Tuesday, February 18, 2014

ဖွဲ့စည်းပုံဥပဒေတွင် လူငယ်ကဏ္ဍ ပိုမိုထည့်သွင်းရေးဆွဲရန် တောင်းဆို

0 comments
18.2.2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး လူငယ်အခန်းဏ္ဍများ ပိုမိုထည့်သွင်းရေးဆွဲပေးရန် ဧရာဝ တီတိုင်းအစိုးရအဖွဲ့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းကျင်းပသည့် ပြည်သူ့ရေးရာ တာဝန်ခံ ယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ဧရာဝတီတိုင်းအတွင်း လူငယ်များ က ထုတ်ဖော် တောင်းဆို လိုက် သည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီနည်းလမ်းမကျမှုနှင့် အားနည်းချက်များရှိနေခြင်း၊ ပြည် သူလူထုအားလုံးသည် လူအခွင့်အရေး၊ နိုင်ငံရေး အသိပညာဗဟုသုတနည်းပါးခြင်း၊ လူငယ် သည် နိုင်ငံ ရေးတွင် လွတ်လပ်ခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပါဝင်လှုပ်ရှားခွင့်မရှိခြင်း၊ လူအခွင့်အရေး ချိုးဖောက်ခံရ မှုများ များပြားနေခြင်း၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့် အုပ်ချုပ်ရေးဌာနများနှင့် လွှတ်တော် များတွင် လူငယ်များနှင့် အမျိုးသမီးများ ပါဝင်မှုအားနည်းနေခြင်း”များ ရှိကြောင်းကို လူငယ်ဖိုရမ်တွင် မအိအိခိုင်က ဖတ်ကြားသည်။

ပညာရေးကဏ္ဍတွင် ဖြစ်ပေါ်နေသော ပြဿနာများ၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင် တွင် ဖြစ်ပေါ်နေ သော ပြဿနာများ၊ လူငယ်နှင့် အလုပ်အကိုင်အခွင့် အလမ်း ဖြစ်ပေါ်နေ သည့် ပြဿ နာများ၊ လူငယ်နှင့် မူးယစ်ဆေးဝါးပြဿနာများ၊ လူငယ်နှင့် နိုင်ငံရေးပြဿနာများ စသည် များကို စာတမ်းဖတ်ကြား ဆွေး နွေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်များတွေ့ဆုံပွဲအား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းတွေ့ရှိချက်များကို အလုပ်ရုံဆွေးနွေး ပွဲတွင် ၀င်ရောက် ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ်မြောက် ပြည်သူ့ရေးရာ တာဝန်ခံယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကဏ္ဍစုံနှင့်သက် ဆိုင်သည့် မေးခွန်းပေါင်း (၅၈)ခုကို မေးမြန်းခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ က ပြန်လည်ဖြေကြား ခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here