Tuesday, February 18, 2014

အမေရိကန်သမ္မတဟောင်း Theodore Rooseveltအဖြစ်သရုပ်ဆောင်ချင်နေ တဲ့ Leonardo DiCaprio

0 comments


Leonardo DiCaprio ဟာသူ့ရဲ့နောက်ထပ်ရုပ်ရှင်လှုပ်ရှားမှုတစ်ခုအနေနဲ့ အမေရိကန်သမ္မတဟောင်း Theodore Roosevelt အဖြစ်သရုပ်ဆောင်ဖို့စီစဉ်နေပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၂၆ ယောက်မြောက်သမ္မတရဲ့အတ္ထုပ္ပတိဇာတ်ကားအတွက် ဒါရိုက်တာ Martin Scorsese နဲ့ရိုက်ကူးထုတ်လုပ်ဖို့အတွက် Wolf of Wall Street ရဲ့သရုပ်ဆောင်က အပူတပြင်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

“သူ့ရဲ့အရင်ရုပ်ရှင်ဟာ box office မှာအကြီးအကျယ်အောင်မြင်ခဲ့ပြီးနောက် Leo တစ်ယောက် Martin Scorsese နဲ့ထပ်မံပူးပေါင်းမယ့် သူ့ရဲ့ Roosevelt အတ္ထုပ္ပတိရုပ်ရှင်အတွက် အလောတကြီး လုပ်ဆောင်နေတာဖြစ်ကြောင်း သူ့သူငယ်ချင်းတွေကိုပြောပါတယ်” လို့အတွင်းသိတစ်ယောက်က RadarOnline.com ကိုပြောပါတယ်။

သူက ဒီတစ်ခု စတင်ရုပ်လုံးပေါ်လာဖို့ ငွေကြေးကို ဆယ်စုနှစ်တစ်ခုနီးပါး စိတ်ရှည်ရှည် နဲ့ စောင့်လာ ခဲ့တဲ့အတွက် အခုမှမလုပ်ရင် ဘယ်တော့မှလုပ်ဖြစ်မှာမဟုတ်ဘူး လို့ပြောတယ်လို့ဆိုပါတယ်။

၁၉၀၁ ခုနှစ်ကနေ ၁၉၀၉ ခုနှစ်အထိသမ္မတ တာဝန်ယူခဲ့တဲ့ လူကောင်ထွားထွား သမ္မတနေရာမှာ သရုပ်ဆောင်ဖို့အတွက် Leonardo တစ်ယောက် ကာယလေ့ကျင့်ခန်းတွေ လုပ်ရဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း သူဟာဒီစိတ်ခေါ်မှုအတွက် အသင့်ရှိတယ်လို့ အတွင်းသိကပြောပါတယ်။

“သူကဒီတစ်ခုအတွက်ဘာပဲလုပ်ရလုပ်ရ ဖြစ်အောင်လုပ်မှာပါ။ ဒါဟာ Leo အော်စကာဆု ရချင်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ပြီးတော့ဒီရုပ်ရှင်အကြောင်းကိုသူအမြဲတမ်းပြောနေတာပါ” လို့လဲပြောပြပါတယ်။

ဒီရုပ်ရှင်ဟာ Pulitzer ဆုရစာအုပ် The Rise of Theodore Roosevelt စာအုပ်ကိုအခြေခံတာဖြစ်ပြီး Leonard ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေကတော့ Leo တစ်ယောက်နိုင်ငံရေးရုပ်ရှင်ထပ်လုပ်မှာဖြစ်တဲ့အတွက် အဲဒီ့ရုပ်ရှင်ရဲ့အရည်အသွေးအတွက်ပူပန်နေရပါတယ်။ Leo ဟာ ၂၀၁၁ ခုနှစ်တုန်းက FBI ဒါရိုက်တာဟောင်း J Edgar Hoover ရဲ့ဖြစ်ရပ်မှန်သမိုင်းရုပ်ရှင် J Edgar မှာပါဝင်သရုပ်ဆောင် ခဲ့ပြီး အောင်မြင်မှုမရခဲ့ပါဘူး။

Trend Myanmar.

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here