Tuesday, February 11, 2014

ဂွာဒီယိုလာ၏ ဆုံးဖြတ်ချက်ကို ကရူးစ် လက်ခံရမည်ဟု ဖီးလစ်လမ်း ပြောကြား

0 comments


11.2.2014

ပွဲထွက်စာရင်းမှ ချန်လှပ်ခံရသည့် တိုနီကရူးစ် အနေဖြင့် နည်းပြ ဂွာဒီယိုလာ၏ ဆုံးဖြတ်ချက်အတိုင်း လက်ခံ ရမည်ဟု ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင် ဖီးလစ်လမ်းက ပြောကြားလိုက်သည်။

ဂျာမနီ လက်ရွေးစင် ကစားသမားသည် ဘိုင်ယန်မြူးနစ်က စတုဂတ်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ် တွင် လူစားလဲခံခဲ့ရသောကြောင့် စိတ်ဆိုးသည့် အမူအရာ ပြသခဲ့သဖြင့် ဘွန်ဒက်စ်လီဂါ ပွဲစဉ် နှစ်ပွဲတွင် အရန်ခုံတွင်သာ ထိုင်နေခဲ့ရသည်။

ထို့နောက် အသင်းခေါင်းဆောင် ဖီးလစ်လမ်းက မိမိအနေဖြင့် တိုနီကရူးစ်၏ စိတ်ခံစားမှုကို နားလည်ကြောင်း သို့သော် နည်းပြ ဂွာဒီယိုလာ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

“ဒါဟာ တိုနီ့အတွက် ကောင်းတဲ့ အချက်မဟုတ်ပါဘူး။ ဒါပေမဲ့ နည်းပြက ဆုံးဖြတ်ချက်တွေကို ချမှတ်ရတာပါ။ ဒါကို လူတိုင်း လက်ခံရမှာပါ” ဟု လမ်းက ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ဘိုင်ယန်နှင့် ဂျာမနီ ကွင်းလယ်ကစားသမားဟောင်း စတီဖင် အက်ဖင်ဘတ်က အသက် ၂၄ နှစ်အရွယ် ကရူးစ်၏ အခြေအနေကို စာနာကြောင်း ဆိုခဲ့သည်။

“ဒါဟာ တိုနီ့အတွက် ဆေးခါးကြီးတစ်ခွက်ပါပဲ။ သူက ဟေးနက်စ်လက်အောက်မှာပဲ အမြဲ ကစားခဲ့သူပါ။ အခုအချိန်မှာတော့ ဒါတွေအားလုံး ပြီးဆုံးသွားပါပြီ။ ကမ္ဘာ့ဖလားကလည်း မကြာခင်လာပါတော့မယ်။ ဒါတွေဟာ သူ့အတွက် အကျိုးမရှိတော့ပါဘူး” ဟု ၎င်းက ပြောကြားသွားခဲ့သည်။

Soccer Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here