Monday, September 3, 2012

ပြည်သူချစ်သောဥပဒေ ပညာရှင်များအဖြစ် ခံယူပါ

0 comments
ယခုအခါ ဥပဒေပညာ တတ်ကျွမ်း  သူများခေတ်ဟု ဆိုနိုင်ပါသည်။နိုင်ငံတော်  သမ္မတကြီးထံတွင်လည်း ဥပဒေပညာရှင်  များရှိပါသည်။ပြည်ထောင်စုလွှတ်တော်၊  ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်   တို့တွင်လည်း လွှတ်တော်ကိုယ်စားလှယ် များအပါအ၀င် ဥပဒေပညာရှင်များရှိပါ သည်။ပြည်ထောင်စု ရှေ့နေချုပ်ရုံးတွင် လည်း ဥပဒေပညာရှင်များရှိ၍ ပြည်ထောင်  စုတရားလွှတ်တော်ချုပ် အပါအ၀င် တရား    ရေးဌာနတွင်လည်း ဥပဒေပညာရှင်များ  ရှိပါသည်။ပြင်ပတရားလွှတ်တော်ရှေ့နေ  များသည်လည်း ဥပဒေပညာရှင်များဖြစ် ပါသည်။တက္ကသိုလ်အသီးသီးဥပဒေဌာန  များတွင်လည်း ဥပဒေပညာရှင်များရှိ၍၊  ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတွင်လည်း ဥပဒေပညာရှင်အများရှိပါသည်။
ယခုအခါ ပြည်တွင်းပြည်ပဥပဒေ ပညာရှင်များကလည်း မိမိတို့၏ အမြင် ကို နေ့စဉ်သတင်းစာများတွင်လည်းကောင်း၊  ဂျာနယ်များတွင်လည်းကောင်း ရေးသား ဖော်ပြလာကြပါသည်။ပြည်သူများက ဒီ ဘက်ကရေး ဟုတ်နိုးနိုး ဟိုဘက်ကရေး ဟုတ်နိုးနိုး ဖြစ်နေရပါသည်။ ပြည်သူများ  အမှန်သိသင့်ပါသည်။
ယခုအခါ ပူလောင်နေသော အ ရေးကြီး ဥပဒေပြဿနာတစ်ရပ်မှာ ““လွှတ်တော်အသီးသီးကဖွဲ့စည်းထားသည့် ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ်   ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့ စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များ နှင့်ညီညွတ်ခြင်းရှိ/မရှိ”” အနက်ဓိပ္ပာယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်သမ္မတကိုယ်စား  ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့   ၂၀၁၂ခုနှစ်၊တင်သွင်းလွှာအမှတ်(၁)ဖြင့်   တင်သွင်းလာခဲ့ပါသည်။ အဆိုပါခုံရုံးဟာ    (၂၀၁၂ခုနှစ်၊မတ်လ ၂၈ရက်)နေ့က ““လွှတ်တော်အသီးသီးက ဖွဲ့စည်းထား သည့်ကော်မတီ၊ကော်မရှင်နှင့်အဖွဲ့တို့ အား ပြည်ထောင်စုအဆင့်အဖွဲ့အစည်း အဖြစ်ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း  ချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း””  ဆုံးဖြတ်ခဲ့ပါသည်။
ယင်းစီရင်ချက်တွင် ““ဆက်စပ်သုံး သပ်ကြည့်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဖွဲ့စည်းသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ယင်းအဖွဲ့အစည်းတစ်ရပ် ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်း  ၀င်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် ပြည် ထောင်စုလွှတ်တော်၊ပြည်သူ့လွှတ်တော်  နှင့်အမျိုးသားလွှတ်တော်တို့မှ ကိုယ်စား လှယ်များဖြစ်သည်ဟု ရည်ညွှန်းထားခြင်း မရှိပေ””ဟု လည်းကောင်း၊
““ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည် ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ် ဟူသော စကားရပ်သည် ပြည်သူ့လွှတ် တော် သို့မဟုတ် အမျိုးသားလွှတ်တော်  သို့မဟုတ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် သို့မဟုတ် အမျိုးသားလွှတ်တော်  ကိုယ်စားလှယ်တို့နှင့်တူညီသော အဖွဲ့ အစည်း သို့မဟုတ် ပုဂ္ဂိုလ်များ မဟုတ် ကြောင်း မြင်သာသည်””ဟူ၍ လည်းကောင်း၊
““ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့ စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းတစ်ရပ်ရပ်နှင့်ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်သည့် ပြည်ထောင်စု    အဆင့်အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ် စားပြုသော အဖွဲ့အစည်းဝင်များ သို့မ ဟုတ် ပုဂ္ဂိုလ်များသည် ပြည်ထောင်စု  လွှတ်တော်၊ပြည်သူ့လွှတ်တော်၊အမျိုးသား လွှတ်တော်နှင့်ယင်းလွှတ်တော်တို့၏ ကိုယ်စားလှယ်များမဟုတ်ကြကြောင်း  အဓိပ္ပာယ်ကောက်ယူဖွင့်ဆိုရပေမည်””ဟု ဖော်ပြထားပါသည်။
(မှတ်ချက်။ ပြည်ထောင်စုရှေ့နေ ချုပ်၏ တင်သွင်းလွှာတွင် ဖော်ပြပါအဖွဲ့  အစည်းများအတွက် အနက်အဓိပ္ပာယ်  ဖွင့်ဆိုပေးရန် တင်ပြထားချက်ကို မတွေ့ ရှိရပါ။ဤကားစကားချပ်)
အများပြည်သူလွယ်ကူစွာ နားလည်  စေရန် ရှုပ်ထွေးသော စကားရပ်များကို ရှောင်ရှားပြီးတင်ပြရသော် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့်ကော်မတီ၊  ကော်မရှင်နှင့်အဖွဲ့တို့သည်ပြည်ထောင်စု  အဆင့်အဖွဲ့အစည်းများဖြစ်ပါသလား၊  ဖွဲ့စည်းပုံအခြေခံဥပဒေညီပါသလား ဟု  ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးအား မေး မြန်းခဲ့ခြင်းဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ““ပြည် ထောင်စုအဆင့်အဖွဲ့အစည်း”” ဆိုသော   စကားရပ်ကို မကြာမကြာ ထည့်သွင်းသုံး  စွဲထားသော်လည်း သီးခြားအဓိပ္ပာယ်  ဖွင့်ဆိုချက်ကို ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဖော်ပြထားခဲ့ခြင်း မရှိပါ။
သို့ရာတွင် နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက  (၂၀၀၈ ခုနှစ် မေလ ၂၉ရက်)နေ့တွင်    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု  ပြဋ္ဌာန်းလိုက်ပါသည်။ထို့နောက် ၂၀၁၀  ခုနှစ်အတွင်း နိုင်ငံတော်အေးချမ်းသာယာ   ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက ဥပဒေ  အသီးသီးကို ဆက်လက်ပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ  (၁၁/၂၀၁၀)ပြည်သူ့လွှတ်တော်ဆိုင်ရာ  ဥပဒေ(၁၂/၂၀၁၀) အမျိုးသားလွှတ်တော်   ဆိုင်ရာ ဥပဒေ(၁၃/၂၀၁၀) ပြည်ထောင် စုရှေ့နေချုပ် ဥပဒေ(၂၂/၂၀၁၀) ပြည် ထောင်စု စာရင်းစစ်ချုပ်ဥပဒေ(၂၃/၂၀၁၀)  တို့တွင် ““ပြည်ထောင်စုအဆင့်အဖွဲ့အစည်း””  ဆိုသော စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆို ထားရာ၌ ““ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ် တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့ကိုလည်းကောင်း”” ဆိုသည်ဟု ဖွင့်ဆိုထားပါသည်။
