Thursday, January 24, 2013

ဆိုင်ကယ်ဖြင့်အလစ်သုတ်နှိုက်ယူမှုတရားခံမိပြီ။

0 comments
ဇန်န၀ါရီ(၂၄)

Photo: ဆိုင်ကယ်ဖြင့်အလစ်သုတ်နှိုက်ယူမှုတရားခံမိပြီ။

လားရှိုး၊ ဇန်နဝါရီ၊ ၂၃။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇန်နဝါရီလ ၂၁ရက်နေ့၌ ဆိုင်ကယ်ဖြင့် အလစ်သုတ်နှိုက်ယူမှု အမှူတစ်ခု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၁)ရဲစခန်းမှူးက ပြောကြားသည်။

ဒေါက်တာကျော်စိုး ဆေးခန်းမှ သူနာပြုဆရာမ မအေပရယ်စိမ်းသည် အလုပ်နားချိန်၌ ရပ်ကွက်(၁) ရှိ မိမိနေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာရာ
ပြည်ထောင်စုလမ်းမကြီး ၊ မဆရ(၁၀) တပ်ဝင်းအနီးအရောက် အနောက်မှ ဆိုင်ကယ်ဖြင့် လူငယ်နှစ်ဦး လိုက်လာပြီး မအေပရယ်စိမ်း၏ အနွေးထည်အင်္ကျီဝဲဘက် အိတ်အတွင်းမှ ပိုက်ဆံအိတ်အား ၎င်းဆိုင်ကယ်သမားလူငယ်နှစ်ဦးက နှိုက်ယူထွက်ပြေးသွားကြောင်း သိရသည်။

မအေပရယ်စိမ်းသည်နီးစပ်ရာ အမှတ်(၁) ရဲစခန်းသို့ အမှုဖွင့်
တိုင်ကြားခဲ့ရာ အမှတ်(၁)ရဲစခန်းမှူးက ၎င်းအအမှုတိုင်ကြားချက်အား ချက်ခြင်းကြီးကြပ်ဆောင်ရွက်၍ ရဲတပ်ဖွဲ့ဝင်များအား လမ်းဆုံ၊ လမ်းခွ ယာဉ်ကြောပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်း များပြုလုပ်စေခဲ့သည်။

ရပ်ကွက်(၁)ဗျူဟာလမ်းထိပ်တွင် အမှတ်(၅)ရဲကင်းမှူး ဒုရဲအုပ်ထွန်းထွန်း ဦးစီးအဖွဲ့မှ မသင်္ကာဖွယ် ဆိုင်ကယ်စီင်္းနင်းလာသူနှစ်ဦးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ရပ်တန့်ပေးခြင်းမရှိဘဲ
မောင်းနှင်ထွက်ပြေး၍ နောက်မှလိုက်လံဖမ်းဆီးရာ ဗျူဟာလမ်းဆုံးအရောက် (ရမခ တိုင်းဝင်း) အုတ်တံတိုင်းတွင် ဆိုင်ကယ်ရပ်ခဲ့ပြီး ၎င်းလူငယ်(၂)ဦးမှာ အုတ်တံတိုင်းကျော်၍ ထွက်ပြေးသွားခဲ့သည်။ ကျန်ရစ်ခဲ့သည့်ဆိုင်ကယ်၏ toolbox အတွင်းမှ ဆိုင်ကယ်မှတ်ပုံတင် သက်သေခံ လက်မှတ်အားရှာဖွေတွေ့ရှိခဲ့၍ ရှာဖွေစုံစမ်းမှုပြုလုပ်ပြီး ၎င်းတရားခံ (၂)ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

၎င်းတရားခံ(၂)ဦး၏အမည်မှာ- နေထက်ဦး(ခ)အားလျှံ
အသက်(၁၈)နှစ်၊ နှင့် ၀မ်ထမ်းချီ(ခ)အားထင် အသက်(၁၈)နှစ် ဖြစ်ပြီး ရပ်ကွက်(၇)နယ်မြေ(၆)တွင်နေထိုင်သူများဖြစ်ကြသည်။

ဖမ်းဆီးရှာဖွေရာ အမှုမှ သက်သေခံပစ္စည်းဖြစ်သော အ၀ါရောင်ပိုက်ဆံအိတ်(၁)လုံး၊ ငွေကျပ်(၉)သောင်း၊
မအေပရယ်စိမ်း၏ နိုင်ငံသားစစ်ဆေးရေးကဒ် နှင့် ယာဉ်မောင်းလိုင်စင်တို့အား တွေ့ရှိသိမ်းဆည်းခဲ့သည်ဟုသိရသည်။ ယင်းနောက် ရဲစခန်းမှ ၎င်းတရားခံ(၂)ဦးအား အလစ်နှိုက်ယူမှု
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ(၃၇၉) ဖြင့်အမှုဖွင့် အရေးယူ
ဆောင်ရွက်စေပြီး တခြားအမှုများနှင့် ဆက်စပ်ပါဝင်မှု ရှိမရှိ
ဆိုတာကိုလည်း ဆက်လက်စုံစမ်းသွားမည်ဟု အမှတ်(၁)ရဲစခန်းမှူး ရဲအုပ်မြင့်ဇော်ဦးမှ ပြောကြား၍ သိရသည်။

ကိုထွန်းထွန်း

 The Myanma Age

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here