Wednesday, January 22, 2014

မူးယစ်ဆေးဝါးနှင့်အတူ ရောင်းချသူပါဖမ်းဆီးရမိ

0 comments
22.1.2014

လားရှိုးမြို့တွင် မူးယစ်တပ်ဖွဲ့စု(၂၄)မှ တပ်ဖွဲ့ဝင်များသည် ရပ်ကွက်(၅)အတွင်း အမှတ်(၉၆)နေအိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့်အတူ ရောင်းချသူကို ဇန်န၀ါရီ ၂၀တွင် ဖမ်းဆီးရမိကြောင်း ၎င်းမူးယစ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ ရဲအုပ်ဇော်လင်းကျော် ဦးစီးအဖွဲ့ဝင်များသည် မူးယစ် သတင်းအရ သက်သေများနှင့် အတူ ရပ်ကွက်(၅)-၁၈/၁၉လမ်းကြား၊ ၄၆လမ်း၊ အမှတ်(၉၆)နေအိမ် အား ၀င်ရောက်ရှာဖွေရာ အိမ်တွင်တွေ့ရသော ဦးဒုံယင်တာအား ရှာဖွေရာ ၎င်းဝတ်ဆင်ထားသော အကျီင်္အိတ်ကပ်အတွင်းမှ အအေးစုပ်ပိုက်ဖြင့် ထည့်ထားသော 88နှင့်1 စာတမ်းတစ်ဖက်စီးပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း(၁၅၁)ပြား၊ အလေးချိန်(၁၃.၅၉)ဂရမ် (တန်ဖိုးငွေ ကျပ်၃၀၂၀၀၀ကျပ်)၊ မူးယစ်ဆေးရောင်းရငွေဟု ယူဆရသော ငွေ(၃၀၀၀၀-)နှင့်အတူ ဆေးသုံးစွဲရာတွင် အသုံးပြုသည့်ကြေးပိုက်တပ်လျက် ပုလင်းတစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် တွေ့ရှိသူ ဒုံယင်တာ (ကျား)၆၃နှစ် (ဘ)ဦးဒုံလီကွမ်း၊ ရပ်ကွက်(၅)(၁၈/၁၉)ကြား၊ ၄၆လမ်း၊ အိမ်အမှတ်(၉၆) လားရှိုးနေသူအား လားရှိုးမြို့မ ရဲစခန်း မယ(ပ) ၁၂/၂၀၁၄-မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁/၂၀(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။

စိုးမင်းနိုင်
မြန်မာ့ခေတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here