Thursday, January 2, 2014

ရှမ်းပြည်နယ်ရှိ သိမ်းဆည်းခံလယ်မြေများ တိုင်ကြားထားမှု အကြောင်း မထူးလျှင် ဆန္ဒထုတ်ဖော်မည်

0 comments
2.1.2014

ရှမ်းပြည်နယ် ဒေသအသီးသီးရှိ သိမ်းဆည်းခံလယ်မြေများ ပြန်ရရှိရေး တိုင်ကြားထားမှုများ ထူးခြားမှုမရှိ လျှင် တောင်ကြီးမြို့တွင် ဆန္ဒထုတ်ဖော် မည်ဖြစ်ကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) အဖွဲ့မှ ကိုစိုင်းဝဏ္ဍက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တစ်လ၊ တစ်လခွဲ တိုင် စောင့်ကြည့်မယ်။ အကြောင်းတစ် စုံတစ်ရာထူးခြားမှုမရှိရင် တရားဝင်ခွင့်ပြုချက်တင်ပြီး တောင်ကြီးတွင် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ် သွားမယ်” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်းရှိသည့် သိမ်းဆည်းခံလယ်မြေများ ပြန်ရရှိရေးနှင့် ပတ်သတ်ပြီး ဒီဇင်ဘာ ၃၀ရက် က အောင်ပန်းမြို့၊ မိုးကောင်းကျောင်းတိုက်၊ မိုးကောင်းဓမ္မာရုံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ထိုသ တင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး တစ်လခွဲကြာသည်အထိ ဆောင်ရွက်ပေးခြင်း ရှိ၊ မရှိ စောင့်ကြည့် သွားမည် ဖြစ်ကြောင်း သိရသည်။

“တပ်သိမ်းမြေတွေ မလိုအပ်တဲ့ မြေယာတွေကို အစိုးရပိုင်းက ပြန် လည်ပြီးတော့ မူလပိုင်ရှင်ဆီ ပေးဖို့ကို အခုလွှတ်တော်မှာ လည်း ပြောထားပါတယ်၊ အခု ဘာမှမထူးခြားလို့ (HRDP)အဖွဲ့နဲ့ ပူးပေါင်းပြီး သတင်း စာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်တယ်”ဟု ၁၉၉၄ ခုနှစ်က အောင်ပန်းမြို့ အမှတ်(၂) တပ်မတော်စစ်ဆေး ရုံ ကုတင် ၇၀၀ ဆောက်လုပ်စဉ်က လယ်မြေသိမ်းဆည်းခံထားရသူ မစန်းစန်းအေးက မဇ္ဈိမကို ပြော သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲအား လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကလော၊ ညောင်ရွှေ၊ တောင် ကြီး၊ ပင်လောင်း၊ ရွာငံ အစရှိသည့် မြို့နယ်များမှ လယ်သိမ်းခံ တောင်သူစုစုပေါင်း ၁၇၀ ဦးကျော် တက် ရောက်သည်။

ထိုသို့သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းမှာ မြေယာဆုံးရှုံးးခဲ့ရမှုများနှင့်ပတ်သက်ပြီး ပြည်ထောင်စု လွှတ် တော်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်း စစ်ဆေးရေးကော်မရှင်တို့ ထံတွင် တိုင်ကြားထားသည်မှာ သုံးကြိမ်ရှိသည့်တိုင် ထူးခြားမှုမရှိသည့်အတွက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့မှ တာဝန်ခံဦးမြင့်နိုင်က “သူတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေ အပေါ် တောင်သူတွေက အကူညီတောင်း ခံလာလို့ ကျွန်တော်တို့က ကူညီဆောင်ရွက်ပေးတယ်၊ သူတို့တင်ပြ လာတဲ့အပေါ်မှာလည်း တိုင်ကြားလွှာတွေ ပို့ပေးခဲ့တယ်၊ ခု တစ်စုံတစ်ရာ ထူးခြားမှုမရှိလို့ သတင်းစာရှင်း လင်းပွဲပြုလုပ်ခြင်းဖြစ်တယ်”ဟု ပြောသည်။

အောင်ပန်း၊ တောင်ကြီး၊ ရွာငံ၊ အေးသာယာ၊ ဟဲဟိုး၊ တီကျစ်၊ ပင်လောင်း၊ ညောင်ရွှေ၊ ရွှေညောင်၊ က လော၊ ရွာငံနှင့် အခြား ရှမ်းပြည်တောင်ပိုင်း ဒေသအသီးသီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ မတ် ကျန်းဌာနေ ပြည်သူ့စစ်၊ တပ်မတော်၊ ကုမ္ပဏီတို့မှ သိမ်းဆည်းမြေ ဧကစုစုပေါင်း ၆၇၀၀ ဧက ကျော်ရှိ ကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့(HRDP) အဖွဲ့က အဆိုပါ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here