Thursday, December 26, 2013

ရင်သွေးငယ်များ၏ ဘာသာရေးအသိနှင့် ဖြူစင်ယဉ်ကျေးသော အနာဂတ်

0 comments


26.12.2013

''မလိမ္မာတာတွေ နှုတ်ရမည်။ အလိမ္မာတွေနှင့် ဆက်ပါမည်။ နှုတ်မည်ဆက်မည် နှုတ်ဆက်ပါသည်။ မကောင်းမှုတွေကို နှုတ်ရမည်။ ကောင်းမှုတွေနှင့် ဆက်ပါမည်။ နှုတ်မည်ဆက်မည် နှုတ်ဆက်ပါသည်။ ပျင်းရိတာတွေ နှုတ်ရမည်။ ကြိုးစားမှုနှင့် ဆက်ပါမည်။ နှုတ်မည် ဆက်မည်နှုတ်ဆက်ပါသည်။ အကုသိုလ်တရားကို နှုတ်ရမည်။ ကုသိုလ် တရားနှင့် ဆက်ပါသည်။ နှုတ်မည်ဆက်မည် နှုတ်ဆက်ပါသည်။
ကလေးတို့၏ ကဗျာရွတ်သံလေးတွေဟာ ဓဓ္မာရုံအတွင်းကနေ သာယာစွာ လွင့်ပျံ့ထွက်ပေါ်နေခဲ့ပါတယ်။ တနင်္ဂနွေနေ့တိုင်း သင်ယူ နေခဲ့ကြတဲ့ ယဉ်ကျေးလိမ္မာကလေးများရဲ့ အားပါးတရအသံလေးတွေက ကြားရသူအပေါင်းကို ကြည်နူးစေခဲ့ပါတယ်။

မိမိတို့ရင်သွေးငယ်များ၏ နှလုံးအိမ်မှာ ဘာသာရေးအသိတရားတွေနဲ့ ဖြူစင်ယဉ်ကျေးသွားတော့ မယ့် အနာဂတ်ကို မျှော်တွေးပီတိဖြစ်ကြမှာ အမှန်ပါပဲရှင်။ ကျွန်မတို့ သာကေတမြို့နယ် (၃)ရပ်ကွက် ရန်ပြေလမ်းမကြီးပေါ်က ဗုဒ္ဓဝေယျာဝစ္စ ဓမ္မရုံကြီးမှာကညိပှေခ့သသူ ယဉ်ကျေးလိမ္မာသင်တန်းကို ဇန်နဝါရီ ၁၃ရက် တနင်္ဂနွေနေ့ကစတင်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဦးစီးဦးဆောင်သူ တွေကတော့ ဗုဒ္ဓဝေယျာ ဝစ္စအကျိုးဆောင်လူကြီးများနဲ့ ရန်ပြေလူငယ်များပဲ ဖြစ်ကြပါတယ်။

သင်တန်းစတင်ခဲ့စဉ်က ဓမ္မရောင်ခြည်ဓမ္မဒါနလုပ်ငန်းမှ လာရောက် သင်ကြားပေးခဲ့ကြ ပါတယ်။ နောက် ပိုင်းမှာတော့ ရပ်ရွာခံဆရာ ဆရာမများ ဖြစ်ကြတဲ့ ဦးဝင်းဗိုလ်၊ ဒေါ်ကြည်အေး၊ ဒေါ်စန်းစန်းညို၊ ဒေါ်မိုးမိုး ခိုင်ထွေးတို့က သင်ကြားပေးနေခဲ့ကြပါတယ်။ ဆရာ ဆရာမများဟာ ရွှေကျင်ကျောင်းတိုက်၊ ပဏ္ဍိတာရာမရွှေတောင်ကုန်းနဲ့ မင်္ဂလာဗျူဟာတို့မှာ ဆရာဖြစ်သင်တန်းများကို အောင်မြင်ပြီးသူများဖြစ် ကြတဲ့အတွက် ကလေးများကို ကောင်းမွန်စွာလမ်းညွှန်ပေးနိုင်ကြသူများပါ။

ဓမ္မာရုံတွင်းသို့ ဝင်လာတဲ့ ကျွန်မကို မြင်လိုက်တာနဲ့ မင်္ဂလာပါလို့ ညီညီညာညာနှုတ်ဆက်ကြပါတယ်။ ဆရာမဒေါ်ကြည်အေးကနေ ဘွားဘွား ကြီးကို မင်္ဂလာကဗျာ ရွတ်ဆိုပြလိုက်ပါဦးဆိုတော့ အမူ အရာလေးတွေနဲ့ ရွတ်ဆိုပြကြပါတယ်။ မင်္ဂလာပါ အပြောချို၊ အပြုံးလေးလည်းချို၊ အမြဲတမ်းပဲ မင်္ဂလာ ပါပြောမယ်။ နှုတ်ဆက်ကြမယ်။ ယဉ်ကျေးစွာ မင်္ဂလာပါ၊ ဒီအသံလေးကြားရတာ ရင်မှာအေးနှုတ်ဆက်ပါ အများနဲ့ တွေ့တဲ့ အခါ၊ ဒီအသံလေးကိုကြားတိုင်းပဲ တကယ်ယဉ်ကျေးတယ်။ အများ ချီးကျူး၊ အပြန် အလှန်မေတ္တာတစ်ဦးနဲ့တစ်ဦးထားခြင်းဟာ မင်္ဂလာပါ။

မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားကျောင်းသူ တွေရော ဈေးသည်ကလေးတွေရော အရွယ်စုံဘဝစုံသမားတွေ ၃ဝဝ ကျော်တက်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ ၁၅ဝ ပဲ ကျန်ပါတော့ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆယ်တန်း၊ ကိုးတန်းသမားတွေက စာမေးပွဲကြီးအတွက် အရေးကြီး ချိန်ဖြစ်နေကြတာကြောင့် ခေတ္တထွက် သွားကြလို့ပါတဲ့။ တိုင်းပြည်ရဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားကြတဲ့ လူငယ် မောင်မယ်လေးတွေကို အိမ်မှာ၊ ကျောင်းမှာ၊ ခရီးသွားရာမှာ၊ ကစားရာ မှာစတဲ့အထွေထွေ ယဉ်ကျေးခြင်းဆိုင်ရာ သင်ခန်းစာများနဲ့တကွ စာရိတ္တ မဏ္ဍိုင်မြင့်မားပြီး အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်တဲ့ လူတော် လူကောင်းလေးတွေ ဖြစ်ထွန်းလာစေဖို့ရည်ရွယ်ပြီး သင်ကြားပေးနေကြ တာပါ။
''ဗုဒ္ဓဆိုတာ ဘာလဲ ကလေးတို့''
''ဗုဒ္ဓဆိုတာ မြတ်စွာဘုရားပါ ဆရာမ''
''ဘာသာဆိုတာကရော''
''မြတ်စွာဘုရားဟောခဲ့တဲ့ တရားတွေပါ။ အဲဒီတရားအတိုင်း ကျင့်သုံးရင် ဗုဒ္ဓဘာသာဝင်ပါ''

''ဘာတွေဟောခဲ့လဲကွယ်''
''ဗုဒ္ဓရဲ့ အဆုံးအမက မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား...တဲ့။ မကောင်းမှုဆိုတာ ဘာလဲသိရမယ်။ ဒါမှ ရှောင်နိုင်မယ်။ ကောင်းမှုဆိုတာ ဘာလဲသိရမယ်။ ဒါမှ ဆောင်နိုင် မယ်''
''သိဖို့ကို ဘာလုပ်ရင်ကောင်းမလဲ...ပြောပြပါဦး''
''သိဖို့အတွက် သင်ရမယ်။ သင်မှသိ၊ သိမှကျင့်နိုင်မှာပါ ဆရာမ''
ကလေးများ စိတ်ဝင်စားမှုရှိစေရန်အတွက် အမေးအဖြေနှင့် တစ်မျိုး၊ ကဗျာလေးများကို အမူအရာ များနှင့်တစ်သွယ် သင်ကြားပေးနေကြ သည့် ဆရာဆရာမများကို ချီးကျူးလေးစားရပါတယ်။ ယနေ့ခေတ် လူငယ်တို့ရဲ့ ဝတ်စားဆင်ယင်မှုကအစ အနေအထိုင်အပြောအဆိုတို့ဟာ မြန်မာ့ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာတရားတော်များနှင့် ဆန့်ကျင်ဘက်သို့ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြောင်းလဲ သွားတာကို အံ့သြခြင်း ကြီးစွာခံစားနေရင်းနဲ့ပဲ နည်းပညာတွေတိုးတက်လာမှုကို ကြိုဆိုခြင်းက တစ်ပိုင်း၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတာကို ပျောက်ကွယ်သွားမှာ စိုးရိမ်တာကတစ်ပိုင်းပါ။ ဒါကြောင့် ဓမ္မကျောင်းတော်ကြီးတွေ၊ ယဉ်ကျေး လိမ္မာသင်တန်းတွေ ဖွင့်ပေးခဲ့ကြခြင်းဟာ လူငယ်များရဲ့ အနာဂတ်အတွက် အချိန်မနှောင်းသေးပါဘူး။ နောက်မကျသေးပါဘူး။ ဓမ္မကျောင်းတော် ကြီးမှာ သင်ကြားပေးနေတဲ့ ယဉ်ကျေးလိမ္မာသင်ခန်းစာတွေကို နောက် တစ်ပတ်မှာ ရေးသားပါဦးမယ်ရှင်။ အခုတစ်ပတ်မှာတော့ ''ပါဝင် ဆင်နွှဲကြပါစို့''ကဗျာလေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
''တို့နယ်တစ်ခွင်မှာ သင်တန်းဖွင့်တာ ပျော်ရွှင်စရာ... အသီး အပွင့်လေးတွေ ပျော်မြူးကြတာ.. .ကြည်လင်စရာ...အိုး စိတ်ချမ်းသာ ကိုယ်ချမ်းသာ...သင်တန်းမှာ ပါဝင်ဆင်နွှဲမှာ...'''

မြစံပယ်
The Union Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here