လွယ်ကူစွာတင်ပြရသော် ““ပြည် ထောင်စုအဆင့်အဖွဲ့အစည်း”” ဆိုသော  စကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  အဓိပ္ပာယ်ဖွင့်ဆိုထားမှု မရှိပဲ၊တည်ဆဲ ဥပဒေ(၅)ရပ်၌ အတိအကျ အဓိပ္ပာယ်  ဖွင့်ဆိုပေးထားပါသည်။
(မှတ်ချက် ဖွဲ့စည်းပုံအခြေခံဥပဒေ  တွင် မည်သည့်စကားရပ်ကိုမှ သီးခြား အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို မတွေ့မိပါ။  ဤကား စကားချပ်သာဖြစ်ပါသည်၊)
တာဝန်ရှိသူများက ကတိသစ္စာပြု ကြရာ၌ ““နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်  ပြီး နိုင်ငံတော်၏ဥပဒေကိုလည်း လိုက်  နာပါမည်။ပြည်ထောင်စုမပြိုကွဲရေး၊တိုင်း ရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊  အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ကို ထာဝစဉ် ဦးထပ်ပန်ဆင်ဆောင်    ရွက်ပါမည်”” အစရှိသည်ဖြင့် သစ္စာပြုထား   သူများက သစ္စာထားမှုကို မဖောက်ဖျက်  သင့်ကြပါ။ပြည်သူတို့မျှော်လင့်ချက်များ  မပျက်သုန်းစေသင့်ပါ။ပြည်သူများက မိမိ တို့၏ လူမှုဘ၀တိုးတက်မှုအတွက် မျှော် လင့်ချက်ထားနေကြပါသည်။တရားဘာ ၀နာအားထုတ်ရန်သွားသော ဘခင်ကြီး ၏ မျက်ကွယ်တွင် သားများက တစ်ဦး နှင့်တစ်ဦး အဆင့်ခွဲကြ၊လုပ်ပိုင်ခွင့်ရှိသမျှ   အစွမ်းကုန်ကြဲကျ လုပ်ကြမည်ဆိုပါက မိခင်ပြည်သူအဖို့ ယူကြုံးမရဖြစ်တော့ မည်ဟု ဧကန်မလွဲပါ။
မည်သူမှားသည်၊မည်သူမှန်သည်ကို  ပြည်သူသိပါသည်။မည်သူကောင်းသည်၊  မည်သူမကောင်းသည်ကိုလည်း ပြည်သူ သိပါသည်။ ပြည်သူအားကိုးရသော သားကောင်း၊သမီးကောင်း များဖြစ်ကြ  ရန်လိုပါသည်။နောင်လာနောက်သား များအတွက် နမူနာကောင်းများထားရစ် ခဲ့ကြရပါမည်။ညှိနှိုင်းတိုင်ပင်၍ အဖြေ ရှာ သည့်နည်းမှာ အကောင်းဆုံးရလဒ်ဖြစ်ပါ လိမ့်မည်။နိုင်ငံတော်သမ္မတကြီး၏ အဆို အမိန့်တစ်ခုမှာ ပြည်သူတို့အား နှစ်သက် စေခဲ့ပါသည်။တိုင်းရင်းသားတွေဘက်က  ကျဆုံးရင်လည်း ပြည်သူတို့အား နှစ်သက် စေခဲ့ပါသည်။တိုင်းရင်းသားတွေဘက်က  ကျဆုံးရင်းလည်း ကျွန်တော်တို့ ပြည်သူ ကျဆုံးတာပါဘဲ။တပ်မတော်ဘက်က ကျ ဆုံးရင်လည်း ပြည်သူကျဆုံးတာပါပဲ ဟူ  ၍ ဖြစ်ပါသည်။
ဥပဒေတတ်ကျွမ်းသော ပညာရှင် များက မိမိတို့ဆည်းပူးတတ်ကျွမ်းလာ သော ဥပဒေပညာနှင့်အလုပ်အကြွေးပြု မည်ဆိုပါက မိမိတတ်ကျွမ်းသော ဥပဒေ  ပညာအပေါ် သစ္စာရှိကြရပါမည်။နာယက  ဂုဏ်ခြောက်ပါးနှင့်အညီ ကျင့်ကြံနေထိုင် ပြောဆိုကြရပါမည်။အဂတိတရားကင်း စင်ကြရပါမည်။တော်တည့်မှန်ကန်စွာ  ပြည်သူတို့၏ မျက်နှာကို ထောင်ထား၍  အကြံပေးဆောင်ရွက်သင့်ကြပါသည်။ငါနှင့်ငါသာ နှိုင်းစရာဟု မမောင်မာသင့် ကြပါ။ဥပဒေကို ကျင့်သုံးလိုက်နာသရောင်  နှင့်ဥပဒေပညာရှင်ဘ၀မှ ဥပဒေအာဏာ ရှင်များ မဖြစ်ကြစေလိုပါ။ပြည်သူချစ် သော ဥပဒေပညာရှင်များအဖြစ် ခံယူပါ။  သားစဉ်မြေးဆက်တန်ဘိုးရှိသော နာမည် ကောင်းဖြင့် ကျော်ကြားသော ဥပဒေ ပညာရှင်များအဖြစ် ဂုဏ်သတင်းမွှေးသူ များ ဖြစ်ကြပါစေ—-။
ref: Hot News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here