Wednesday, June 11, 2014

RCSS/SSA အဖွဲ့မှ ခိုလမ်မြို့နယ်တွင်းရှိ ကျေးရွာများ၌ ဆန်နှင့်ငွေကြေး များကောက်ခံလျက်ရှိ

0 comments

11.6.2014

ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့နယ်ခွဲရှိ ၀မ်ဆင်းကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများ၌ ခွဲတမ်းချကာ ဇွန်လ ပထမပတ်မှစ၍ (RCSS/SSA) အဖွဲ့မှ ဆန်နှင့်ဆက်ကြေးငွေများကို တာဝန်ခံစေလွှတ်၍ အတင်းအဓမ္မ တောင်းခံနေကြောင်း ယင်းဒေသခံများထံမှ သိရပါတယ်။

ခိုလမ်မြို့နယ်အတွင်းရှိ ၀မ်ဆင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၌ နေထိုင်သော ရှမ်းတိုင်းရင်းသား များထံမှ တောင်းခံခြင်းဖြစ်ကြောင်း၊ အကြိမ်ကြိမ် လူသစ်စုဆောင်းခြင်း၊ ဆန်နှင့်ငွေများ ပေးနေ ရခြင်းကြောင့် ရွာသူရွာသားများမှာလည်း အလွန်စိတ်ပျက်နေကြောင်း ခိုလမ်မြို့ခံတစ်ဦးဖြစ်သူ ကိုစိုင်းအောင်က ပြောသည်။

RCSS/SSA အခွန်တာဝန်ခံဆိုသူက ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကတစ်ဆင့် ဆန်ဘယ်လောက်၊ ငွေ ဘယ်လောက်ဆိုပြီး တောင်းတယ်။ အုပ်ချုပ်ရေးမှူးတွေ ကလည်း ရွာထဲမှာပြန်ပြီး တစ်အိမ်ထောင် ဘယ်လောက်ထည့်ရမယ် ဆိုပြီး ပြန်ကောက်တာပါ။ အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း မလုပ်ချင်ပေမယ့် လည်း အသတ်ခံရမှာ ကြောက်တာနဲ့ လုပ်ပေးနေရတာပါလို့ ဆိုပါတယ်။

အလားတူပင် RCSS/SSAအဖွဲ့အနေဖြင့် လွိုင်လင်ခရိုင်အတွင်းရှိ နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်း၊ မိုင်းကိုင်မြို့နယ် တွေမှာလည်း ဒေသခံ ရှမ်း၊ လားဟူ၊ ပအိုဝ့်နှင့် ပလောင်တိုင်းရင်းသားများအား အတင်းအကြပ် ဖမ်းဆီးကာ လူသစ်စုဆောင်း မူများ ပြုလုပ်နေကြောင်း၊ ထိုသို့ အတင်းအကြပ် ဖမ်းဆီးကာ လူသစ် စုဆောင်းနေခြင်းမှာ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသော နှစ်ဦး သဘောတူညီချက်များ ကို ပေါ်ပေါ်တင်တင် ချိုးဖောက်ရာ ရောက်ကြောင်း ခိုလမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“ရှမ်းပြည်တောင်ပိုင်းတပ်က လူသစ်စုသမျ၊ တောင်းသမျ ဆန်နှင့်ငွေကို တစ်အိမ်ဘယ်လောက်ဆိုပြီး မဖြစ်မနေ ပေးနေရတာတွေက ရှမ်းလူမျိုးတွေကို ကာကွယ်တာမဟုတ်ဘဲ ကိုယ့်လူမျိုးအချင်းချင်း ပြန်ပြီး ညှင်းပန်း နှိပ်စက်နေတာနဲ့ အတူတူပါပဲ” လို့ ကိုစိုင်းအောင်က ဆက်လက်ပြောကြားခဲ့ပါသည်။

Credit To #စိုင်းအောင်ခမ်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here