21.9.2013
၉၆၉ နာမည်မသုံးရန် တားမြစ်မှု ကလောမြို့တွင် ဖြစ်ပွား
ရှမ်းပြည်နယ် ကလောမြို့အထွက် ရွှေဇင်ယော်စက်သုံးဆီအရောင်းဆိုင်အနီးရှိ ဒေသထွက်လက်ဆောင်များ ရောင်းချသော ဆိုင်တန်းမှ “ ၉၆၉ မေရှမ်း ” နှင့် “ ၉၆၉ ရွှေစင် ”အမည်ရှိ ဆိုင်းဘုတ်ရေးထားသော ဆိုင်ခန်းနှစ်ခန်းအား ဇွန် ၁၄ ရက်မနက်ပိုင်း တွင် More
ဗိုလ်ချုပ် ဆေထင် ပြောစကားများက ပြည်ထောင်စုကြီးတစ်ခုလုံး ပြိုကွဲသွားအောင် သွေးထိုးလှုံ့ဆော် လိုက်တဲ့ သဘောလား….?
ဆက်ကြေးကောက်၊ ဘိန်းခွန်ကောက်၊ သစ်ခိုးထုတ် တဲ့ တရားမ၀င်လုပ်ရပ်တွေကိုတော့ လုပ်လို့မရတော့ ဘူးပေါ့။ ဒ့ါကြောင့် ဦးဆေထင် လက်နက်မစွန့် ချင်တာ More
Saturday, September 21, 2013
ဆိုက်ဘာ မှုခင်းများအား မြို့နယ် ရဲစခန်းတွင် တိုင်ကြားနိုင်
Categories :
21.9.2013
ပြည် သူမှ ဆိုက်ဘာနှင့်ပတ်သက် သည့် မှုခင်းများအား သက်ဆိုင်ရာမြို့ နယ်ရဲစခန်းတွင် တိုင်ကြားမှုများ ဆောင်ရွက်နိုင်ပြီး ယင်းမှုခင်းများ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းရဲ တပ်ဖွဲ့မှ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုရဲမှူးကြီး ထွန်းနေဝင်းကပြော သည်။ ''Cyber Crime နနဲ့ပတ်သက် ပြီး တိုင်ကြားမှုတွေရှိလာပြီဆို ရင် မှုခင်းရဲတပ်ဖွဲ့ကနေ တည်ဆဲ ဥပဒေနဲ့အညီ ကိုင်တွယ် ဖြေရှင်း ပေးသွား မှာပါ။ ရဲအရေးပိုင်တဲ့အ မှုရှိတယ်။ ရဲအရေးမပိုင်တဲ့အမှု ရှိတယ်။ ဒါမျိုးတွေတော့ကွဲပြား မှုရှိပါတယ်။ တိုင်ကြားမှုတွေရှိ လာရင်တော့ ရဲလုပ်ငန်းအတိုင်း အရေးယူမှုတွေ ဆောင်ရွက်ပေး သွားမှာပါ''ဟု စက်တင်ဘာ ၁၆ ရက်တွင် မိုက်ခရိုဆော့ဖ်မှ နည်း ပညာလုံခြုံရေးပိုင်း ဆွေးနွေးပွဲ၌ ဒုရဲမှူးကြီး ထွန်းနေဝင်းက ယင်း သို့ပြောသည်။
နည်းပညာပိုင်းအနေဖြင့် ကျွမ်းကျင်မှု ရှိစေရန်အတွက် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာ နနှင့် နိုင်ငံတကာမှအလုပ်ရုံဆွေး နွေးပွဲများ၊ သင်တန်းများတက် ရောက်ခြင်းများဆောင်ရွက်ခဲ့ ပြီး Cyber Security နှင့်ပတ်သက် သည်များကိုလည်း လေ့လာသင် ယူထားကြောင်း သိရသည်။ ''ဆိုက်ဘာမှုခင်းတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ကျွန် တော်တို့ ဌာနတစ်ခုတည်းနဲ့မဖြစ် ပါဘူး။ လက်ရှိမှာလဲ ဆိုက်ဘာနဲ့ ပတ်သက်ပြီး ကြီးကြီး မားမား တိုင် ကြားလာတာမျိုးတွေ မရှိသေးပါ ဘူး''ဟု ယင်းက ထပ်မံပြောသည်။
ဆိုက်ဘာမှုခင်းများကို ကိုင် တွယ်ဖြေရှင်းရာ၌ အခြားအဖွဲ့ အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ဆက် သွယ်ရေးနှင့် သတင်းအချက်အ လက်နည်းပညာဝန်ကြီးဌာန၊Myanmar Computer Emergency Response team တို့နှင့် ပူးပေါင်း ဖြေရှင်းရန်လိုအပ်ကြောင်း၊ ဆိုက် ဘာဥပဒေကိုပြဋ္ဌာန်းနိုင်ရန် လက် ရှိဆက်သွယ်ရေးဥပဒေကို အခြေ ခံ၍ ပူးပေါင်းပါဝင်ရေးဆွဲရန်လို အပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ဘလော့ ဂါတစ်ဦးဖြစ်သူ ဦးနေဘုန်းလတ် က ''နောက်ပိုင်းမှာ ဆိုက်ဘာကို အသုံးပြုပြီး အသရေဖျက်တာ တွေ၊ မှုခင်းတွေအများကြီးပိုကြုံ လာမှာပါ။ အဲဒီအတွက် Cyber Police တွေထားရှိဖို့ လိုလာပါပြီ။ ဥပမာ ဒေါက်တာဆိတ်ဖွားကိစ္စ မျိုးဆိုရင် ဆိုက်ဘာ ကနေ တစ်ဆင့် ဖြစ်တာပါ။ ဒီလိုတွေအများကြီး နောက်ပိုင်းဖြစ်လာနိုင်တယ်။ မြန်မာ နိုင်ငံမှာ နည်းပညာနဲ့ပတ်သက်ပြီး နောက်ပိုင်း ကျယ်ပြန့်လာမှာဆို တော့ မှုခင်းတွေကလဲ ပိုဖြစ်လာ မှာသေချာပါတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်အနေဖြင့် e-Government လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် G to C လုပ်ငန်းအနေနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ဝက်ဘ် ဆိုက် www.myanmarpoliceforce.org နှင့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ တွင် ရဲဇာနည် အမည်ဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာမှစ တင်၍ လွှင့်တင်ပေးခဲ့ပြီး ယင်း ဝက်ဘ်ဆိုက်တွင် မှုခင်းသတင်း များ၊ ရဲတပ်ဖွဲ့၏လုပ်ဆောင်ချက် များ၊ ပြည်သူသို့ အသိပေးကြေ ညာချက်များ၊ ဥပဒေစာအုပ်များ ထားရှိပြီး ရဲလုပ်ငန်း နှင့် ပတ်သက် ၍ ပြည်သူတို့၏နစ်နာချက်များ အတွက် တိုင်ကြားနိုင်ကြောင်း သိရသည်။
ဖူးပွင့်သော်
Yangon Media Group
ကန်အောက်လွှတ်တော် အတည်ပြုတဲ့ဘတ်ဂျက် ကျန်းမာရေးကိစ္စပယ်ချ
Categories :
21.9.2013
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က အစိုးရအသုံးစရိတ် ပံ့ပိုးရေး ယာယီအစီစဉ်တရပ်ကို အတည်ပြုလိုက်တဲ့အတွက် အိုဘားမားအစိုးရ လုပ်ငန်း ဆက်လက်လည်ပတ်ခွင့် ရရှိတော့မှာဖြစ်ပေမယ့် သမ္မတ အိုးဘားမားရဲ့ အဓိကစီမံကိန်းတခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအတွက်တော့ အထောက်အပံ့ ပေးဖို့မရှိဘူးလို့ ငြင်းဆန်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို သောကြာနေ့က ထောက်ခံမဲ ၂၃၀ ကန့်ကွက်မဲ ၁၈၉ မဲနဲ့ ရီပတ်ပလီ ကင်တွေလွှမ်းမိုးထားတဲ့ အောက်လွှတ်တော်က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဒီမိုကရက်တွေလွှမ်းမိုးထားတဲ့ အထက်လွှတ်တော်ကို ရောက်တဲ့အခါမှာတော့ အတည်ပြုချက်ရရှိလိမ့်မယ် မဟုတ်ဘူးလို့ ယူဆရပြီး ဒီလအကုန်မှာသာ ဘတ်ဂျက်နဲ့ ပတ်သက်လို့ သဘောတူညီမှု မရနိုင်ဘူးဆိုရင် အစိုးရယန္တရားတချို့ကို ရပ်ဆိုင်းလိုက်ရမှာ ဖြစ်ပါတယ်။
သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘေနာက အမေရိကန်ပြည်သူအများစုက လက်မခံကြဘူး ဆိုတာကိုလည်း ပြောဆိုခဲ့ပါတယ်။
VOA
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က အစိုးရအသုံးစရိတ် ပံ့ပိုးရေး ယာယီအစီစဉ်တရပ်ကို အတည်ပြုလိုက်တဲ့အတွက် အိုဘားမားအစိုးရ လုပ်ငန်း ဆက်လက်လည်ပတ်ခွင့် ရရှိတော့မှာဖြစ်ပေမယ့် သမ္မတ အိုးဘားမားရဲ့ အဓိကစီမံကိန်းတခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအတွက်တော့ အထောက်အပံ့ ပေးဖို့မရှိဘူးလို့ ငြင်းဆန်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို သောကြာနေ့က ထောက်ခံမဲ ၂၃၀ ကန့်ကွက်မဲ ၁၈၉ မဲနဲ့ ရီပတ်ပလီ ကင်တွေလွှမ်းမိုးထားတဲ့ အောက်လွှတ်တော်က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဒီမိုကရက်တွေလွှမ်းမိုးထားတဲ့ အထက်လွှတ်တော်ကို ရောက်တဲ့အခါမှာတော့ အတည်ပြုချက်ရရှိလိမ့်မယ် မဟုတ်ဘူးလို့ ယူဆရပြီး ဒီလအကုန်မှာသာ ဘတ်ဂျက်နဲ့ ပတ်သက်လို့ သဘောတူညီမှု မရနိုင်ဘူးဆိုရင် အစိုးရယန္တရားတချို့ကို ရပ်ဆိုင်းလိုက်ရမှာ ဖြစ်ပါတယ်။
သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘေနာက အမေရိကန်ပြည်သူအများစုက လက်မခံကြဘူး ဆိုတာကိုလည်း ပြောဆိုခဲ့ပါတယ်။
VOA
တပ်မတော် အခန်းကဏ္ဍ လျှော့ချရေး နိုင်ငံရေး အင်အားစုများအပေါ် မူတည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူဆို
Categories :
မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး အခင်းအကျင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လျှော့ချရေးမှာ ပါတီအသီးသီးနှင့် နိုင်ငံရေး အင်အားစုများအပေါ်၌ အဓိက မူတည်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနရုံး၌ ပြုလုပ်သည့် အစိုးရ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်တို့ တွေ့ဆုံစဉ် နိုင်ငံရေး၌ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်အပေါ် ၎င်းက ယင်းသို့ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။
“တပ်မတော်က နောင်မှာ အမျိုးသား နိုင်ငံရေးပဲ လုပ်မယ်၊ အာဏာနိုင်ငံရေး မလုပ်ဘူးဆို အမြဲတမ်း ပြောခဲ့တယ်။ ဒီမိုကရေစီ ကျင့်စဉ်တွေ အသားကျလာရင် အခြေခံဥပဒေကိုလည်း ပြောင်းလို့ရတယ် လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ပြောခဲ့ပါတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။
“တပ်မတော်က နောင်မှာ အမျိုးသား နိုင်ငံရေးပဲ လုပ်မယ်၊ အာဏာနိုင်ငံရေး မလုပ်ဘူးဆို အမြဲတမ်း ပြောခဲ့တယ်။ ဒီမိုကရေစီ ကျင့်စဉ်တွေ အသားကျလာရင် အခြေခံဥပဒေကိုလည်း ပြောင်းလို့ရတယ် လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ပြောခဲ့ပါတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။
သို့သော် နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချရန် နိုင်ငံရေး အင်အားစုများ မည်မျှရင့်ကျက်သည်၊ ဒို့တာဝန် အရေးသုံးပါးကို မည်မျှ စောင့်ထိန်းနိုင်မည် စသည့်အချက်များပေါ်တွင် အဓိက မူတည်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။
လက်ရှိတပ်မတော်၏ အခန်းကဏ္ဍမှာ ရှိသင့်သည်ထက် များစွာမြင့်မားနေပြီး ယင်းကို ပုံမှန်ရှိသင့်သည့် အနေအထားသို့ လျှော့ချမည် ဆိုခြင်းကို ကြိုဆိုကြောင်း၊ သို့သော် လိုအပ်သည်ထက်ပို၍ လျှော့ချဖို့လည်း မဖြစ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအထွေထွေ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက မှတ်ချက်ပြုသည်။
“နိုင်ငံရေး အင်အားစုတွေ ရင့်ကျက်ဖို့ ဆိုတာက ဘယ်အပိုင်းကို ပြောတာလဲ၊ စီးပွားရေးလား၊ မူဝါဒအပေါ်လား ကွဲကွဲပြားပြား သိဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးကဲ့သို့ ကိစ္စရပ်များတွင် တပ်မတော်၏ ရပ်တည်ချက်ကို ထိခိုက်သည်အထိ အတိုက်အခံ နိုင်ငံရေး အင်အားစုများက တောင်းဆိုခဲ့လျှင် တပ်နှင့် ထိပ်တိုက်တွေ့နိုင်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ သဘောတူညီမှု မရှိဘဲ မည်သည့် အရေးကိစ္စမျှ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ပြောဆိုထားသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် မြန်မာ့နိုင်ငံရေးစနစ်၌ အာဏာသုံးရပ်ကို ခွဲဝေ ကျင့်သုံးသည့်စနစ် စတင်ခဲ့သော်လည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အခန်းကဏ္ဍများတွင် ယခင်တပ်မတော် အစိုးရလက်ထက် တာဝန်ယူခဲ့သူ အများစုသာ ပြန်လည် နေရာယူထားခြင်း၊ လွှတ်တော်တွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း နေရာယူထားခြင်းတို့မှာ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီကြောင်း ပြည်တွင်း နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာက ထောက်ပြဝေဖန်ထားသည်။
The Voice Weekly
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အိမ်ခြေ ၇,၀၀၀ နီးပါးရွှေ့ပြောင်းရပြီး လူဦးရေသုံးသောင်းကျော် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရ
Categories :
21.9.2013
မိုးအဆက်မပြတ်ရွာသွန်းမူကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အိမ်ခြေ ၇,၀၀၀ နီး ပါးရွှေ့ပြောင်းရပြီး လူဦးရေ ၃၀,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူက ပြောကြားသည်။
စက်တင်ဘာလဆန်းမှစတင်ပြီး မိုးအ ဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ် ရေနှင့်ဒုဋ္ဌ၀တီမြစ်ရေတို့မှာ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာပြီး ရေဘေးဒုက္ဓကို မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်း ဒေသကြီးတို့ တွင် အဓိကခံစားနေရပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ဧရာ ၀တီ တိုင်းဒေသကြီးများတွင် ဆက်စပ်ခံစား နေရကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးမှာ ရေကြီးမှု ဒဏ်ကို အဆိုးရွားဆုံးခံစားနေရပြီး ကျေးရွာ များရှိ အိမ်ထောင်စုပေါင်း ၃,၀၀၀ ခန့်မှာ ရေနစ်မြုပ်မှုတွင်ပါဝင်ခဲ့သည့်အတွက် လူဦး ရေ ၁၀,၀၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်း များ သို့ ရောက်ရှိနေသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လည်း ရေကြီးမှုဒဏ်ကို နှစ်ကြိမ်ဆက်ခံစားခဲ့ ရပြီး လူဦးရေ ၅၆၁၃ဦးရှိသော အိမ်ထောင်စု ၁၃၅၇ ခုမှာ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ယင်းနောက် ပဲခူးတိုင်း ဒေသတွင်လည်း အိမ်ထောင်စုပေါင်း ၃၅၀ မှာ ရေဘေးဒဏ် ကြောင့် ကယ်ဆယ်ရေးစခန်းများတွင် နေ ထိုင်နေရသူ ၁၅,၀၀၁ ဦးထိသို့ ရောက်ရှိနေ သည်။
လက်ရှိတွင် ရေနစ်မြုပ်မှုဒဏ်ခံစားနေ ရသော လူဦးရေ ၃၀၀၀၀ကျော်ကို သက်ဆိုင် ရာ ပြည်နယ် နှင့်တိုင်းများရှိ စာသင်ကျောင်း များ၊ ဘုန်ကြီးကျောင်းများ၌ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ် ပေးထားကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ သိရသည်။
