Thursday, January 24, 2013

အသက်အငယ်ဆုံး ခွဲစိတ်ကုသမှုခံယူခဲ့သူ

0 comments
ဇန်န၀ါရီ(၂၄)

Photo: အသက်အငယ်ဆုံး ခွဲစိတ်ကုသမှုခံယူခဲ့သူ

Trinyခေါ်တဲ့ မိန်းကလေးဟာ Fibrous dysplasia ခေါ်ဆိုးရွားတဲ့ အရိုးရောဂါတစ်မျိုးကို ခံစားနေရပါတယ်။ အဲဒီဝေဒနာကြောင့် မျက်နှာပေါ်မှာ ဘောလုံးအရွယ် အကျိတ်ကြီး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ကင်ဆာ အကျိတ် မဟုတ်ပေမယ့် ကြီးထွားမှု မြန်ဆန်တာကြောင့် မျက်လုံးအတွင်း ရောင်ရမ်းလာကာ အမြင်အာရုံဆုံးရှုံးသလို ဖြစ်နေပြီး သွားတွေဟာလည်း တခြားဘက်ကို တွန်းထုတ်ခံနေရတယ်လို့ ဆိုပါတယ်။ သူမရဲ့ အသက်လေး နှစ်ခွဲအရွယ်မှာ စတင်ဖြစ်ပေါ်ခဲ့တာကြောင့် အကျိတ်ကို ဖယ်ရှားဖို့ သူမနေထိုင်ရာ အာဂျန်တာနိုင်ငံမှာ ခွဲစိတ်ကုသမှု နှစ်ခါခံယူခဲ့ရပါတယ်။ ဒါပေမဲ့အဲဒီအကျိတ်ဟာ အလျင်အမြန် ပြန်လည်ကြီးထွားလာပြီး အလေးချိန်အားဖြင့် ၄ဒသမ၄ပေါင် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူမကို လန်ဒန်ဆေးရုံ၌ ကမ္ဘာပေါ်ရှိ အတော်ဆုံးခွဲစိတ် ဆရာဝန်တခိျု့က နောက်ဆုံးပေါ် နည်းလမ်းတွေကို အသုံးပြုကာ အကျိတ်ကို ဖယ်ရှားပေးခဲ့ပါတယ်။ ခွဲစိတ်ချိန်ဟာ ၁၅နာရီခန့် ကြာမြင့်ပြီး ထရင်နီရဲ့ ရောဂါပံျ့နေတဲ့ အရိုးတစ်သျှူးတွေ အကုန်လုံးကို ဖယ်ရှားပေးနိုင်ကာ သူမကိုအမြင် အာရုံပြန်ရစေနိုင်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့မိခင်အပါအ၀င် သူမအတွက် ခရီးစရိတ်နဲ့ ကျန်းမာရေးအတွက် ကုန်ကျစရိတ်အား လုံးကို FacingtheWorld အဖွဲ့မှ တာဝန်ယူပေး ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ဟာ နှစ်စဉ်နှစ် တိုင်း မျက်နှာပုံပျက်ပန်း ပျက်နေတဲ့ ကလေးငယ် ရှစ်ယောက်ခန့်ကို ကူညီပေးတယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ကို ဦးခေါင်းနဲ့ မျက်နှာခွဲစိတ်ဆရာဝန် Kellyနဲ့ WaterHouseက ၂၀၀၂ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

 ပြည်မြန်မာ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here