Saturday, February 22, 2014

လူငယ်ဖိုရမ် မြစ်ကြီးနားမြို့မှာ စတင်ကျင်းပ

0 comments
22.2.2014

လာမယ့် မတ်လပထမပတ်အတွင်း မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကို တက်ရောက်ဖို့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်ဖိုရမ်ကို ဒီနေ့ စတင် ကျင်းပနေပြီး ကချင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်တွေကို ရွေးချယ် သွားမယ်လို့ သိရပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ ၃ ရက်ကြာ ညီလာခံကို " တူညီသော လူငယ့်အသံမှသည် ငြိမ်းချမ်းသော အနာဂါတ်ဆီသို့" ဆိုတဲ့ ခေါင်းစဉ် နဲ့ မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်း ဇုန်နယ်ခန်းမဆောင်မှာ ကျင်းပနေ တာပါ။ ဒီလူငယ်ဖိုရမ်ဟာလူမျိုးမတူ၊ ဘာသာမတူသူ လူငယ်တွေ စုပေါင်းပြီး ကချင်ပြည်နယ်နဲ့ တိုင်းပြည် အကျိုးအတွက် ကြိုးပမ်းသွားဖို့ ရည်ရွယ် တဲ့ ဆွေးနွေးပွဲဖြစ်တဲ့အကြောင်း ကချင်ပြည်နယ် လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုဂျာရုံက ပြောပါတယ်။

"ကချင်ပြည်နယ်မှာရှိတဲ့ လူမျိုးဘာသာမတူတဲ့ လူငယ်အားလုံးပေါ့နော် ကျနော်တို့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့ ပြည်နယ်အကျိုး၊ နိုင်ငံတော်ရဲ့ အကျိုး အားလုံးဝိုင်းဝန်း သယ်ပိုးဖို့အတွက်ပေါ်နော် အခု ကချင်ပြည်နယ် မှာ ဖြစ်ပေါ်နေတဲ့ လူငယ်တွေရဲ့ ပြဿနာတွေကို ဝိုင်းဝန်းဖြေရှင်းဖို့ အတွက် ဖြစ်ပါတယ်"

လာမယ့် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့အထိကျင်းပမယ့် အဲဒီဆွေးနွေးပွဲ ကို မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအို၊ ခရိုင် ၄ ခု လူငယ်တွေ တက်ရောက်နေကြတာဖြစ်ပြီး လူငယ်နဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ပညာရေး၊ မူးယစ်ဆေးဝါး ၊ သဘာဝပတ်ဝန်းကျင် စတဲ့ ခေါင်းစဉ်တွေ နဲ့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။

RFA

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here