သို့သော်သောက်သုံးရေ အခက်အခဲနှင့် ကူညီထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်ကြောင်း ရေကြီး ဒုက္ဓခံစားနေရသူများ၏ပြောကြား ချက်များအရ သိရသည်။
ယင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့များ မှ စခန်းများတိုးချဲ့လုပ်ဆောင်ခြင်းများနှင့် အစားအသောက် လိုအပ်ချက်များအတွက် ဖြည့်ဆည်းရန် အမြန်ဆုံးလုပ်ဆောင်နေပြီ ဟု ကယ်ဆယ်ရေးဌာနမှ သိရသည်။
"အခုရေဘေးဒုက္ဓသည်တွေကို သက် ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရယ် မြို့ နယ်အထောက် အကူပြုအဖွဲ့တွေရယ် မီး သတ်တပ်ဖွဲ့ဝင်တွေ ကြက်ခြေနီတွေက မြို့ လူထုတွေနဲ့ပူးပေါင်းပြီး ရေလွတ် ရာစာသင် ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ပြောင်း ရွေ့ပေးပြီး လိုအပ်တာတွေကို ဖြည့်ဆည်းဖို့ ဆောင်ရွက်နေပါတယ်"ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမှုဒဏ်ကို ယခုနှစ်အတွင်း အများအပြားတွေ့ကြုံခံစား ခဲ့ရပြီး သြဂုတ်လ ဆန်းပိုင်းတွင် ဖြစ်ပွားခဲ့ သောရေကြီးမှုကြောင့် တစ်နိုင်ငံလုံးအတိုင်း အတာအရလူဦးရေ ၅၀,၀၀၀ ခန့်အတွက် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။
Eleven Media Group
ပြည်ထောင်စု ၀န်ကြီးတစ်ဦး ပြည်ပ၌ ငွေစာရင်း ဖွင့်ထားသည်ဆိုသော သတင်းမှန်ကန်ပါက အရေးယူခံမည်ဟုဆို
Categories :
ပြည်ထောင်စုဝန်ကြီးတစ်ဦး ပြည်ပ၌ ငွေစာရင်း ဖွင့်ထားသည်ဆိုသော
သတင်းမှန်ကန်ပါက အရေးယူခံမည်ဟု ပြောကြားကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး
ဦးရဲထွဋ်က စက်တင်ဘာ ၂၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏
ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
"ဒီနေ့ပုဂ္ဂလိက ဂျာနယ်တစ်ခုမှာ တွေ့ပါတယ်။ ပြည်ထောင်စု ၀န်ကြီးတစ်ဦးက နိုင်ငံခြားမှာ ဘဏ်အကောင့်တစ်ခု ဖွင့်ထားတယ်ဆိုတဲ့ သတင်းပါ။ အဲဒါနဲ့ ၀န်ကြီးကို ကျွန်တော်ဆက်သွယ်ပြီး မေးမြန်းပါတယ်။ ၀န်ကြီးကလည်း အဲဒီလို ရှိတယ်ဆိုရင် ပြောပါလို့ ပြန်ပြောပါတယ်။ သူ့နာမည်နဲ့ အတိအကျပြော။ မှန်ရင်အရေးယူ ခံမယ်လို့ ပြောပါတယ်။ မဟုတ်ရင်တော့ ရေးတဲ့သူဘက်မှာလည်း တာဝန်ရှိမယ်လို့ ပြောကြားခဲ့ပါတယ်" ဟု ဦးရဲထွဋ်က ဆိုပါသည်။
စက်တင်ဘာ ၂၉ ရက်ထုတ် သံတော်ဆင့်ဂျာနယ် အတွဲ-၂၊ အမှတ်-၂၈ ဂျာနယ် မျက်နှာဖုံးတွင် "၁၁ ဘီလျံ ငွေစာရင်းငါးခုတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ငွေစာရင်းပါဝင်ဟု သတင်းထွက်ပေါ်" ဆိုသည့် သတင်းတစ်ရပ်ကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထိုသတင်းကို ရည်ညွှန်း၍ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သော မေးခွန်းကို ဦးရဲထွဋ်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လာရောက်ခဲ့သော်လည်း မေးခွန်းများ မေးမြန်းဖြေကြားခြင်း လုံးဝပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားကာ အစောဆုံး ပြန်လည်ထွက်ခွာ သွားခဲ့သည်။
"ဒီနေ့ပုဂ္ဂလိက ဂျာနယ်တစ်ခုမှာ တွေ့ပါတယ်။ ပြည်ထောင်စု ၀န်ကြီးတစ်ဦးက နိုင်ငံခြားမှာ ဘဏ်အကောင့်တစ်ခု ဖွင့်ထားတယ်ဆိုတဲ့ သတင်းပါ။ အဲဒါနဲ့ ၀န်ကြီးကို ကျွန်တော်ဆက်သွယ်ပြီး မေးမြန်းပါတယ်။ ၀န်ကြီးကလည်း အဲဒီလို ရှိတယ်ဆိုရင် ပြောပါလို့ ပြန်ပြောပါတယ်။ သူ့နာမည်နဲ့ အတိအကျပြော။ မှန်ရင်အရေးယူ ခံမယ်လို့ ပြောပါတယ်။ မဟုတ်ရင်တော့ ရေးတဲ့သူဘက်မှာလည်း တာဝန်ရှိမယ်လို့ ပြောကြားခဲ့ပါတယ်" ဟု ဦးရဲထွဋ်က ဆိုပါသည်။
စက်တင်ဘာ ၂၉ ရက်ထုတ် သံတော်ဆင့်ဂျာနယ် အတွဲ-၂၊ အမှတ်-၂၈ ဂျာနယ် မျက်နှာဖုံးတွင် "၁၁ ဘီလျံ ငွေစာရင်းငါးခုတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ငွေစာရင်းပါဝင်ဟု သတင်းထွက်ပေါ်" ဆိုသည့် သတင်းတစ်ရပ်ကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထိုသတင်းကို ရည်ညွှန်း၍ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သော မေးခွန်းကို ဦးရဲထွဋ်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လာရောက်ခဲ့သော်လည်း မေးခွန်းများ မေးမြန်းဖြေကြားခြင်း လုံးဝပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားကာ အစောဆုံး ပြန်လည်ထွက်ခွာ သွားခဲ့သည်။
NLD နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ယနေ့တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံကို ပြင်မလား၊ အသစ်ဆွဲ မလားဆိုသည့်အပေါ် ဆွေးနွေးမည်
Categories :
21.9.2013
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးနှင့်ပတ်သက်၍ အပတ်စဉ်ဆွေးနွေး နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်တိုင်းရင်းသားကိုယ်စားလှယ်များ၏ ယ နေ့တွေ့ဆုံမည့်ပွဲတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မလား၊ အသစ်ဆွဲမလားဆိုသည့် အပေါ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။
NLD ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကော်မတီအနေဖြင့် တိုင်းရင်းသားပါတီ များမှ ကိုယ်စားလှယ် များနှင့်အပတ်စဉ် စနေ နေ့တိုင်းတွေ့ဆုံသွားရန် စီစဉ်ထားပြီး ယနေ့ (စက်တင်ဘာ ၂၁ ရက်)တွေ့ဆုံမှုမှာ ဒုတိယ အကြိမ်မြောက်တွေ့ဆုံမှုဖြစ်ကြောင်း သိရ သည်။
“ပြင်မလား၊ အသစ်ဆွဲမလားဆိုတာ ကတော့ သိပ်အရေးကြီးတဲ့အကြောင်းအရာ ဖြစ်တယ်။ လက်ရှိဖွဲ့စည်း ပုံမှာက ပြင်ပုံပြင် နည်းကို တော်တော်ခက်ခက်ခဲခဲကို ပြဋ္ဌာန်း ထားတာ။ အဲဒီတော့ ပြင်တာက ကောင်း မလား၊ အသစ်ဆွဲတာကောင်းမလားဆိုပြီး နည်းလမ်း ရှာကြမှာပေါ့။ အဲဒီအပေါ် နည်းလမ်းရှာ ကြရင်းနဲ့တခြား အကြံကောင်း၊ ဉာဏ်ကောင်း တွေလည်း ထွက်လာနိုင်တာပဲ”ဟု NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဦးကိုနီ က ပြောကြားသည်။
ပြီးခဲ့သည့်အပတ် (စက်တင်ဘာ ၁၄ ရက်)တွေ့ဆုံမှုတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသား ဒေသ များအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့်တန်းတူညီမျှမှုမရှိသည့် အ တွက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုမရှိခြင်း ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆက်စပ်နေမှုအပေါ် ဆွေးနွေး ခဲ့ပြီး တက်ရောက်လာသည့်တိုင်းရင်းသား အဖွဲ့ ၁၂ ဖွဲ့လုံးက အဆိုပါအချက်အပေါ် ထောက်ခံခဲ့သည်။
