Tuesday, January 7, 2014

ကျောက်မဲတွင် မူးယစ်ဆေးဝါးတားဆီးရန် အထူးလိုအပ်နေ

0 comments


7.1.2014

ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသော လူငယ်ပိုမိုများပြား လာသောကြောင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရန် လိုအပ်နေကြောင်းမြို့ခံပြည်သူများထံမှ သိရသည်။

မူးယစ်ဆေးနှင့်ပတ်သက်ပြီး “ကောက်မဲမြို့မှာ ကျွန်တော်မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ဆေးသုံးတဲ့ ကလေးတွေကို ကျွန်တော်တို့(မာနာ) အနေနဲ့ပေါ့နော်သုံးစွဲမှု လျော့ချရေးကို ဆောင်ရွက်နေပါတယ် ဒါပေမယ့် သမင်မွေးရင်ကျားစားရင်ဖြစ်နေပါတယ် ကျွန်တော်တို့ကဖြတ်ပေးတယ် လိုက် ရောင်းတဲ့သူ က ရောင်းပေးနေတယ်ဆိုတော့ သုံးစွဲသူတွေပြောတဲ့ စကားအရဖြတ်ဆေးရှိတယ်၊ မေ့ဆေးမရှိဘူးဆိုတော့ ကျွန်တော်တို့ ၀န်းကျင်မှာ ဆေးသုံးတဲ့ကလေးတွေဟာ ဘယ်အရွယ်အထိ ရောက်လားပြီလဲ ဆိုရင်၁၂နှစ်၁၃နှစ် အရွယ်အထိ ရှိလာပါပြီ။ ကျောင်းနေအရွယ်တွေအထိ ဖြစ်လာပါပြီ၊ ဒီထက်ကြီးတဲ့ လူတွေကတော့ မူးယစ်ဆေးသုံးတာကို ဓလေ့လိုရိုးရာလို ဖြစ်နေပါပြီ၊ အဲ့ဒါကို သတိပြုသင့်ပြီး အင်မတန်ကြောက်စရာကောင်းတဲ့ အနေအထားတစ်ခုဖြစ်နေပါတယ်”ဟု(မာနာ)ခရိုင် ဥက္ကဋ္ဌ ဦးတင်မောင် သိန်း က ပြောသည်။

အစိုးရအနေဖြင့်လည်း မူးယစ်ဆေးဝါတိုက်ဖျက်ရေးသည်အ မျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်ဟု ချမှတ် ထားပြီး၊ တာဝန်ရှိဌာနဆိုင်ရာများက ကြိုးပန်းစေလိုကြောင်း၊ မူးယစ်းဆေးရောင်းသူများသည် မူးယစ်ဆေး ကို အဝေးက၊ အပြင်ကပစ်ရောင်းချပြီးတော့ ပြေးသွားတာမဟုတ်ဘဲ ရပ်ရွာထဲ၌ အိမ်ထောင်စုဇယားဖြင့် ထိုင်ရောင်းနေသူများဖြစ်ပြီး၊ မြန်မာနိုင်ငံတ၀ှမ်းလုံးမူးယစ်ဆေးနှင့်ကင်းသောမြို့မရှိသလောက်ဖြစ်သောကြောင့် အမျိုးသားရေးအဆင့် အမှန်တကယ်ဆောင်ရွက်သင့်ကြောင်း ဆက် လက်ပြောသည်။

“ကျွန်တော်ကအခုမှ ထောင်လွတ်လာတာနှစ်ရက်ပဲ ရှိပါသေးတယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှု နဲ့ ထောင်ဒဏ်ဆယ်နှစ်ကျခံခဲ့ပါတယ်၊ ပြောခြင်တာကတော့ ထောင်စကျတဲ့အချိန်ကတော့ အားလုံးကို စိတ်နာတာပေါ့၊ ဘာလို့လဲဆိုတော့ ကိုယ့်ပိုက်ဆံနဲ့ကို ၀ယ်သုံးတာကိုဘာလို့ အပြစ်ပေးတာလဲပေါ့နော်၊ ဘယ်သူကိုမှလဲအမြင်မကြည်တော့ဘူး၊ ဒါပေမယ့်လဲဗျာ နိုင်ငံတော်ကပေးတဲ့ပြစ်ဒဏ်က ခံလာရပြီးနောက် မှာ တဖြေးဖြေးနားလည်လာခဲ့ပါတယ်၊ တကယ်တော့ မူးယစ်ဆေးသုံးတာက ကိုယ့်အတွက်ခဏလေး ပဲ ကောင်းတာပါလားဆိုတာကို သိလိုက်ပါတယ်၊ ဖြစ်ပျက်သွားတဲ့ အချိန်ကျတော့စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအားလုံး နောက်ကြနေပါပြီ၊ ဒါကြောင့်သုံးစွဲနေတဲ့ ညီအကိုတွေကို မိဘဆွေမျိုးတွေကို ကြည့်ပြီးတော့ မကောင်းတဲ့မူးယစ်ဆေးကိုဖြတ်နိုင်အောင် ဖြတ်ကြပါလို့ပြောခြင်ပါတယ် ”ဟု ဆေးသုံး စွဲပြီးပြစ်ဒဏ်မှ လွတ်မြောက်လာသူ ဖိုးလုံးက ပြောသည်။နိုင်ငံတော်မှပေးသည့် ပြစ်ဒဏ်ကို မခံယူခဲ့လျှင် ယခုအချိန်တွင် အသက်မရှင်နိုင်ကြောင်း၊ သူ၏ညီအကိုများမှာ မူးယစ်ဆေးကြောင့် ဆုံးသွားခဲ့ကြောင်း၊ သုံးစွဲသူများအနေဖြင့်လည်း ပြစ်ဒဏ်ခံယူကာ ဆေးဖြတ်ကြရန်၊ တာဝန်ရှိသူများအနေဖြင့်လည်း မူးယစ်ဆေးရောင်းဝယ်မှုများကို အမြန်ဆုံးတားဆီးနှိမ်နင်းစေလိုကြောင်း ၎င်းကဆိုသည်။

The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here