Wednesday, January 23, 2013

ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ဆဌမနေ

0 comments


ယနေ့ကျင်းပည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ဆဋ္ဌမနေ့အစီအစဉ်တွင် အောက်ပါမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။ (က) ဦးသိန်းညွှန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်၏ စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အကြောင်းအရာ(၃) ခုနှင့် စပ်လျဉ်းသည့် မေးခွန်း။ (ခ) ဦးရဲထွန်း၊ သီပေါမဲဆန္ဒနယ်၏ လာမည့် ဘတ်ဂျက်နှစ်တွင် ၀န်ထမ်းများအား လစာတိုးပေးမည်ဟု ကတိပေးထားပြီးဖြစ်ရာ လစာတိုးပေးပြီးနောက် ငွေကြေးဖောင်းပွမှု မဖြစ်စေရန် မည်သည့် အစီအမံများ ချထားဆောင်ရွက်နေသည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဂ) ဦးစိုင်းဘိုးအောင်၊ မူဆယ် မဲဆန္ဒနယ်၏ မြန်မာနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များက ပညာရေးဆိုင်ရာ ချေးငွေများနှင့် ကျောင်းသားချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးမည့် အစီအစဉ် ရှိ။မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဃ) ဒေါက်တာတင်မောင်ကြိုင်၊ ကြံခင်းမဲဆန္ဒနယ်၏ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ သာမန်အသုံးစရိတ်များ ခွဲဝေချထားရာတွင် ခေတ်ကာလနှင့် လျော်ညီသော အသုံးစရိတ်များ ခွဲဝေချထားပေးရန် အစီအစဉ် ရှိ။မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ (င) ဦးမင်းဆွေ၊ ဒိုက်ဦး မဲဆန္ဒနယ်၏ ပြည်တွင်း ကြွေးမှီပေးဆပ်ရေးအတွက် မည်သို့ စီမံဆောင်ရွက်နေကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။ (စ) ဒေါ်နန်းဝါနု၊ ကွန်ဟိန်း မဲဆန္ဒနယ်၏ ကွန်ဟိန်းမြို့နယ်၊ မြို့နယ် စီမံကိန်း ရေးဆွဲရေးရုံး ဆောက်လုပ်ရန် အစီအစဉ် ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဆ) ဦးမြင့်စိုး၊ ပျော်ဘွယ် မဲဆန္ဒနယ်၏ ပြည်သူ့ဝန်ထမ်းများအား ယနေ့ခေတ်နှင့် လျော်ညီသော ထိုက်တန်သည့် ရာထူး အဆင့်အတန်းအလိုက် ၀န်ထမ်းခံစားခွင့်များ စီစဉ်ပေးရန် အစီအစဉ် ရှိ။မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဇ) ဦးခင်မောင်ရွှေ၊ တမူး မဲဆန္ဒနယ်၏ စော်ဘွားအင်း ရေနုတ်မြောင်း တူးဖော်ရေးနှင့် ရေကာကျောက်စီနံရံ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ။မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဈ) ဒေါက်တာစိုးရင်၊ ကမာရွတ် မဲဆန္ဒနယ်၏ လှည်းတန်း ပေ ၅၀ လမ်းပေါ်ရှိ ပြန်ကျဈေးသည်များအား စနစ်တကျ နေရာချပေးရန်နှင့် လှည်းတန်းဈေးသစ်ကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ ဥပဓိရုပ်သန့်ရှင်းမှု ရှိအောင် ပြုပြင်ရန် အစီအစဉ် ရှိ။မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ (ည) ဒေါက်တာသန်းဝင်း၊ မြောက်ဥက္ကလာပ မဲဆန္ဒနယ်၏ သမ္မတရုံး ၀န်ကြီးဌာန(၁)နှင့် သက်ဆိုင်သည့် အကြောင်းအရာ ၄ ခုနှင့် စပ်လျဉ်းသည့် မေးခွန်း။ ၆။ ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က “ ပြည်သူများ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန် မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ ကျမ်းသစ္စာကျိန်ဆိုရေး ” အဆို တင်သွင်းခြင်း။ ၇။ အဆိုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။ ၈။ ဦးသိန်းညွှန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်က “ပြည်ထာင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို တင်သွင်းခြင်း။ ၉။ “ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစားကို ဥပဒေကြမ်း ကော်မတီက ဖတ်ကြားရှင်းလင်းခြင်း။ ၁၀။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက “ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ” ကို လွှတ်တော်က ဆွေးနွေးစဉ်းစားရန် ဖြစ်ကြောင်းနှင့် ဥပဒေကြမ်းကို ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်မည်ဖြစ်သည်။
 eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here