NLD ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးကော်မတီအနေဖြင့် အဆိုပါ အပတ်စဉ် စနေနေ့တိုင်း တိုင်းရင်းသားကိုယ်စားလှယ် များနှင့်တွေ့ဆုံသွားမည့်ပွဲများမှ ရရှိလာမည့် ၎င်းတို့၏ သဘောထား များကိုစုစည်းကာ ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ တင် ပြသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)၏ သဘောထားကို စက်တင်ဘာလကုန်တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီတွင် ဦးထွန်းထွန်းဟိန်၊ ဦးအောင်သိန်း၊ ဦးကျော် ဟိုး၊ ဦးကြည်ဝင်း (လပွတ္တာ)၊ ဦးမောင်ဖေ တင်၊ ဦးကိုနီနှင့် ဦးဌေးဦးတို့ပါဝင်ကြောင်း သိရသည်။
Eleven Media Group
၁၁ ဘီလျံ ကိစ္စနှင့် ပတ်သက်၍ တရားဝင် အချက်အလက် (Official Record) တွင် မရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား
Categories :
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်နေစဥ
်
21.9.2013
၁၁ ဘီလျံ ကိစ္စနှင့် ပတ်သက်၍ တရားဝင် အချက်အလက် (Official Record) တွင် မရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြား၊ သို့ရာတွင် စင်ကာပူနိုင်ငံရှိ OCBC၊ UOB နှင့် DBS ဘဏ်များတွင် သိမ်းဆည်းထားသော ငွေစာရင်းများကို စုံစမ်းဖော်ထုတ်ရန် အစီအစဉ် ရှိ၊ မရှိ The Daily Eleven ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံမှ ငွေစာရင်း ငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ရှိနေသည်ဆိုသော ကိစ္စရပ်နှင့် ပတ်သက်၍ တရားဝင် အချက်အလက်များ (Official Record) မရှိကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က စက်တင်ဘာ ၂၀ ရက် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သို့ရာတွင် စင်ကာပူနိုင်ငံရှိ OCBC၊ UOB နှင့် DBS ဘဏ်များတွင် သိမ်းဆည်းထားသည်ဟု သတင်းထွက်ပေါ်ခဲ့သော ငွေစာရင်းများကို စုံစမ်းဖော်ထုတ်ရန် အစီအစဉ် ရှိ၊ မရှိ The Daily Eleven ၏ မေးမြန်းချက်ကိုမူ မည်သူကမျှ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။
"၁၁ ဘီလျံ ကိစ္စတွေကတော့ ကျွန်တော်တို့ရဲ့ Official Record မှာ မရှိပါဘူး။ ဘယ်သူတွေ ဘယ်မှာ ထားထားတယ်။ ဘယ်လောက်ထားတယ် ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ရဲ့ Official Record ကတော့ ၇ ဒသမ ၆ ဘီလျံပဲ ဖြစ်ပါတယ်ဆိုတာ တင်ပြပြီး ဖြစ်ပါတယ်။ ကျွန်တော်တင်ပြ ခဲ့သလိုမျိုး အဲဒါမျိုး ပွင့်ပွင့်လင်းလင်း Transparency ရှိရှိ အပ်ထားတာတွေပဲ သိပါတယ်။ ဟိုဟာတွေကတော့ ဗဟိုဘဏ်နဲ့ လည်းကောင်း၊ နိုင်ငံတော်ဘဏ် အနေနဲ့ လည်းကောင်း၊ တခြားပုဂ္ဂလိက ဘဏ်တွေနဲ့ လည်းကောင်း ဘာမှပတ်သက်ခြင်း မရှိပါဘူး။ အဲဒါတွေ မသိပါဘူး။ ကျွန်တော်တို့ အနေနဲ့ Transparency ရှိတဲ့ Official Result ကိုပဲ တင်ပြတာ ဖြစ်ပါတယ်" ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။
မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ပြည်ပတွင် တရားမ၀င် ငွေကြေးထားသည်ဆိုသော ကိစ္စမှာ ပြည်သူများ အကြား သို့လောသို့လော ဖြစ်ရသည့် ကိစ္စဖြစ်သည့်အတွက် ပြည်သူလူထုက အစိုးရကို ယုံကြည်မှု မရှိနိုင်တော့ကြောင်း၊ ဗဟိုဘဏ်၊ အစိုးရ အနေဖြင့် ကိန်းဂဏန်း၊ အချက်အလက်များကို ဖြေရှင်းနိုင်ဖို့၊ ဖြေရှင်းဆောင်ရွက်ဖို့၊ လေ့လာစုံစမ်း ဖော်ထုတ်ဖို့ ရှိ၊ မရှိ မေးမြန်းမှုကို ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ယခုကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
"ဒါကြောင့်လည်း ကျွန်တော့် Facebook မှာ ကျွန်တော်ပြောတာပေါ့။ ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ၁၉၅ နိုင်ငံမှာ ဘဏ်တွေအများကြီး ရှိတယ်။ ဘဏ်ပေါင်းသိန်းနဲ့ သောင်းနဲ့ချီပြီး ရှိတဲ့အခါမှာ ကျွန်တော်တို့ တိကျခိုင်မာတဲ့ တစ်ခုတော့ လိုတာပေါ့။ ဥပမာ ဆိုပါတော့ဗျာ ဂရိနိုင်ငံမှာ ဒီလိုမျိုး နိုင်ငံခြားမှာ သွားအပ် ထားတယ်ဆိုတဲ့ ပြဿနာ ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ သုံးလေးလလောက်က။ အဲဒီမှာဆိုရင် စာနယ်ဇင်းတွေက ဘယ်ဘဏ်မှာ ဘယ်နိုင်ငံက ဘယ်ဘဏ်မှာ ရှိတယ်လို့ ပြောတဲ့အခါမှာ ဂရိအစိုးရကနေ သက်ဆိုင်ရာ ဘဏ်တွေကို တောင်းဆိုခဲ့တာ ရှိတယ်။ ဒီလိုလုပ်လို့ရတဲ့ လုပ်ထုံးလုပ်နည်းတွေလည်း ရှိတယ်။ အဲဒီတော့ ဘယ်နိုင်ငံမှန်း မသိတဲ့၊ ဘယ်ဘဏ်မှန်း မသိတဲ့ နေရာမှာ ဒီလောက်ငွေကြေးတွေ ရှိတယ်ဆိုတာ ပြောတာကတော့ သက်သက်နိုင်ငံတော်ကို ကျွန်တော်တို့ဘက်ကလည်း ပြန်ပြောလို့ ရတာပေါ့။ ခင်ဗျားတို့ ဘယ်သူတွေမှာ ဘယ်လိုတွေ ရှိနိုင်တယ် ဆိုတာကိုဖြစ်ဖြစ် ဒါကြောင့်မို့ ကျွန်တော်တို့က တိကျတဲ့ ခိုင်မာတဲ့ သတင်းအချက် အလက်တွေရရင် ဒါကလည်း ဥပဒေနဲ့ ငြိစွန်းတဲ့ ကိစ္စမျိုးဆိုရင် ကျွန်တော်တို့ နိုင်ငံတော် အနေနဲ့ ဘာမှဖြေရှင်း မပေးစရာ အကြောင်းမရှိပါဘူး။ . . .}} ဟု ဦးရဲထွဋ်က ပြောကြားခဲ့သည်။
နိုင်ငံတော် အနေဖြင့် ၁၁ ဘီလျံကိစ္စကို သံသယဖြစ်ဖွယ်ရာ မတွေ့ဘူးလားဆိုသည့် ဆက်လက် မေးမြန်းမှုကို "ဒါကတော့ ခုနကျွန်တော် ပြောသလိုပဲပေါ့။ ဒီလိုဟာကြီးကို အမေရိကန် နိုင်ငံမျိုးတောင်မှ တချို့ဟာတွေကို ချက်ချင်းပြောနိုင်တာ မရှိဘူး။ ဟုတ်တယ်မလားဆိုတော့ ကျွန်တော်တို့မှာရှိတဲ့ Resources နဲ့ ကျွန်တော်တို့ အခုလို အချိန်မှာ ဘာကိုမှ ယတိပြတ်ပြောလို့ မရဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က Information ကို တောင်းတာ။ ပိုခိုင်မာတဲ့ Information ပေးပါ။ ဂါဆီယာဆီကိုလည်း ကျွန်တော်အီးမေးလ်ပို့ပြီးတော့ လှမ်းမေးတယ်။ ခင်ဗျားတို့ ရှိရင်ပေး။ စောင့်ကြည့်တဲ့ အဖွဲ့ရှိရင် ကျွန်တော်တို့ကိုပြော။ ဒါလေးတွေကို ကျွန်တော်ပြောတာပါ" ဟု ဦးရဲထွဋ်က ဆက်လက်ဖြေကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်က ဧရာဝတီ သတင်းဌာန ၀က်ဘ်ဆိုက်၌ ဖော်ပြခဲ့သော "ဒေါ်လာ ၁၁ ဘီလျံ၏ နောက်ကွယ်" သတင်းတွင် မြန်မာနိုင်ငံမှ အမည်မသိ နိုင်ငံခြားဘဏ် ငွေစာရင်းများ ဖွင့်ထားပြီး အမေရိကန်ဒေါ်လာ ဘီလျံချီ ရှိသည်ဟု ၂၀၀၉ ခုနှစ်က အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (ERI) က ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ ၎င်းတို့၏ ထုတ်ပြန်ချက်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလျံမှာ စင်ကာပူနိုင်ငံရှိ OCBC, DBS ဘဏ်တို့တွင် အပ်နှံထားပြီး ထိုငွေများသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေများဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ERI အဖွဲ့၏ သဘောထား ပြောင်းမပြောင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ ERI ၏ ဒါရိုက်တာ မစ္စတာ ပေါလ်ဒိုဇိုဝဇ်က "ကျွန်တော်ပြောနိုင်တာက ရတနာနဲ့ ရဲတံခွန် စီမံကိန်းတွေက သဘာဝဓာတ်ငွေ့တွေ ရောင်းချပြီး ရလာတဲ့ ၀င်ငွေတွေကို စင်ကာပူမှာရှိတဲ့ OCBC နှင့် DBS Group ဘဏ်နှစ်ဘဏ် အပါအ၀င် မြန်မာပြည် ပြင်ပက ဘဏ်တွေမှာ နိုင်ငံခြား အရန်ငွေအဖြစ် အပ်နှံထားတယ်လို့ဆိုတဲ့ သတင်းတွေကို နှစ်အတန်ကြာတုန်းက ERI အနေနဲ့ လက်ခံရရှိ ခဲ့ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ဧရာဝတီ သတင်းတွင် ဖော်ပြခဲ့သည်။
ထို့အတူ ၂၀၀၉ ခုနှစ်အတွင်းက ရေးသားခဲ့သော လယ်ရီဂျာဂင်၏ ဆောင်းပါးတစ်ပုဒ်တွင်လည်း ERI ၏ အစီအရင်ခံစာကို အခြေခံပြီး မြန်မာအစိုးရသည် ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဒေါ်လာ ဘီလျံနှင့်ချီသော ငွေကြေးများကို OCBC နှင့် DBS ဘဏ်များတွင် သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် စွမ်းအင်ကုမ္ပဏီ ကြီးများဖြစ်သည့် အမေရိကန်မှ Chevron၊ ပြင်သစ်မှ Total နှင့် ထိုင်းနိုင်ငံမှ PTTEP တို့ ပါဝင်ကြပြီး စီမံကိန်းမှ ဓာတ်ငွေ့ရာခိုင်နှုန်း ၆၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ရေးသားခဲ့သည်။
ဧရာဝတီက ဖော်ပြခဲ့သော သတင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမည်မဖော်လိုသူ အနောက်တိုင်းသား ဘဏ်လုပ်ငန်းရှင် တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာအစိုးရနှင့် တပ်မတော် ခေါင်းဆောင် အချို့သည် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ရောင်းချရာ၌ ရငွေများကို ကာလပေါက်ဈေး တစ်ဒေါ်လာ ကျပ် ၁၀၀၀ ကျော်အတိုင်းတိုင်း ပြည်ဘဏ္ဍာငွေ စာရင်းသို့ စာရင်းမသွင်းဘဲ ယင်းအချိန်က တရားဝင်ပေါက်ဈေး ခြောက်ကျပ်ဖြင့်သာ စာရင်းသွင်းခဲ့သောကြောင့် ကွာဟချက်များမှ ဒေါ်လာ ဘီလျံပေါင်း များစွာကို စင်ကာပူနှင့် ဒူဘိုင်းဘဏ်များကို လွှဲပြောင်းသွင်းခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။
ထိုသို့ထွက်ပေါ်ခဲ့သော သတင်းများနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံရှိ OCBC နှင့် UOB ဘဏ်များတွင် သိမ်းဆည်း ထားသည်ဟု သတင်းထွက်ပေါ်ခဲ့သော ငွေစာရင်းများကို စုံစမ်းဖော်ထုတ်ရန် အစီအစဉ် ရှိ၊ မရှိ The Daily Eleven က မေးမြန်းခဲ့ရာ ဖြေကြားမည့်သူ မရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် သဘာဝဓာတ်ငွေ့မှ ရောင်းချရသော ငွေများသည် မည်သည့်ဘဏ် စာရင်း များသို့ ရောက်ရှိသည်ဆိုသော The Daily Eleven ၏ မေးမြန်းချက်ကိုမူ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမြင့်ဇော်က ပြန်လည်ဖြေကြားခဲ့ရာတွင် အစိုးရ၏ ပြည်တွင်းဘဏ် ငွေစာရင်းများသို့သာ ရောက်ရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
"၀န်ကြီးဌာန အနေနဲ့ ဘာတစ်ခုမှ ပြည်ပဘဏ် တစ်ခုမှာ၊ နိုင်ငံခြားဘဏ် တစ်ခုမှာ စာရင်းဖွင့်ထားခြင်း မရှိပါဘူး။ အကောင့် ဖွင့်ထားခြင်း မရှိပါဘူး" ဟု ဦးမြင့်ဇော်က ပြန်လည်ဖြေကြား ခဲ့သည်။
ထို့ပြင် The Daily Eleven မှ မေးမြန်းခဲ့သော "မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရန်ငွေတွေကို ဘယ်မှာ ထားသလဲ။ ဘယ်နိုင်ငံက ဘဏ်တွေမှာ ထားသလဲဆိုတာ တိတိကျကျ သိနိုင်ရင် သိချင်ပါတယ်။ ဆွစ်ဘဏ်မှာ ထားတာလား။ စင်ကာပူက ဘဏ်တွေမှာ ထားတာလား။ တရုတ်ဘဏ်တွေမှာ ထားတာ လားဆိုတာ သိခွင့်ရရင် သိချင်ပါတယ်" ဆိုသည့် မေးခွန်းကို ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြန်လည်ဖြေကြားခဲ့သည်။
"ကျွန်တော်တို့ ခုနပြောသလို နိုင်ငံပေါင်းစုံမှာ ထားပါတယ်။ ဘယ်နိုင်ငံ ဘယ်နိုင်ငံတွေလို့ ကျွန်တော်တို့ ပြောလို့မသင့်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတကာမှာ အများကြီး ထားပါတယ်။ သူတို့ဆီက ကုန်သည် တွေ ကလည်း အိတ်စ်ပို့လုပ်တာ၊ အင်ပို့လုပ်တာ တစ်ကမ္ဘာလုံးမှာ အနှံ့ရှိတဲ့ နိုင်ငံတွေနဲ့ လုပ်နေကြတာပါ။ အပေးအယူကလည်း နိုင်ငံတကာမှာရှိတဲ့ ဘဏ်တွေနဲ့ အပေးအယူ လုပ်ကြတာပါ။ အဲဒီတော့ ဘယ်နိုင်ငံရယ်လို့ ကန့်သတ်ပြီးတော့မှ စင်ကာပူရယ်လို့၊ တရုတ်ပြည်ရယ်လို့ ကန့်သတ်ထားတာ မရှိပါဘူး။ အကုန်လုံး သူတို့အိတ်စ်ပို့ အင်ပို့လုပ်တဲ့ လုပ်ငန်းတွေ၊ နိုင်ငံတော်နဲ့ ဆက်သွယ်တဲ့ လုပ်ငန်းတွေ၊ ဒီမှာရှိတဲ့ ဘဏ်တွေအားလုံး ကမ္ဘာမှာ စုထားကြပါတယ်။ ကျွန်တော်တင် မဟုတ်ဘူး၊ ဗဟိုဘဏ်ရော၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ရော၊ မြန်မာ့စီးပွားရေး ဘဏ်ရော၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဘဏ်ရော ပုဂ္ဂလိက ဘဏ်တွေရဲ့ နိုင်ငံခြားငွေနဲ့အတူ ... သူတို့ နေ့စဉ်လုပ်ငန်း အဆင်ပြေဖို့၊ အသွင်းအယူ အဆင်ပြေဖို့ ကမ္ဘာအနှံ့မှာရှိတဲ့ ဆက်သွယ်ရေးကောင်းတဲ့၊ ဆက်ဆံရေးကောင်းတဲ့ ဘဏ်တွေမှာ ရှိကြပါတယ်။ အသေးစိတ်ကတော့ မပြောလိုပါဘူး။ မပြောသင့်ပါဘူး။ ကျေးဇူးတင်ပါတယ်" ဟု ဦးကျော်ကျော်မောင်က ပြောကြားခဲ့သည်။
ဘဏ္ဍာနှစ်အလိုက် ကျောက်စိမ်းတင်ပို့နိုင်မှု ပမာဏ
အမေရိကန်ဒေါ်လာ (သန်း)
ဘဏ္ဍာနှစ် တန်ဖိုး
၂၀၀၆-၂၀၀၇ ၃၅၅.၅၈၀
၂၀၀၇-၂၀၀၈ ၆၂၁.၂၃၀
၂၀၀၈-၂၀၀၉ ၆၅၇.၅၉၀
၂၀၀၉-၂၀၁၀ ၉၆၄.၈၂၀
၂၀၁၀-၂၀၁၁ ၂၂၀၄.၉၂၆
၂၀၁၁-၂၀၁၂ ၇၈၆.၀၀၀
၂၀၁၃-၂၀၁၃ ၃၂၅.၉၀၀
ဘဏ္ဍာနှစ်အလိုက် ကျောက်စိမ်းထုတ်ယူမှု
အမေရိကန်ဒေါ်လာ (သန်း)
ဘဏ္ဍာနှစ် ကျောက်စိမ်း (ကီလိုဂရမ်)
၂၀၀၀-၂၀၀၁ ၁၁၀၉၆.
၂၀၀၁-၂၀၀၂ ၈၁၇၄.
၂၀၀၂-၂၀၀၃ ၁၀၈၇၉.
၂၀၀၃-၂၀၀၄ ၁၀၇၅၄.
၂၀၀၄-၂၀၀၅ ၁၄၉၈၇.
၂၀၀၅-၂၀၀၆ ၂၀၀၀၅.
