အင်းလေးကန်ကို တိမ်ကောသွားစေနိုင်သည့် ဗေဒါပင်ပွားများမှုကို ဗေဒါပိုး(ဗေဒါကိုဖျက်ဆီးသောပိုး) တင်သွင်း၍ ထိန်းချုပ်နိုင်ရန် ညှိနှိုင်းဆောင် ရွက်နေကြောင်း အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။
အင်းလေးကန်တွင် ပွားများ နေသော ဗေဒါများကြောင့် ကျွန်း မျောများ ပိုမိုဖြစ်ပေါ်လာကာ အင်းလေးကန်ရေပြင် ကျဉ်းလာခဲ့သည်။ ဗေဒါထိန်းချုပ်ရာတွင် ဗေဒါကိုနိုင် သော ပိုးတစ်မျိုးဖြင့် ထိန်းချုပ်ခြင်း၊ ဓာတုဗေဒသုံးကာ ထိန်းချုပ်ခြင်း၊ လူအင်အားဖြင့် ထိန်းချုပ်ခြင်း သုံးမျိုးရှိပြီး ဗေဒါပိုးအသုံးပြုခြင်းသည် ကျန်နှစ်မျိုးထက် အချိန်ကုန် သက်သာပြီး ကုန်ကျစရိတ်သက်သာခြင်း များရှိကြောင်း နိုင်ငံတကာဖွံ့ဖြိုး ရေးသိပ္ပံအဖွဲ့မှပညာရှင် Dr. Anne Jensen က ပြောသည်။
အဆိုပါ ဗေဒါပိုးသည် ဗေဒါတစ်မျိုးတည်းကိုသာ စားသုံးပြီး ဗေဒါပင်စည်အတွင်း၌ မျိုးပွားခြင်းကြောင့် ဗေဒါများပါက ပိုးများပြီး ဗေဒါနည်းလာသည်နှင့် အလျောက် ပိုးကောင်ရေ လျော့နည်းလာမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။
လက်ရှိ အင်းလေးကန်တွင် ပွားများနေသော ဗေဒါများကို အဆိုပါပိုးဖြင့် ထိန်းချုပ်မည်ဆိုပါက သုံးနှစ်အတွင်း ၈ဝ ရာခိုင်နှုန်း ကျဆင်းသွားမည်ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။
အင်းဒေသခံ လယ်သမားများသည် ရေခြံစိုက်ပျိုးရေးတွင် ဓာတ် မြေသြဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံ အသုံးပြုခြင်းကြောင့် ရေသို့ကျရောက်လာသည့် ဓာတ် မြေသြဇာ၊ ပိုးသတ်ဆေးများသည် ဗေဒါပွားများမှုကို တွန်းအားတစ်ရပ် ဖြစ်ပေါ်စေကြောင်း သိရသည်။
ထို့ကြောင့် ဗေဒါထိန်းချုပ်ရေး ပြုလုပ်နေချိန်နှင့် တစ်ပြိုင်နက် အင်းလေးရေခြံ လယ်သမားများကို ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ စနစ်တကျသုံးစွဲနိုင်ရန် ပညာပေး ခြင်း၊ နည်းပညာပေးခြင်းများ ဆောင်ရွက်ရမည်ဟု Dr. Anne Jensen က ပြောသည်။
ယင်းဗေဒါပိုးကို အသုံးပြုမည်ဆိုပါက ပြည်ပမှ ဗေဒါပိုး တင်သွင်းလာရမည် ဖြစ်ပြီး အစိုးရ၏ ခွင့်ပြုချက် လိုအပ်ကြောင်း၊ ဗေဒါပိုးသည် တောင်အမေရိကတိုက်ရှိ ပိုးမျိုးစိတ် ဖြစ်ပြီး ယင်းပိုးဖြင့် ဗေဒါထိန်းချုပ် မှုကို ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီး ရှား၊ သြစတြေးလျ၊ နယူးဂီနီ၊ ဖ လော်ရီဒါ၊ ကင်ညာ၊ ယူဂန်ဒါနှင့် တန်ဇန်းနီးယား နိုင်ငံများတွင် အောင်မြင်ခဲ့ပြီးဖြစ်ကြောင်း ¤င်း ထံမှ သိရသည်။
ထိုသို့ ဗေဒါပိုးအသုံးပြုရန် ကိစ္စနှင့်ပတ်သက်၍ ပတ် ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန လေ့ကျင့်ရေးနှင့် သု တေသနဖွံ့ ဖြိုးရေးဌာနမှ ညွှန်ကြား ရေးမှူး ဦးမောင်မောင်သန်းက ယင်းပိုးသည် ဗေဒါတစ် မျိုးတည်း ကိုသာ စားသောက်မှု သေချာစေ ရန်စမ်းသပ်ခြင်း၊ မျိုးပွားမှုနှုန်းနှင့် အခြားသီးနှံများ ပျက်စီးမှုမရှိစေ ရန် စိစစ်ပြီးမှသာ အသုံးပြုခွင့်စဉ်း စားသင့်ကြောင်း ပြောသည်။
ထို့အပြင် အင်းစာပေ ယဉ် ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေး အသင်း မှ စိုက်ပျိုးရေး ပညာရှင်ဦးသာဒိုးက အဆိုပါဗေဒါပိုးသည် လက်ရှိ အင်း လေးတွင် သီးနှံများဖျက်ဆီးနေ သောခရုနီကဲ့သို့ ပွားများလာမည်ကို စိုးရိမ်ရပြီး အဆိုပါပိုးကို ကန့်သတ် စမ်းသပ်နယ်မြေတွင် သုံးစွဲအောင် မြင်မှသာ အသုံးပြုမည်ဆိုလျှင် ပိုမို ကောင်းမွန်မည်ဟု ဆိုသည်။
လက်ရှိတွင် အင်းလေးကန် ရေပြင်၌ဗေဒါပင်ပွားများမှုသည်ရေ ပြင်ကျဉ်းမြောင်းလာခြင်း၏ အဓိက အကြောင်းရင်းတစ်ချက် ဖြစ်နေ ရကြောင်း သိရသည်။

POPULARMYANMAR.COM