Monday, January 6, 2014

သျှမ်းပြည် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှု အစိုးရနှင့် မတူဘဲ လူဦးရေ သာမေးမည်

0 comments

                          SPCC ၏ သျှမ်းပြည်တောင်ပိုင်း သန်းခေါင်စာရင်းသင်တန်း (ဓါတ်ပုံ-SPCC)


6.1.2014

သျှမ်းပြည်သားများ တယောက်မျှ မကျကျန်ရ လေအောင် သျှမ်းပြည် လူဦးရေ သန်းခေါင်စာရင်း ကောက် ယူရေး ကော်မတီက သင်တန်း ဆက်တိုက် ပေးနေရာ `ကျနော်တို့က လူစာရင်းပဲ ကောက်မှာ အစိုးရတော့ အိမ် တွင်း ပစ္စည်းအစ ကြက် ၀တ် ခွေးအဆုံး အကုန်ကောက်မယ်´ ဟု ပင်လုံမြို့ရောက် သင်တန်း ဆရာတဦးက ပြော သည်။

ဂျန္နဝါရီလ ၄ ရက်က သျှမ်းလူဦးရေစာရင်း ကောက်ယူရေးကော်မတီက ပင်လုံမြို့ခံများနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုခဲ့ကြောင်း၊ သျှမ်းပြည်သူ လူဦးရေစာရင်း အမှန် ရရှိရေးအတွက် လူဦးရေ စာရင်းသာ အဓိကထား ကောက်ယူ မည့်အကြောင်း ပင်လုံမြို့ SNLD ဥက္ကဌ စိုင်းဆိုင်ကျော် ကပြောသည်။

အစိုးရကောက်ယူမည့်နည်းမှာ အိမ်တစ်အိမ်တွင် လူဦးရေစာရင်းအပြင် စက်ဘီး၊ နွားလှည်း၊ ကား မှအစ ခွေး၊ ကြောင်၊ ကြက်၊ ၀က်၊ ဘဲ စာရင်းများလည်းပါကြောင်း၊ အိုးခွက်ပန်းကန်၊ ဇွန်းအစ ပါဝင်မည့်မေးခွန်း ပေါင်း ၄၀ ခန့် ဖြေရမည်ဖြစ်ကြောင်း သိရသည်။

"ကျနော်တို့က အဲလိုကောက်မှာမဟုတ်ဘူး၊ စာရင်းမှန်ထွက်တဲ့အချိန် ကွဲလွဲမှုမရှိအောင် သျှမ်းပြည်မှာ ဘာ လူမျိုး၊ လူဘယ်နှစ်ယောက်ရှိ၊ ရပ်ဝေး၊ နယ်ခြားမှာ ဘယ်နှစ်ယောက်အလုပ်သွားလုပ်တယ် ဆိုတာ ကြိုသိရအောင် - လူဦးရေဘဲ အဓိကထား ကောက်မှာ" ဟု ပင်လုံ လူငယ်ခေါင်းဆောင် စိုင်းဆု ကပြော သည်။

ထို့အတူ အိမ်ထောင်စုစာရင်းမရှိသေးသောမိသားစု၊ နိုင်ငံသားစိစစ်ရေးကဒ် ခေါ် အမျိုးသားမှတ်ပုံတင် မရှိသေး သော သူများအတွက်လည်း လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်းပြောသည်။
“အဓိက ကတော့ဗျာ ကျနော်တို့ သျှမ်းလူထုက စိုးရိမ် ကြောက်လန့်မှု များတယ်။ အစိုးရကနေ သန်း ခေါင် စာရင်းလာကောင်ရင် လာမေးရင် ကိုယ့်မိသားစု ဘယ်နှစ်ယောက်ရှိလဲ၊ ခရီးသွား တခြား အလုပ် သွားလုပ်နေ တာ ဘယ်နှစ်ယောက်ရှိလဲ၊ ဘာလူမျိုးလဲဆိုတာ ရဲရဲဝံ့ဝံ့ ဖြေဖို့လိုတယ်။ သန်းခေါင်စာရင်း ကောက်ယူရေးက ဗမာအစိုးရကဘဲ ကောက်တာ မဟုတ်ဘူး။ ကမ္ဘာ့ကုလသမဂ္ဂကပါ လက်တွဲလုပ်တော့ ဆင်းရဲမွဲတေမှု ကိစ္စပါ ဖြေရှင်းဖို့ ကူညီထောက်ပံ့နိုင်ဖို့အတွက် စစ်တမ်းလဲတခါ တည်း ကောက်ရတာ ပေါ့´´ - အဆိုပါ သျှမ်းလူငယ်က ပြောသည်။

သျှမ်းပြည်သူပြည်သားများ သန်းခေါင်စာရင်းမှန်ရရှိရေးအတွက် လွှတ်တော် အမတ်များ၊ နိုင်ငံရေးပါတီ ဝင်များ၊ တာဝန်သိ ဒေသခံရပ်မိ ရပ်ဖများ ငွေ အား လူအား စုပေါင်း၍ သျှမ်းလူဦးရေ သန်းခေါင်စာရင်း ကောက် ယူရေး ကော်မတီ ဖွဲ့စည်းကာ မြို့နယ်အလိုက် လိုက်လံသင် တန်းပေးေ နခြင်ြး ဖစ်၏။ ၂၀၁၃ ဒီဇင်ဘာ ၂၇ - ၂၉ ရက်အထိ၊ သျှမ်းပြည်မြောက် ပိုင်း ကျောက်မဲမြို့ ၊ တောင်ပိုင်း နမ့်ဇန်မြို့တွင် ပြည်နယ် လွှတ်တော်အမတ် စိုင်းသန်းမောင် ဦးဆောင်သည့် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က သင်တန်းပေးရာ တမြို့နယ်လျှင် လူငယ် ၅ ဦး မှ ၁၀ အဦးအထိ တက်ရောက်လေ့လာကြောင်း ကြားသိရပါသည်။

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here