၂၀၀၆-၂၀၀၇ ၂၀၄၅၈
၂၀၀၇-၂၀၀၈ ၂၀၂၆၆
၂၀၀၈-၂၀၀၉ ၃၂၉၂၁
၂၀၀၉-၂၀၁၀ ၂၅၇၉၅
၂၀၁၀-၂၀၁၁ ၅၆၁၆၀
ဘဏ္ဍာနှစ်အလိုက် သဘာဝဓာတ်ငွေ့ တင်ပို့မှုပမာဏ
အမေရိကန်ဒေါ်လာ (သန်း)
ဘဏ္ဍာနှစ် ပမာဏ
၂၀၀၆-၂၀၀၇ ၂၀၃၉.၁၃
၂၀၀၇-၂၀၀၈ ၂၅၂၀.၇၄
၂၀၀၈-၂၀၀၉ ၂၃၈၄.၆၉
၂၀၀၉-၂၀၁၀ ၂၉၂၆.၆၉
၂၀၁၀-၂၀၁၁ ၂၅၂၂.၅၃
၂၀၁၁-၂၀၁၂ ၃၅၀၂.၅၂
၂၀၁၂-၂၀၁၃ ၃၇၀၀ နှင့် အထက်
Eleven Media Group
ဒီပဲယင်းကိစ္စ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကိုသာမေးရန် ပြန်ကြားရေး ဒုတိယ၀န်ကြီး ပြောကြား
Categories :
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်နေစဥ
်
21.9.2013
ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ပြောသည်ဆိုလျှင် သူ့ကိုသာ မေးရန်နှင့် တပ်မတော်သည် အမျိုးသား နိုင်ငံရေးအတွက် လုပ်နေခြင်းဖြစ်ပြီး အာဏာနိုင်ငံရေးအတွက် လုပ်နေခြင်း မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်ဟု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲတွင် မီဒီယာ များ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ထိုင်းခရီးစဉ်တွင် ပြောကြားခဲ့သော "မြန်မာ့နိုင်ငံရေး တွင် တပ်မတော်၏ ပါဝင်မှုကို လျှော့ချသွားမည်ဟု ပြောကြားခဲ့မှုအပေါ် အစိုးရအနေဖြင့် မည်သို့သဘောထားကြောင်းနှင့် မည်သည့်အချိန်တွင် စတင်အကောင်အထည် ဖော်မည်ဆိုသော မေးခွန်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်မှ သူ့မိသားစု၏ အသက်အန္တရာယ်ကို အကာအကွယ်ပေးလျှင် ဒီပဲယင်း အရေးအခင်းကို ဖော်ထုတ်မည်ဆိုသော သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ ဒီပဲယင်းကိစ္စတွင် မည်သူတာဝန်ရှိသည် ဆိုခြင်းကို အမှန်အတိုင်း ပြည်သူအား ချပြရန် ရှိမရှိ မြန်မာတိုင်းမ်ဂျာနယ်မှ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် "ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ ပတ်သက်လို့ ကျွန်တော်တို့လည်း မီဒီယာတွေမှာ တွေ့ပါတယ်။ Facebook မှာလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ဒီဟာကို သူမပြောပါဘူးလို့ ငြင်းထားတယ်ဆိုတာ တွေ့တယ်။ သူပြောတဲ့ စကားကို သူပဲတာဝန်ယူမှာ ဖြစ်တဲ့အတွက် သူ့ကိုမေးတာပဲ ကောင်းမယ်ထင်တယ်။ ဆက်လက် မေးတာ နိုင်ငံတော်အနေနဲ့ ဒီပဲယင်းကိစ္စကို ရှင်းပြဖို့ ရှိသလား။ ကျွန်တော်တို့ လောလောဆယ် မရှိပါဘူး။ ဒါဟိုတုန်းက ဖြစ်တဲ့ဟာကို ဟိုတုန်းက ရှင်းပြထားပြီးပြီ။ အခု သူပြောတယ်ဆိုရင် သူ့ကိုပဲ မေးရမှာ။ သူကဘာသတင်း အချက်အလက်တွေ ရှိလဲ။ သူဘာတွေလုပ်သလဲ ရှင်းပြရမှာပေါ့။ ကျွန်တော့်အနေနဲ့ ဒီဟာကို သီးခြားမှတ်ချက်ပေးစရာ အကြောင်းမရှိပါဘူး" ဟု ပြောကြားခဲ့သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားသည့်အပေါ် ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဦးရဲထွဋ်က "တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ဟာအတိုင်း အရင်တုန်းကလည်း တပ်မတော်က အချိန်မီ ပြောခဲ့ပြီးသား ကိစ္စပဲ။ တပ်မတော်က အမျိုးသားနိုင်ငံရေးကိုပဲ လုပ်နေတယ်။ အာဏာ နိုင်ငံရေးအတွက် သူလုပ်နေတာ မဟုတ်ဘူး။ နောက်တစ်ခါ ဟိုတုန်းကလည်း ကျွန်တော်ထင်တယ်။ ၂၀၀၈-၂၀၀၉ လောက်တုန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အခုကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ဆောင်ရွက်နေခြင်းသည် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်ဖြစ်တယ်၊ အဆုံးမဟုတ်သေးဘူး၊ အစပဲရှိတယ်။ ဒီမိုကရေစီ အရေးမှာ ပတ်သက်နေတဲ့ အင်အားစု အားလုံးကို ရင့်ကျက်လာတာနဲ့အမျှ၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အသားကျ လာတာနဲ့အမျှ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြောင်းလဲသွားလို့ ရတယ်လို့ ပြောခဲ့တာ ရှိပါတယ်။ သမ္မတကြီး ကလည်း ဒီအခြေခံဥပဒေဟာ လူတွေရေးဆွဲထားတာ ဖြစ်တဲ့အတွက်ကြောင့် ပြင်သင့်ရင် ပြင်လို့ရပါတယ်။ တာဝန်ရှိတဲ့ ပြည်ထောင်စု လွှတ်တော်နဲ့ စတင်ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တပ်မတော် အနေနဲ့လည်း သူ့ရဲ့သဘောထားကိုပဲ ပြောတာဖြစ်ပါတယ်။ ဘယ်အချိန် စလုပ်မလဲ ဆိုတာတော့ ဒီမြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေအားလုံးရဲ့ ရင့်ကျက်မှု၊ ဒို့တာဝန် အရေး သုံးပါးကို စောင့်ထိန်းနိုင်မှု၊ အဖြေရှာနိုင်မှုပေါ်မှာ မူတည်တယ်။ ဒါကတော့ အချိန်ဇယားနဲ့ အတိအကျပြောလို့ ရတယ်လို့ ကျွန်တော်မထင်ဘူး" ဟု ပြောကြားခဲ့သည်။
Eleven Media Group
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီး ၂၆ လမ်းတွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် သတ်မှတ်
Categories :
ယာဉ်မရပ်ရ လမ်းအဖြစ် သတ်မှတ်ထားသည့် အနော်ရထာလမ်းအား စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
21.9.2013
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိက လမ်းမကြီး ၂၆ လမ်း တွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် စတင်သတ်မှတ် လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း တွင် Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
ယာဉ်မရပ်ရ လမ်းများအဖြစ် သတ်မှတ်ခဲ့သည့် လမ်းများမှာ ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားဂရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်း လမ်းနှင့် အောက်ပုဇွန်တောင် လမ်းမကြီးများဖြစ်ပြီး၊ ယင်းလမ်းမကြီးများတွင် ယာဉ်များခေတ္တ ရပ်နားခြင်း မှအပ ရပ်နားခြင်း မပြုကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ "အခုလိုမျိုး လမ်းမကြီး ၂၆ လမ်းမှာ ယာဉ်မရပ်ရ ဇုန်အဖြစ် ရာသက်ပန် သတ်မှတ် ရခြင်း အဓိက အကြောင်းရင်းကတော့ ယာဉ်ကြောတွေ ကျပ်တည်းပြီးတော့ ပိတ်ဆို့နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလမ်းမကြီးတွေပေါ်မှာ ရပ်နားတဲ့ယာဉ်တွေကို စတင်အရေးယူ နေပါပြီ" ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။
"ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ တော်တော်ဆိုးနေပြီ။ ကားပါကင် မရှိတော့ လမ်းပေါ်မှာ ကားတွေ ရပ်ပြီး ကားတွေပိတ်နေရတာ။ အဲဒီထဲမှာ စည်းကမ်းမဲ့ ရပ်ထားတဲ့ ကားတွေကြောင့်လည်း ပါတာပေါ့။ ဒါပေမဲ့ ယာဉ်ရပ်နား စခန်းတွေဖော်ပြီး စည်းကမ်းမဲ့ ကားတွေကိုလည်း ပိုတင်းကျပ်မယ်ဆိုရင် လမ်းပေါ်က ကားကျပ် တာလည်း အထိုက်အလျောက် လျော့နည်းနိုင်ပါတယ်" ဟု မြို့ပြသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို (၁၉၆၄) ခုနှစ် မော်တော်ယာဉ် နည်းဥပဒေဖြင့် အရေးယူ သွားမည့်အပြင် စီမံချက် ဒဏ်ငွေဖြင့်လည်း အရေးယူ သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးထံမှ သိရသည်။
Eleven Media Group
ပဋိပက္ခ ဖြစ်ပွားနေသော နိုင်ငံများမှ အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံသည့်ပွဲသို့ မြန်မာအမျိုးသမီးတစ်ဦး ဖိတ်ကြားခံရ
Categories :
21.9.2013
Save The Date ဟု ခေါင်းစဉ်ပေးထားသော အမေရိကန် သမ္မတ အိုဘားမား စီစဉ်သည့် ပဋိပက္ခ ဖြစ်ပွား နေသော နိုင်ငံများအတွင်း ရပ်တည်လှုပ်ရှားနေသည့် အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံသည့် ပွဲ တွင် Triangle Women Support Group ၏ Founder ဒေါ်ခင်လေးအား ဖိတ်ကြားထားသည်ဟု သိရသည်။
