Tuesday, May 6, 2014

ရှမ်းနှစ်ပါတီ ပူးပေါင်းရန် မူအားဖြင့် သဘောတူ

0 comments
နနှနနစ်ပါတီ ပူးပေါင်းရေးအတွက် တစ်နှစ်နီးပါး ညှိနှိုင်းခဲ့ရသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့သည် ပါတီနှစ်ခု ပူးပေါင်းရေး အတွက် မေ ၃ ရက်နေ့က သဘောတူလိုက်ပြီ ဖြစ်ကြောင်း SNDP အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောကြားသည်။

မေလ ၃ နေ့က ရှမ်းတိုင်းရင်းသား နှစ်ပါတီ ခေါင်းဆောင်များ အစည်းအဝေး တစ်ရပ် ပြုလုပ်ကာ ပါတီ ပူးပေါင်းရေးအတွက် မူအားဖြင့် သဘောတူညီခဲ့သော်လည်း ညှိနှိုင်းရန် အဆင့်များ ကျန်ရှိနေသေးကြောင်း ၎င်းကဆိုသည်။
ပါတီနှစ်ခု အပြီးသတ် ပူးပေါင်းနိုင်ရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ကိုယ်စားလှယ် ငါးဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ် ငါးဦးတို့ ပူးပေါင်း ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဆက်လက် ဆွေးနွေးသွား မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မူအားဖြင့် ပဏာမ သဘောတူချက်အောက်မှာ အဆင့်တွေ ကျန်ရှိနေပါသေးတယ်။ ရှစ်ပြည်နယ်၊ ၁၄ ပြည်နယ်ကိစ္စ ပါတီ ဖျက်သိမ်းနိုင်ရေး စတဲ့ အသေးစိတ်က အချိန်ယူပြီး လုပ်ဆောင်ရဦးမှာပါ” ဟု ၎င်းကဆိုသည်။
ပါတီ မူဝါဒပိုင်းများအပြင် ယခုနှစ် အစောပိုင်းက မူဆယ်မြို့တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ် ပါတီညီလာခံတွင် တက်ရောက်သူ ပါတီဝင် အင်အား နှစ်ထောင်ကျော်က ပါတီများ ပူးပေါင်းမည် ဖြစ်သော်လည်း SNDP ပါတီကိုမူ မည်သည့် အကြာင်းနှင့်မှ ဖျက်သိမ်းမည် မဟုတ်ဟူသည့် ဆုံးဖြတ်ချက်ကို ပါတီ ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူကာ ပြန်လည် သုံးသပ်ရန် လိုအပ်နေကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။
“တနင်္လာနေ့မှာ လုပ်မယ့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဖို့ ရှိမယ်။ အဓိကက ကြားဖြတ်နဲ့ ၂၀၁၅ အတွက် ကိုယ်စားလှယ်လောင်းတွေ ဆန်းစစ်ဖို့ပါ” ဟု မေလ ၅ ရက်တွင် ပြုလုပ်မည့် SNDP ပါတီ ဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးနှင့် ပတ်သက်၍ ၎င်းကဆိုသည်။

ဧပြီလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ SSPP/SSA ဌာနချုပ်၊ ဝမ်ဟိုင်း တွင် ပြုလုပ်သည့် SSPP/SSA ၏ နှစ် ၅၀ ရွှေရတု အခမ်းအနားသို့ တက်ရောက်သူ ရဟန်းတော်များ အပါအဝင် ပြည်တွင်း၊ ပြည်ပ ရှမ်းလူထုက ရှမ်းပြည်တပ်မတော် တစ်ဖွဲ့တည်း ဖြစ်စေရန်၊ ရှမ်းပါတီ တစ်ပါတီ တည်း ဖြစ်စေရန်၊ ရည်မှန်းချက်ပန်းတိုင် တစ်ခုတည်း ထားရှိရန်၊ ရှမ်းပြည် ဥပဒေ တစ်ခုတည်း ထားရှိရန် လက်မှတ်ရေထိုး တောင်းဆို ခဲ့ကြသည်။

#The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here