Thursday, January 16, 2014

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် ကေအိုင်အို သဘောထား ကွဲလွဲဟုဆို

0 comments
16.1.2014

မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် ကေအိုင်အို တို့ အကြား သဘောထား ကွဲလွဲမှုများ ရှိနေသည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဉာဏ်ကြီးရှင်များ အဖွဲ့အစည်းကြီး (Stimson) က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့ ငြိမ်းချမ်းရေးနှင့် တရုတ်-အမေရိကန်တို့၏ အခန်းကဏ္ဍ ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာကို နိုင်ငံရေး မူဝါဒများဆိုင်ရာ သုတေသီ Yan San က ယင်းသို့ ရေးသားခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုသည် အပစ်အခတ် ရပ်စဲရေးကို ဦးတည်နေပြီး ကေအိုင်အို ကမူ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ပိုမိုဆန္ဒရှိသောကြောင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အလားအလာကောင်းများ မရှိနိုင်ကြောင်း ၎င်းက အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရ အနေနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအတွက် အဓိက အဟန့်အတား ဖြစ်စေနိုင်မည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ပြဿနာကို ဖြေရှင်းရန် တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် အပစ်အခတ် ရပ်စဲရေးကို အရေးတကြီး ဆောင် ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အလားတူပင် ကေအိုင်အိုကလည်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူပြီးပါ က နိုင် ငံရေး ဆွေးနွေး ပွဲများ ပြုလုပ်၍ ၎င်းတို့၏ အခွင့်အရေးများနှင့် နစ်နာမှုများကို ပြန်လည် ထိန်းညှိရန် အခြေအနေများ ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေကြကြောင်း ၎င်းကဆိုသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် တစ်ဖက်နှင့် တစ်ဖက် သဘောထား ကွဲလွဲမှုများ ရှိနိုင်သော်လည်း လက်ရှိ အနေအထားတွင် အစိုးရ အပါအဝင် တိုင်းရင်းသား အားလုံး၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံတွင် အပြည့်အဝ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး သာ ဖြစ်သည့်အတွက် သဘောထား ကွဲလွဲမှုများ၊ တောင်းဆိုချက်များကို အားလုံးပါဝင်၍ အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက The Voice သို့ပြောကြားသည်။

ထို့အပြင် နိုင်ငံတကာ စံနှုန်းများအရ ပြည်တွင်းစစ်ပွဲများ ရပ်စဲသွားရန် နှစ်ဦးနှစ်ဖက် အသေအပျောက်၊ အပျက်အစီး မရှိစေရေးဆိုသည့် မူဝါဒအတိုင်း အပစ်အခတ် ရပ်စဲရေးကို ဦးစွာဆောင်ရွက်လေ့ ရှိကြောင်း၊ အပစ်အခတ် ရပ်စဲသွားမှ သာ နိုင်ငံရေး ဆွေးနွေးပွဲ များကို ချောမောစွာ ဆောင်ရွက်နိုင် မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေမှာ နိုင်ငံရေ ဆွေးနွေးပွဲတွေ ပြန်လုပ်ရမယ် ဆိုတဲ့အချက်က ပါပြီးသားဆိုတော့ ကေအိုင်အိုဘက်က စိတ်ပူစရာတော့ မလိုပါဘူး” ဟု ၎င်းက ထပ်လောင်း ပြော ကြားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး သည် ပြည်တွင်း အသွင်ကူးပြောင်းရေး ကို ထိခိုက်စေရုံ သာမက တရုတ်နှင့် အမေရိကန် နိုင်ငံတို့၏ နိုင်ငံရေး ကစားကွက် တစ်ခု ဖြစ် လာနိုင်ကြောင်း ၎င်းက အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဉာဏ်ကြီးရှင်များ အဖွဲ့ အစည်းကြီး (Stimson) ကို ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံတကာရေးရာ ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို လေ့လာစောင့်ကြည့် သုတေသန ပြုလုပ်သော အဖွဲ့အစည်း ကြီး ဖြစ်သည်။

The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here