ထိုတွေ့ဆုံပွဲသို့ အခြားနိုင်ငံများမှ သမ္မတများလည်း တက်ရောက်မည်ဖြစ်ပြီး ရုရှား၊ ပါကစ္စတန် ကဲ့သို့သော နိုင်ငံပေါင်း ၂၀ မှ အရပ်ဘက် လူ့အဖွဲ့အစည်းများအား ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပမည့် တွေ့ဆုံပွဲ၌ အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဒေါ်ခင်လေးက စကား ပြောခွင့် ငါးမိနစ် ရရှိခဲ့ပြီး ထိုငါးမိနစ်စာအတွက် အသင်းအဖွဲ့ ဥပဒေနှင့် ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းများမှ လွှတ်တော်နှင့်တွေဆုံ ညှိနှိုင်းခဲ့ပြီး နောက်ဆုံးရလာသည့် ရလဒ်အား ရှင်းလင်းပြမည်ဟု ၎င်းကဆိုသည်။ ထို့အပြင် နိုင်ငံတကာမှ အဖွဲ့အစည်းများ အနေနှင့် အစိုးရနှင့်သာမက အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျှင် ရလဒ်ကောင်းများရ နိုင်သည်ဟု အကြံပြု ပြောကြားရန် ရှိသည်ဟုလည်း The Daily Eleven သို့ ပြောကြားသည်။
ဒေါ်ခင်လေးက "အခုလို ဖိတ်ကြားခံရတဲ့အတွက် တာဝန်ကြီးတယ်လို့ ယူဆပါတယ်။ ကိုယ်ပြောလိုက် တာက အားလုံးကို ကိုယ်စားမပြုမှာကို စိုးရိမ်တယ်။ ဒါပေမဲ့ နိုင်ငံ ၂၀ ထဲကမှ မြန်မာနိုင်ငံကိုပဲ စကားပြော ခွင့်ပြုလို့ ၀မ်းသာတယ်။ အခုလို နိုင်ငံ ၂၀ ထဲကမှ မြန်မာကို စကားပြောခွင့် ပေးတယ်ဆိုတာက မြန်မာနိုင်ငံရဲ့ အကြောင်းကို သူတို့ပို စိတ်ဝင်စားလို့ပါ။ မြန်မာပြည်ရဲ့ အဖြစ်အပျက်တွေကို Success Story လို့လဲ ယူဆကြပါတယ်။ ဒါကြောင့်လည်း အားလုံးကို သိစေချင်လို့ ကျွန်မကို စကားပြောခိုင်းတာလို့ ထင်တယ်။ ဘာပဲပြောပြော ဒီထက်ပိုပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေကို နိုင်ငံတကာက စောင့်ကြည့် နေ ရင် သူတို့အရင်ကလို လုပ်ချင်သလို လုပ်လို့မရတော့ဘူးပေါ့နော်" ဟု The Daily Eleven သို့ ပြောကြားသည်။
Triangle Women Support Group ကို ၂၀၁၁ ခုနှစ်က စတင်လှုပ်ရှား ခဲ့သော်လည်း ၂၀၁၂ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ကြေညာခဲ့သည်။ Triangle Women Support Group က အမျိုးသမီးများအတွက် ကျန်းမာရေး၊ ပညာရေး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး စသည့်ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ပြီး အမျိုးသမီးငယ်များအတွက် အသက်မွေးမှုနှင့် သက်ဆိုင်သည့် သင်တန်းများပေးကာ အလုပ်အကိုင် အခွင့်အလမ်း အတွက်လည်း ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
Eleven Media Group
ဒုတိယသမ္မတ ဦးဥာဏ်ထွန်း Nissan Motor Co.,Ltd ဥက္ကဋ္ဌနှင့် တွေ့ဆုံ
Categories :
21.9.2013
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် Nissan Motor Co;Ltd President နှင့် CEO ဖြစ်သူ Mr.Carlos Ghosn ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား စက်တင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း Nissan Motor Co;Ltd နှင့် Tan Chong Group of Companies တို့ပူးပေါင်း၍ Nissan အမှတ်တံဆိပ် တပ်ဆင်ထုတ်လုပ်သည့် ကမ္ဘာ့အဆင့်မီ မော်တော်ယာဉ်စက်ရုံနှင့် မော်တော်ယာဉ် အပိုပစ္စည်း ထုတ်လုပ်ရေး စက်ရုံတို့အား စီမံချက် အချိန်ကာလ ဇယားအတိုင်း တည် ဆောက်ရေး၊ ဒေသခံ ပြည်သူများအား ကျွမ်းကျင်မှု သင်တန်းများပေးပြီး အလုပ်အကိုင်များ ပေးနိုင် ရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်အတူ ဒုတိယ ၀န်ကြီးများဖြစ်သည့် ဦးတင်ဦးလွင်၊ ဦးမျိုးအောင်၊ ဒေါက်တာဒေါ်ခင်စန်းရီနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Eleven Media Group
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယမြောက် ဆွေးနွေးပွဲ ယနေ့ စတင်မည်
Categories :
21.9.2013
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများစုနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင်များ တက်ရောက်မည့် ရှမ်း၊ ကယား၊ မွန်ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယအဆင့် ဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ယနေ့ (စက်တင်ဘာ ၂၁ ရက်)တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းရုံးချုပ်၌ စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့များ စသည်ဖြင့် စုစုပေါင်းအဖွဲ့ ၅၂ ဖွဲ့နှင့် ဥပဒေ ပညာရှင်များကိုပါ ဖိတ်ကြား ထားကြောင်း သိရသည်။
"ဆရာ့ကို ၂၂ ရက်မှာ ဟောပြောပေးဖို့ ဖိတ်ထားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ အတွက် တရားမျှတမှုရှိပြီး ဒီမိုကရေစီဆန်တဲ့ ဖွဲ့စည်းပုံတစ်ခု လိုအပ်တယ် ဆိုတဲ့အကြောင်း ဟောပြောမယ်" ဟု ဆွေးနွေးပွဲ တက်ရောက်မည့်သူ တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
အဆိုပါ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ လ အတွင်းက ရန်ကုန်မြို့တွင် ရှမ်းအမျိုးသား ကိုယ်စားပြု ပါတီများနှင့် အပစ်ရပ် အဖွဲ့များ ပါဝင် သော ပထမအဆင့် ဆွေးနွေးပွဲ၊ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ကယားပြည် နယ်မှ နိုင်ငံရေးပါတီ၊ အပစ်ရပ် အဖွဲ့များ ပါဝင်လာသော ဒုတိယအဆင့် ဆွေးနွေးပွဲများအဖြစ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ယခင်ပြုလုပ်ခဲ့သည့် အကြိမ်များ၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုတတိယအကြိမ် ဆွေးနွေးပွဲကိုမူ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် ဖြစ်မြောက်ရေး ကော်မတီဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် ဆွေးနွေးပွဲတွင် ယုံကြည်မှု တည်ဆောက်မည့် အဖွဲ့များအဖြစ် ရှမ်း၊ ကယားနှင့် မွန် လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး အင်အားစုများ ပါဝင်မည်ဖြစ်ပြီး ရခိုင်၊ ကရင်နှင့် ချင်းနိုင်ငံရေး အင်အားစုများလည်း လေ့လာသူများအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ ကျူးကျော်များ တန်ဖိုးနည်းအိမ်ရာ လျှောက်ခွင့်ပေးရေးအတွက် ဆန္ဒပြ
Categories :
ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ ကျူးကျော်များ တန်ဖိုးနည်းအိမ်ရာ လျှောက်ထားခွင့်အတွက် ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ-မျိုးမြင့်အောင်)
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်ရှိ ကျူးကျော်ပြည်သူများက ၎င်းတို့အား ဖယ်ရှားခြင်း မပြုဘဲ တန်ဖိုးနည်း အိမ်ရာ လျှောက်ခွင့်ပေးရေးအတွက် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ကြောင်း သိရသည်။
အမှတ် ၆၇ ရပ်ကွက်ရှိ လူအင်အား ၆၀ ခန့်မှ ၎င်းတို့အား မပြောင်းရွှေ့ရေးနှင့် အိုးအိမ်မှ ကတိပေး ထားသည့်အတိုင်း အိမ်ရာလျှောက်ခွင့် ပေးရန်အတွက် ပိုစတာများ ကိုင်ဆောင်ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
"ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေဟာ ပြောင်းရွှေ့ရမယ့် နေရာမှာ အဆင်မပြေနိုင်ဘူးဆိုတဲ့ အကြောင်းကို တင်ပြတာ ဖြစ်တယ်။ ၁ လပိုင်း ၂ ရက်က သူတို့ကနေ ကျွန်တော်တို့ကို ပေးထားတဲ့ ကတိက လစ်လပ်တဲ့ နေရာလေးတွေမှာ တဲတန်းလျားထိုးပြီး နေထိုင်ဖို့ လုပ်ပေးမယ်။ တိုက်ခန်းပြီးတာနဲ့ တိုက်ခန်းလျှောက်ခွင့် ပေးမယ်။ အလုပ်တွေလည်း ၀င်လုပ်ပါ။ လခပေးမယ်။ နေ့စားခ ပေးမယ်ဆိုပြီး ပြောထားတာ။ အဲဒီလို ပေးထားတဲ့ ကတိကို မတည်ဘဲနဲ့ မင်းတို့ပြောင်းတော့ဆိုပြီး နို့တစ်စာပေးတာ ငါးကြိမ်ရှိပြီ။ ၁ လပိုင်းတုန်းက အိုးအိမ်အပါအ၀င် ဌာန ၁၁ ခုက ကျွန်တော်တို့ကိုခေါ်ပြီး ကတိပေးခဲ့တာ" ဆန္ဒပြရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးအေးကိုက ပြောကြားသည်။
