအနေပါ။ ဆရာ ဒေါက်တာထွန်းလွင် ကို ကျေးဇူးတင်ပါတယ်