ပြောင်းရွှေ့သူများအား ၁၀ ပေ၊ ပေ ၆၀ မြေကွက်အား တစ်နှစ်နေထိုင်ခွင့်နှင့် ကျပ်ငွေနှစ်သိန်းပေးကြောင်း သိရပြီး၊ ပြောင်းရွှေ့သွားသူများမှာ အိမ်ခြေ ၅၀ ခန့်ရှိကြောင်း သိရသည်။
"ပြောင်းရမယ့် အိမ် ၄၀၀ ကျော်မှာ ကျန်နေတာက ၅၀ လောက်ပါ။ အဲဒီကျန်နေတဲ့ သူတွေက ၁၅ နှစ်၊ နှစ် ၂၀ နေလာတဲ့ သူဟောင်းတွေ ဖြစ်တယ်။ တန်ဖိုးနည်း အိမ်ရာမှာ ကျွန်တော်တို့ကို ဦးစားပေးစနစ်နဲ့ နိုင်တဲ့ အနေအထားမျိုးဖြစ်အောင်၊ တန်ဖိုးနည်း အိမ်ရာမှာ ဆင်းရဲသားတွေ နေနိုင်အောင် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ လုပ်ပေးစေချင်တယ်။ အရစ်ကျဆိုလည်း အဆင်ပြေအောင် လုပ်ပေးစေချင်တယ်" ဟု ဦးအေးကိုက ပြောကြားသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ ရတနာ၊ ဧရာဝဏ် အထပ်မြင့် အိမ်ရာစီမံကိန်းကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
Eleven
အီရန်သမ္မတက ဆီးရီးယားအရေး ဆွေးနွေးပွဲစီစဉ်ရန် ကမ်းလှမ်း
Categories :
21.9.2013
အမေရိကန်နိုင်ငံက ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်များအပေါ်တွင် ကုလသမဂ္ဂ၏ တရားဝင် တာဝန်ယူသည့် ဆုံးဖြတ်ချက်ကို တောင်းဆိုနေချိန်တွင် အီရန်သမ္မတရိုဟာနီသည် ဆီးရီးယားအစိုးရနှင့် အတိုက်အခံကြား ဆွေးနွေးပွဲစီစဉ်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။
အီရန်သမ္မတရိုဟာနီသည် သမ္မတအဖြစ်တာဝန်ယူပြီးချိန်မှစ၍ ၎င်း၏ပထမဆုံးအကြိမ် နိုင်ငံခြား ခရီးစဉ်အတွင်း အီရန်သည် ဆီးရီးယားအစိုးရနှင့် အတိုက်အခံကြား ဆွေးနွေးပွဲကို အဆင်ချောစေရေး ကူညီရန် အသင့် ဖြစ်နေကြောင်း ကြေညာပြီး ၎င်းသည် အပြုသဘောဆောင်သည့် စေ့စပ်မှု မူဝါဒကို လက်ကိုင် ပြုချင်ကြောင်း ပြောကြားခဲ့သည်ဟု ဝါရှင်တန်ပို့စ်သတင်းစာတွင် ရေးသားပါရှိသည်။
NBC ရုပ်သံနှင့်ပြုလုပ်သောအင်တာဗျူးတွင် ၎င်းက အမေရိကန်သမ္မတနှင့် ပထမဆုံး အကြိမ်သမိုင်း တွင်မည့် တွေ့ဆုံပွဲဖြစ်နိုင်မည်လားဟု မေးမြန်းသည်ကို “မည်သည့်ကိစ္စမဆိုဖြစ်နိုင်ကြောင်း” ပြောကြားသည်။
ကုလသမဂ္ဂ၏ တိကျသော အစီရင်ခံစာတစ်စောင်က ဆီးရီးယားအစိုးရသည် သြဂုတ်လအတွင်း ဓာတု လက်နက် တိုက်ခိုက်မှု၏ နောက်ကွယ်တွင်ရှိကြောင်း သက်သေပြသခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။
“ခုချိန်မှာစမ်းသပ်မှုတွေလာနေပြီ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ နောက်တစ်ပတ်အတွင်းမှာ အရေးယူဆောင်ရွက်ဖို့ပြင်ရမယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းဟာလည်း ရပ်တည် ပြောဆိုရပါမယ် အဲဒါဟာ အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။
ဆီးရီးယားဒုဝန်ကြီးက ဒမတ်စကတ်စ်အစိုးရအနေနှင့် ပဋိပက္ခသည် ဖြေရှင်းမရဘဲ တုံ့ဆိုင်းနေသည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိနေပြီဟု ယုံကြည်နေကာ ၎င်းတို့သည် ဂျနီဗာတွင်သဘောတူခဲ့သည့် ကာလကြာရှည် နှောင့်နှေးနေခဲ့ပြီဖြစ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်နိုင်ရန် အပစ်အခတ် ရပ်စဲရေး တောင်းဆိုမည်ဖြစ်ကြောင်း ပြောကြားသည်။
“လက်နက်ကိုင်အတိုက်အခံနဲ့ အစိုးရတပ်ဟာ တဘက်နဲ့တဘက် အနိုင်မတိုက်နိုင်တဲ့ အခြေအနေမှာရှိပါတယ်” ဟု ဒမတ်စကတ်စ်က ဗြိတိန်ဂါးဒီးယန်း သတင်းစာသို့ပြောကြားသည်။
ဆီးရီးယားအစိုးရအနေနှင့် နှောင့်နှေးနေခဲ့သော ဂျနီဗာငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ နောက်ဆက်တွဲ ဆွေးနွေးပွဲ အတွက် မည်သို့အဆိုပြုမည်ကို မေးမြန်းသောအခါ၎င်းက “နိုင်ငံရပ်ခြားနိုင်ငံများမှ စစ်ရေးဝင် ရောက်စွပ်ဖက်မှု ကို အဆုံးသတ်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းသော နိုင်ငံရေးလမ်းစဉ်တစ်ခု စတင်ရေး” တို့ကို တုံ့ပြန်ပြောဆိုသည်။
မြန်မာခေတ်
ကချင်ပြည်နယ် အင်းတော်ကြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်တင်
Categories :
20.9.2013
ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသအား ပွင့်လင်းရာသီမှ စတင်၍ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဌာနဆိုင်ရာ အသီးသီးမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်တော့ကြမည်ဖြစ်ကြောင်း မိုးညှင်းမြို့ မဲဆန္ဒအမှတ်(၆)နယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသောင်းနှင့် ဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသအား ပွင့်လင်းရာသီမှ စတင်၍ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဌာနဆိုင်ရာ အသီးသီးမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်တော့ကြမည်ဖြစ်ကြောင်း မိုးညှင်းမြို့ မဲဆန္ဒအမှတ်(၆)နယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေသောင်းနှင့် ဒေသခံများထံမှ သိရသည်။
၎င်းအင်းတော်ကြီးဒေသ အရှေ့ဘက်ကမ်းအား နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အသုံးပြုရန် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်း၊ အနောက် ဖက်ကမ်းကို ပြည်သူ့ ဆောက်လုပ်ရေးမှ တာဝန်ယူ၍ နန့်မွန်းမှ ညောင်ပင်အထိ သိန်းငါးထောင် ခွင့်ပြုထားပြီးကြောင်း၊ ပညာရေးဌာနမှ အင်းပတ်ဝန်းကျင်ရှိ စာသင်ကျောင်းများအား အ.ထ.က(ခွဲ)မှ အ.ထ.က၊ အ.လ.က(ခွဲ)မှ အ.လ.ကစသည့် ပညာသင်ကျောင်းများအား အဆင့်မြင့်တင်ပေးခဲ့ပြီး နန့်မွန်းတွင် စာစစ်ဌာန တစ်ခုပင် ရရှိနေကြောင်း၊ ၂၄နာရီ လျှပ်စစ်မီး ရရှိရေးအတွက် မဟာဓာတ်အားလိုင်း သွယ်တန်းရန် ဟိုပင်မြို့မှတဆင့် အင်းတော်ကြီး ဒေသသို့ ဓာတ်အားလိုင်း ကွန်ကရစ် မီးတိုင်များ ပို့ဆောင်နေပြီဖြစ်ကြောင်း၊ အင်းတော်ကြီး ဒေသ၏ မြို့နယ်ခွဲ ရရှိနိုင်ရန် သက်ဆိုင်ရာ ဌာနများ အဆင့်ဆင့်မှ စီစစ်တင်ပြမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသောင်းပြည်နယ်သို့ တင်ပြတောင်းဆိုခဲ့သော အိတ်ချိန်းရုံးဟောင်းများကို ဖျက်သိမ်း၍ မိုဘိုင်းဖုန်းတိုင်များ ထောင်၍ ဆင်းကတ်များ ချပေးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာဌာန အသီးသီးမှ သိရသည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၆) အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဖေသောင်းမှ လွှတ်တော်တွင် အင်းတော်ကြီး တောင်ပတ်လမ်းအား ကတ္တရာလမ်း ခင်းပေးရန်၊ အင်း၏ပတ်လည်တွင်ရှိသော အင်းပတ်လမ်းအား ကျောက်ကြမ်းလမ်း ခင်းပေးရန်၊ အင်းတော်ကြီး ဒေသရှိ ပညာရေး စာသင်ကြောင်းများအား အဆင့်မြင့်တင်ပေးရန်၊ မဟာဓာတ်အားလိုင်းများမှ လျှပ်စစ်မီးလွတ်ပေး၍ ၂၄နာရီမီးလင်းရေးအတွက် ဆောင်ရွက်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။
အင်းတော်ကြီး တောင်ပတ်လမ်းအား ကတ္တရာပတ်လမ်း ခင်းပေးရန် စတင်ဆောင်ရွက်နေကြောင်း၊ (၆၅)မိုင်ရှိသော အင်းပတ်လမ်းအတွက် ၁၂ရာသီ သွားလာရေး လွယ်ကူစေရန် ပွင့်လင်းရာသီမှ စတင်ဆောင်ရွက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။
မိုးညှင်းမြို့နယ် အတွင်းရှိသည့် အင်းတော်ကြီးဒေသသည် စတုရန်းမိုင်၃၁၄.၆၇မိုင် ကျယ်ဝန်းပြီး ကျေးရွာအုပ်စု(၁၁)အုပ်စုရှိသည်။
မြန်မာခေတ်
Subscribe to:
Comments (Atom)








